မြန်မာဟာ တရုတ်ကို
စီးပွားရေးအရရော စစ်လက်နက်ပစ္စည်းအရပါ မီခိုနေတာဟာ အိန္ဒိယ ရေရှည် အကျိုးစီးပွားကို
ထိခိုက်စေတယ်လို့ အိန္ဒိယက တွက်ဆပါ၏ ဒါ့ကြောင့် မြန်မာနဲ့ တိုးမြှင့်ဆက်ဆံတာတွေ
လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသ တွင်း ကျယ်ပြန့်လာနေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့
စစ်ရေးသြဇာကို လျှော့ချနိုင်မယ်လို့ ယူဆထားတာဖြစ်ပါ၏။
တရုတ်ကတော့ အိန္ဒိယ
အရှေ့မျှော်မူဝါဒကို အလုပ်မဖြစ်လို့ပဲ မြင်ပါတယ် တရုတ်မီဒီယာတွေကလည်း အိန္ဒိယ အရှေ့
မျှော်ဝါဒဟာ မကြာမီ အဖျားရှူးပြီး ကျဆုံးသွားမယ့် မူဝါဒအဖြစ် ဝေဖန်ထားပါ၏ ဒီဝါဒဟာ
အိန္ဒိယက တရုတ်ကို ကြောက်
လို့ ပေါ်လာတာပါလို့ ရေးသားတာကိုလည်း တွေ့မြင်နိုင်ပါ၏။
တရုတ် ပြည်သူ့လွတ်မြောက်ရေး
တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါး ရှင်တဦးက
ဆိုပါ၏ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည် သင့်မြတ်စေချင်တဲ့ အပိုင်းတွေ
ပါဝင်တယ်လို့ ဆို ထားတာကို တွေ့မြင်ရပါ၏။
အတိတ်ကာလမှာ တရုတ်ရေတပ်ဟာ
ပစိဖိတ်သမုဒ္ဒရာထဲ လှည့်လည်သွားလာနေပေမယ့် အခုအခါမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲရှိ
မြန်မာ ပါကစ္စတန် သီရီလင်္ကာနဲ့ အီရန်နိုင်ငံတွေမှာ သူတို့ စစ်သင်္ဘောတွေ
ဆိုက်ကပ်နိုင်အောင် ရေတပ် စခန်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါ၏
အကောင်အထည်လည်း ဖေါ်နေပါ၏။
ကျောက်ဖြူ
ဆိပ်ကမ်းဆိုရင် တရုတ်စစ်သင်္ဘောတွေ တရားဝင် ဆိုက်ကပ်ခွင့်ကို ဦးသိန်းစိန်ရဲ့
တရုတ်ခရီးစဉ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးပါပြီ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို
လွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ ခြေလှမ်းတွေကို အိန္ဒိယ ကလည်း
ပြန်လည်ဟန့်တားနိုင်ဖို့ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ဖို့နဲ့ အိန္ဒိယ သင်္ဘော
တွေအတွက် ရေတပ် သုတေသနဌာနသစ်တစ်ခု တည်ဆောက်ရေး စီမံကိန်းတွေကို ဒီနှစ် ဇန်နဝါရီမှာ
စတင်အကောင်အထည် ဖေါ်နေပါပြီ။
အရှေ့မျှော်ဝါဒ
အကောင်အထည်ဖော်တဲ့အခါ တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့ ကုန်သွယ်ရေး
တိုးမြှင့်ဖို့ အိန္ဒိယ ကြိုးပမ်းတာပါ ဒေသတွင်း အဖွဲ့ အစည်းတွေမှာလည်း အိန္ဒိယဟာ
ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင် လာတာ တွေ့လာရပါ၏။
ဘင်္ဂလာဒေ့ခ်ျ မြန်မာ အိန္ဒိယ
သီရိလင်္ကာ ထိုင်း ဘူတန်နဲ့ နီပေါ ပါဝင်တဲ့ BIMSTEC
ဗီယက်နမ် လာအို ကမ္ဘာဒီးယား ထိုင်း အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ဦးဆောင်ဦးရွက် ပူးပေါင်းဆောင် ရွက်နေသလို
အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး အာရှပစိဖိတ်
စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC မှာ အဖွဲ့ဝင်ဖြစ်ရေး စတဲ့ ဒေသတွင်း
နိုင်ငံတကာမှာပါ တဖြည်းဖြည်း ခြေဆန့်ဖို့ ကြိုးပမ်းနေပါ၏။
အိန္ဒိယသည် မြန်မာပြည်အပေါ်
တခြား အိမ်နီးခြင်းနိုင်ငံတွေလောက် စီပွားရေးနဲ့ လက်ဝါးကြီးအုပ်ခြင်တဲ့
ဆန္ဒမျိုးလည်း မတွေ့ရပါ လူမျိုးမြိုပြီး နယ်ချဲ့ခြင်တဲ့ အကျင့်ဆိုးမျိုးလည်း
မတွေ့ရပါ သူနိုင်ငံရဲ့ စီပွားရေးထွက်ပေါက်ကိုကြည့်ပြီး မြန်မာနိုင်ငံ နှင့်
အပြန်အလှန် ဆက်ဆံနေတာကို တွေ့မြင်ရပါ၏ မြန်မာနိုင်ငံသို့လည်း အကူအညီများ
ပေးကမ်းလာတာတွေ့ရ၏ ဘာ ပြောပြော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပေါ် မဆိုးလှပါဟုသာ
ပြောရမည်ဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment