အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, December 5, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်ဘ၀(၈၁)





    တပါတီ အာဏာရှင်စနစ် ကျင့်သုံးတဲ့ လာအိုအစိုးရက ပုဂ္ဂလိကပိုင် လုပ်ငန်းနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ထောက်ခံအား ပေးလို့ တိုင်းပြည်စီးပွားရေး တိုးတက်လာတာ မြန်မာအစိုးရ အားကျစရာပါ မြန်မာနဲ့လာအိုဟာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်ကြပေမယ့် လာအိုဟာ နှစ်အနည်းငယ်အတွင်း အဆင်းရဲဆုံးစာရင်းက ထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြ၏။
   လာအိုနိုင်ငံဟာ တရုတ်နဲ့ ဗိယက်နမ်ကို မှီခိုရုံတင်မကဘဲ ဂျပန်၊ ဆွီဒင်၊ ပြင်သစ်၊ သြစတေးလျ စတဲ့ ဒီမိုကရေစီနိုင်ငံတွေ ရဲ့  စီးပွားရေး အကူအညီကိုလည်း ရယူနေပါတယ် အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာဘဏ်  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့  အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့  ငွေကြေးအကူအညီလည်း ရယူနိုင်ခဲ့၏ ဒီ အဖွဲ့အစည်းနဲ့ အစိုးရတွေရဲ့  အကူအညီရဖို့ ခက်ခဲလှပါ၏ တရုတ် အကူအညီကိုတော့ ပြည်တွင်း ပြုပြင်ရေးမလုပ်ဘဲ ရယူနိုင်တာမို့ အချိန် ကြာလာတာနဲ့အမျှ တရုတ် လွှမ်းမိုးမှု ဖြစ်လာမှာတော့ သေချာပါ၏။
   လာအိုနိုင်ငံကို လွှမ်းမိုးနိုင်အောင် ထိုင်း ဗိယမ်နမ် နဲ့ တရုတ်ပြိုင်ဆိုင်ကြရာမှာ တရုတ်က အနိုင်ရမယ်ပုံ ပေါ်နေတာတွေ့ရ ၏ လာအိုနိုင်ငံမြောက်ပိုင်းမှာ တရုတ် ကုမ္မဏီကို မျက်နှာသာပေးနေတယ်လို့ ယူနန် တက္ကသိုလ်ပါမောက္ခ လူဂွမ်ရှင်းကဆိုပါ ၏ သတ္တူတူးဖော်ရေးမှာ နိုင်ငံခြားကုမ္မဏီတွေ လိုင်စင်ရဖို့ အခက်အခဲ ရှိပေမယ့် တရုတ်ဟာ သူနည်းနဲ့သူဟန်နဲ့ အလုပ်ဖြစ် နေ၏ စိုက်ပျိုးရေး ရေအားလျှပ်စစ် သတ္တုတွင်း စတာတွေမှာ တရုတ် အရင်းအနှီး တိုးပွားနေတာဟာ ထိုင်း စီးပွားရေးကြီးစိုး မှုကို တန်ပြန်တာဖြစ်တယ်လို့ ယူဆနိုင်ပါ၏။
   လာအို ကွန်မြူနစ်ဟာ အရင်က ဗီယမ်နမ်မှာ သဘောတရားသင်တန်းကျောင်း တက်ခဲ့ပေမယ့် အခုတော့ ယူနန်ပြည်နယ် ကူမင်းမှာ သင်တန်းတက်နေပါ၏ အမေရိကန်ဟာ လာအိုအစိုးရနဲ့ သဘောထားအမြင် ကွဲပြားခြားနားပေမယ့် အချို့ နေရာ တွေမှာ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါ၏ အမေရိကန်-လာအို ကုန်သွယ်ရေး ပမာဏဟာ မပြောပလောက်ပေမယ့် တိုးပွားနေတာ တွေ့မြင်နိုင်ပါ၏။
     ကရင် ကရင်နီ မွန် နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ထိုင်း-မြန်မာ နယ်စပ်မျာ လှုပ်ရှားကြသလို လာအိုနိုင်ငံက မုန်း လူမျိုး စုဟာ ထိုင်း ဒုက္ခသည်စခန်းမှာ အခြေစိုက်ပြီး လာအိုပြည်ထဲ ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့အတွက် ထိုင်းအစိုးရကို လာအိုနဲ့ မြန်မာအစိုးရက ယုံကြည်တာ မဟုတ်ပါဘူး ထိုင်း-မြန်မာ နဲ့ ထိုင်း-လာအို အစိုးရတပ်တွေ နယ်စပ်တိုက် ပွဲဖြစ်တဲ့ အစဉ်အ လာ ရှိကြပါတယ် မုန်း လူမျိုးစုကို ထိုင်းအစိုးရက လာအိုကို ပြန်ပို့သလို မြန်မာဒုက္ခသည်တွေကိုလည်း ရွေး ကောက်ပွဲပြီးရင် ပြန်ပို့ဖို့ အစီအစဉ် ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မကြာမီက ပြောဆိုသွားပါ၏ မုန်းလူမျိုးစုနဲ့ မြန်မာ လူမျိုးစု ဒုက္ခ သည်တွေကို အမေရိကန်ပြည်ထောင်စုက အများဆုံး လက်ခံထားတွေ့ရ၏။
    ပင်လယ်ထွက်ပေါက် မရှိဘဲ ကုန်းပတ်လည်ဝိုင်းနေတဲ့ လာအိုနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို မှီခိုအားထားနေရသလို အပယ်ခံ မြန်မာစစ်အစိုးရဟာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့  ကူညီထောက်ပံ့မှုကို အားကိုးနေရပါ၏  မြန်မာနဲ့ လာအိုမှာ တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဟာ အများဆုံးဖြစ်တဲ့အလျှောက် တရုတ်သြဇာ အရှိန်အဝါလည်း ကြီးမားနေတာတွေ့ရ၏ လာအိုနိုင်ငံမှာ တရုတ်-ထိုင်း နဲ့ ဗိယက်နမ်ဟာ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်ကြပါ၏ ဒါပေမဲ့ မြန်မာနဲ့လာအို ခေါင်းဆောင် ပိုင်းဟာ ထိုင်းအစိုးရကို သိပ်ပြီး အယုံအကြည်ရှိတာ မဟုတ်တဲ့အတွက် ရေရှည်မှာ တရုတ်လွှမ်းမိုးဖို့ အလားအလာတွေသာ မြင်တွေ့ရမှာ ဖြစ်ပါ၏။
    တရုတ်က အရှေ့ တောင်အာရှဒေသနဲ့ ကုန်လမ်းဆက်သွယ်ရေး တိုးချဲ့  ရာမှာ မြန်မာနဲ့ လာအိုဟာ ပေါင်းကူးတံတာဖြစ် သလို ကြားခံနယ်မြေလည်း ဖြစ်နေတာဟာ တရုတ်အကျိုးစီးပွားအတွက် အရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ မြန်မာနဲ့ လာအိုနိုင်ငံက သဘာဝသံယဇာတနဲ့ ရေအားလျှပ်စစ်ကိုလည်း အိမ်နီးချင်း ထိုင်းနဲ့တရုတ်ကပဲ ထုတ်ယူသုံးစွဲနေတာကြောင့် မြန်မာနဲ့လာအို အစိုးရဟာ အခွန်ကောက်ယူပြီး အာဏာတည်မြဲရေးအတွက်သာ ဆက်လက် ကြိုးပမ်းဖွယ် ရှိပါ၏။   
 


Type your summary here. Type the rest of your post here.

No comments: