ဇွန်လ ၂-ရက်
ဇွန်လ ၂-ရက်နေ့မှာလည်း သတင်းဆိုးတွေ ဆက်တိုက်
ကြားနေရပြန်၏ မလေးရှားရောက်မြန်မာတွေလည်း အိမ်ထဲမှ အိမ်ပြင်မထွက်ရဲတဲ့အဆင့်သို့
ရောက်ရှိလာ၏ ကိစ္စရှိလို့ အပြင်ထွက်ရင်လည်း လေးယောက်တစု ငါးယောက်တစု ထွက် နေရပါ၏
ကောလာဟာလတွေကလည်း အလွန်ကြောက်ဖို့ကောင်း၏ ဖေ့ဘုတ်သတင်းတွေက အဆိုးဆုံးဖြစ်ခဲ့၏
ထိုဖေ့ ဘုတ်ကြောင့်လည်း မထွက်ရဲတဲ့သူ အများစုဖြစ်နေ၏။
ထိုနေ့တွင်
ဘုန်းကြီးကျောင်း၌ ၂၉-ရက်နေ့ရှင်ပြုခဲ့သော ရွှေပြုံးဆိုင်မှ တရုတ်ကိုရင်လေးများ
လူထွက်မည့်ရက်မို့ ဆွမ်း ကပ်လှူကြ၏ ကျောင်းအတွက် အဲယားကွန်းနှင့် အသုံးအဆောင်ပစ္စည်းတွေလည်း
စုပေါင်းလှူကြ၏ နေ့တိုင်းကပ်နေသော
ဆွမ်းအလှူတွေကို နောက်ဆုံးရက်မှသာ အနုမောတရားဟောကြားရ၏ အခက်ခဲဆုံးရက်တွေမှာ
ကိုရင် ပညာ ကိုရင်ဝဏ္ဏ နှင့် ကပ္ပိယ ရည်မွန်တို့နှင့် ဖြတ်သမ်းခဲ့ရတာကို အမှတ်ရနေမိ၏။
မြန်မာပြည် ရန်ကုန်
ဖိုးစိန်လမ်းမှ ဒေါ်မြင့်မြင့်စိုး ဖုံးဆက်လာ၏ မလေးရှား အခြေအနေမေးမြန်း၏
ပြဿနာဖြစ်နေသော ဆာလာရန်းဈေးကြီးနှင့်
ဘုန်းကြီးနေသော ပူချုန်းသည် တောင်နဲ့မြောက်လိုဝေး၏ အစဉ်မပြေရင်
ရန်ကုန်ပြန်လာမည်ဖြစ် ကြောင်း အကြောင်းထူးရင် ဖုံးဆက်မည်ဖြစ်ကြောင်း
ပြန်ပြောလိုက်ရ၏ မြန်မာပြည်မှ ဒကာဒကာမတွေလည်း ဘုန်းကြီးကို စိတ်ပူကြ၏
မြန်မာပြည်ပြန်လာရန် လျှောက်ထားကြ၏။
ဘုန်းကြီးကျောင်းနားရှိ
ဒကာချစ်စန်းမောင်တို့ အဖွဲ့လည်း
ဘုန်းကြီးကို စိတ်မချဟုဆိုကာ သူငယ်ချင်းတွေနှင့် ကျောင်း လာအိပ်ကြ၏
ကိုရင်တွေလူထွက်လို့ အိမ်ပြန်သွားပေမဲ့ ဒကာချစ်စန်းမောင် ဒကာနိုင်ဝင်တို့ ကျောင်းလာအိပ်ပေးတော့
ဘုန်းကြီးလည်း သူတို့အားကိုးတခုနဲ့ စိတ်ချစွာ အိပ်လို့ရတာပေါ့လေ သို့သော်လည်း
သတိဝိရိရရှိစွာနဲ့ အိပ်၇တာပါ ဘယ် အချိန် ပြဿနာဖြစ်လာမလည်းဆိုတာလည်း
စိုးရိမ်ပူပန်မှုတွေ များစွာနဲ့ တရေးနိုးတိုင်း အခြေအနေထကြည့်ရပါ၏။
ထိုဇွန်လ ၂-ရက်နေ့တွင် ရန်ကုန်တိုင်း ထန်တပင်မြို့နယ်သား
မောင်ဇော်ဝင်းထိုက်သည် မလေးရှားနိုင်ငံ အီပို့မြို့Feti Pear တွင်
ငါးမွေးမြူရေးကန်၌ အလုပ်လုပ်၏ ထိုနေ့တွင် သူငယ်ခြင်းတဦးနှင့် အတူအိမ်နေစဉ်
အမည်မသိလူတစု ရောက် ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား၏ နောက်တနေ့တွင်
၎င်းတို့နေထိုင်ရာ အနီးနားရှိ သစ်ပင်တပင်အောက်
တွင် လည်လှီးပြီး သတ်ထားတာကို တွေ့ရှိရ၏ အမည်မသိ
သူငယ်ချင်းတဦးမှာလည်း ပြောက်ဆုံးနေ၏။
သူတို့သူဋ္ဌေး ပြောစကားအရ
ပြောက်ဆုံးသူမှာ နောက်ကြောဘက်တွင် သိန်းငှက်ရုပ်ထိုးထားသည်ဟုဆို၏ အဖ ဦးကျော် သန်း
အမိဒေါ်တင်နွဲ့တို့သား သေးဆုံးသူ ထန်းတပင်သားလေး မောင်ဇော်ဝင်းထိုက်၏
အလောင်းကိုတော့ ကပ်ပုန်းနာရေး ကူညီမှုအသင်မှ ဦးဆောင်၍ ၂၂-၆-၂၀၁၃-ရက်တွင်
ထိုင်းလေယဉ် TG 303 ဖလိုက်ဖြင့် ရန်ကုန်သို့ ရောက်အောင်ပို့ပေးပြီ ရန်ကုန်နာရေး
ကူညီမှုအသင်း အစီစဉ်ဖြင့် ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်တွင် မီးသင်္ဂြိုလ်ပေးခဲ့ပါ၏။
ဇွန်လ ၃-ရက်
ဇွန်လ ၃-ရက်နေ့သို့
ရောက်ရှိခဲ့ပြန်ပြီ မလေးရှားရောက်ရွှေမြန်မာတွေ၏ ကြမ်းတမ်းခက်ခဲသော
အမင်္ဂလာရက်တွေဖြစ်၏ ထိုဇွန်လ ၃-ရက်လည်း တရက်အပါအ၀င်ဖြစ်၏ ဇွန် ၃ ရက် နံနက် ၁
နာရီခန့်တွင် ကမ်ပုံဘာရူး အမ်ဘန်းရပ်ကွက် ကားရေ ဆေး အလုပ်ရုံတွင် မြန်မာ
အလုပ်သမားများ အိပ်ပျော်နေစဉ် အကြမ်းဖက်သမား ၁ဝဦးက ကားနှစ်စီးဖြင့်
ရောက်ရှိလာပြီး ၀ိုင်းဝန်းတိုက်ခိုက်ခဲ့မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး
မြောက်ဥက္ကလာပ မြို့နယ်နေ မောင်ဝင်းလှိုင်ဆိုသူ သေဆုံးကာ နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ပါ၏။
ထိုမြောက်ဥက္ကလာသား
ကိုဝင်းလှိုင် (၃၄)နှစ်၏ ရုပ်ကလပ်ကို ချရပ်ဆေးရုံကြီး အအေးခန်းတွင် ထားရှိခဲ့ရာ
အအေးခန်း မကောင်းသဖြင့် ရုပ်အလောင်း ပျက်စီးလာသောကြောင့် တာဝန်ရှိ ရဲများမှ
အလုပ်ရှင်သူဋ္ဌေးအား ခေါ်ယူကာ မီးသဂြိုလ်ရန် အကြောင်းကြားလာပါ၏
အလုပ်ရှင်သူဋ္ဌေးမှကပ်ပုန်းနာရေးကူညီမှုအသင်းသို့ ဆက်သွယ်အကူအညီတောင်းခဲ့သောကြောင့်
၁၁-၆-၂၀၁၃-ရက်နေ့တွင် ချရပ်ဆေးရုံကြီးမှ ချရပ်သုဿာန်သို့
ကပ်ပုန်းနာရေးကူညီမှုအသင်းမှ သဂြိုလ်ပေးခဲ့ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment