အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, December 10, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၈၄)





     လာရှိုးအရေးအခင်း
     ဥက္ကံ အရေးအခင်းဖြစ်ပြီးလို့ တလအကြာ မေလ ၂၈-ရက်တွင် လားရှိုးအရေးအခင်း စတင်ဖြစ်လာ၏ ရခိုင်အရေးအခင်း ဖြစ်ပြီးလို့ တနှစ်တိတိပြည့်သောနေ့မှာဖြစ်၏ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို မူစလင်ဘာသာဝင် အမျိုးသားတ ယောက်မှ ဓါတ်ဆီလောင်ပြီး မီးရှို့ခဲ့ခြင်းဖြစ်၏ လူမှုရေးကိစ္စတွေ ဘယ်လိုရှိသည်မသိ ဘာသာရေးအသွင်ဆောင်သွားကာ မီးရှိုမှုတွေ တသီတတန်းကြီး ဖြစ်သွား၏ ဘာသာဝင်နှစ်ဖက်လုံး ဒုက္ခတွေနဲ့ ကြုံတွေ့ရပါတော့၏။
     ဤသတင်းကို မလေးရှားတီဗွီတွေမှာ ထပ်တလဲလဲ ပြနေတာ တွေ့မြင်ရ၏ မကြာပါချေ မလေးရှားရောက် ဘင်္ဂလီတွေ ကြီးစိုးနေသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာလာရန်း ဈေးဟောင်းနှင့် ဈေးသစ်မှာ ၂၉-၃၀-၃၁-ရက်ညတွေမှာ တော့ မြန်မာတွေ နေတဲ့အိမ်ပေါ်အထိ တက်လာပြီး အတင်းစွဲချ ဓါးနဲ့ ခုတ်သတ်တဲ့ အထိ ကြမ်းတမ်းလာပါ၏ သူတို့ ဘင်္ဂလီတွေ ကြီးစိုးတဲ့ နယ်မြေဆိုတော့ မြန်မာတွေ အခံဘက်ကဘဲဖြစ်နေ၏။
     ဆာလရမ်းဈေးကြီးတွင် ဘင်္ဂလီတွေက ၇၀၀၀-ထောင်ကျော်ရှိပြီး မြန်မာတိုင်းရင်ရင်းသားတွေက ၁၀၀-ရာကျော်ကျော် ဘဲရှိတာဆိုတော့ အုပ်စုနဲ့ဝိုင်းပြီး အနိုင်ကျင့်တာဖြစ်၏ ဆာလရမ်းနယ်မြေရောက် မြန်မာတိုင်းရင်းသားတွေလည်း ဓါးနဲ့ အခုတ်ခံရသူတွေ အထိုးခံရသူတွေ ချောင်းအရိုက်ခံရသူတွေ သတင်းကတော့ နေ့စဉ်ရက်ဆက်ကြားနေရပါ၏ ဆာလရမ်း ရောက် မြန်မာတွေလည်း နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းဖြစ်တဲ့ ကပ်ပုန်းကျောင်းသို့ သွားရောက်ခိုလှုံကြ၏။
       ကပ်ပုန်းဘုန်းကြီးကျောင်းကိုလည်း ဘင်္ဂလီတွေက မီးရှို့မည်ဟု ချိန်းခြောက်တာတွေ့ရ၏ မလေးရှားအစိုးရမှ လုံခြုံရေး
ချပေးထားရ၏ ပီနန် မြန်မာကျောင်းသည် မလေးရှားတွင် နှစ်ပေါင်း(၂၀၀)ပြည့်ပြီးသော မြန်မာဆရာတော်တွေ ဆက်လက် အုပ်ချုပ်နေသော ထင်ရှားသော ကျောင်းတိုက်ကြီးဖြစ်၏ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ဆိုလျှင် တကမ္ဘာလုံးကသိကြ၏ ထိုကျောင်းတိုက်ကို တယ်လီဖုံးနဲ့ ချိန်းခြောက်စကားတွေပြောဆိုလာ၏ ဘုန်းကြီးတွေ ထမင်းဝအောင်စားထား မင်းတို့ကို သတ်မယ်လို့ ပြောဆိုခြင်းသည် မလေးရှားရောက် မြန်မာဘုန်းကြီး အားလုံးကို ပြောဆိုလိုက်ခြင်းဖြစ်၏။
       ဘုန်းကြီးတို့ ကွာလာလမ်ပူနေသော မြန်မာဘုန်းကြီးတွေလည်း သတိဝိရိယနဲ့ နေထိုင်ကြရပါ၏ ဘုန်းကြီးကျောင်းတွင် မေ-၂၉-ရက်နေ့က ပူချုန်း ၁၄-မိုင် ရွှေပြုံးမြန်မာဆိုင်မှ ရှင်ပြုပွဲကျင်းပ၏ မလေးရှားတရုတ်နှင့် မြန်မာတရုတ်တို့မှ မွေးဖွား လာသော မလေးမြန်မာ ကပြားလေးများဖြစ်၏ မြန်မာစကားကိုလည်း ထိုက်သင့်သလောက်သာတတ်၏ တရုတ်စကားသာ ပိုတတ်တာတွေ့ရ၏ သူတို့ရှင်ပြုပြီးနောက်တနေ့တွင် မလေးရှားမှ သတင်းဆိုးတွေကို ကြားရခြင်းဖြစ်၏။
      ဘုန်းကြီးလည်း ဘာမှနားမလယ်တဲ့ ကိုရင်လေးတွေနဲ့ဆိုတော့ စိတ်ပူရတာပေါ့လေ သတင်းတွေကလည်း အမျိုးစုံကြား နေရ၏ ကိုရင်တွေကို ပုတီးစိတ် တရားထိုင်ခိုင်ပြီး ဘုန်းကြီးကတော့ ပတ်ဝန်းကျင်ကို မပြတ်လေ့လာနေပါ၏ ဘုန်းကြီး ကျောင်းအောက်တွင် အဝေးပြေးကားဂိတ်ရှိသောကြောင့် လူကလည်းစုံလှ၏ မဲမဲမြင်လျှင် သတိထားပြီး ကြည့်နေရ၏ ဘင်္ဂလီနှင့် အိန္ဒိယကိုလည်း ဘုန်းကြီး ကွဲကွဲပြားပြား မသိတော့ မဲမဲမြင်တိုင်း လိုက်ကြည့်နေရခြင်းဖြစ်၏။
        မလေးရှားတွင် နေလာတာ (၁၀)နှစ်ခန့်ရှိပါပြီ လာရှိုးအရေးခင်းပြီးမှ ဖြစ်လာသောပြဿနာသည် မလေးရှားရောက် မြန်မာတွေ အခက်ခဲဆုံး ဖြတ်ကျော်ရခြင်းဖြစ်၏ အင်တာနက်သတင်းတွေကလည်း ဟုတ်တာလည်းရှိ၏ မဟုတ်တာတွေက လည်းများလှ၏ အပြည့်အစုံယုံလို့မရ ဒါပေမဲ့ သတင်းသိချင်လျှင် အင်တာနက်ဖေ့ဘုတ်သာ အမြန်တက်ကြည့်ရတာတော့ ၏ မရှိမကောင်း ရှိမကောင်း ဆိုသည့်အတိုင်း မရှိလျှင်လဲ ဘာသတင်းမှမသိရ ရှိပြန်တော့လည်း သတင်းမှန် သတင်းမှား တွေ မျိုးစုံကြားနေရတော့ အနီးစပ်ဆုံးနေရာကို ဖုံးဆက်ကာ သတင်းမေးပြီး မှားမှန်ကို ဆင်ခြင်သုံးသပ်ရ၏။
 


Type your summary here. Type the rest of your post here.

No comments: