အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, October 14, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၂)



  အမေဆိုတာ လူ့သမိုင်းမှာ တုနှိုင်းလို့မရသော ပြယုဂ်တခုဖြစ်၏။ အမေ့ကမ္ဘာဆိုတာ တုနှိုင်းလို့ မရနိုင်လောက် အောင် ကျယ်ပြန့် ကျယ်ဝန်းလှ၏။ အမေဆိုတာ   ဘယ်သောအခါမှ အမှတ်တမဲ့ မထားကောင်း၊  အမေဆိုတာ ဘယ်သောအခါမှ သံယောဇဉ် မဖြတ်ကောင်း၊ အမေဆိုတာ ဘယ်လူသားမှ မမေ့အပ်သော၊  မြတ်နိုးအပ်သော၊ ဦးထိပ်ထားသင့်သော၊ တန်ဘိုး ထားသင့်သော၊ လေးစားသင့်သော၊ ပူဇော်သင့်သော၊ အမေဖြစ်၏။
    အမေ့ မေတ္တာကို၊ မြင်းမိုရ်တောင်နှင့် နှိုင်းယှဉ်ခဲ့သော်၊ အမေ့မေတ္တာကို၊ မဟာသမုဒ္ဒရာနှင့် နှိုင်းယှဉ်ခဲ့သော်၊ အမေ့မေတ္တာကို၊မဟာပထ၀ီမြေကြီးနှင့် နှိုင်ယှဉ်ခဲ့သော်၊ အမေ့မေတ္တာကို နှိုင်ယှဉ်လာသော အရာအားလုံးသည်၊ အလိုလိုသိမ်ငယ်လာပြီး၊ အမေ့မေတ္တာနှင့် နှိုင်းယှဉ်လျှင်၊အမေ့မေတ္တာကို မနှိုင်းရဲကြောင်း၊အမေ့မေတ္တာကိုမယှဉ် ရဲကြောင်း၊ အမေ့ မေတ္တာကို၊ လွန်စွာမှ လေးစားတန်ဖိုးထားကြောင်း၊ ပြောဆိုကာ အရှုံးပေးရမှာသေချာပါ၏။
  သုံးလောက ထွဋ်ထား ရှင်တော်မြတ်ဘုရားကြီး၏။ ရွှေနှုတ်တော်မှ မိန့်ဟတော်မူသည်မှာ---ချစ်သား-ချစ်သမီး တို့ လောကတွင် ထူးခြားသည့် ပုဂ္ဂိုလ်နှစ်ဦး၏ ကျေးဇူးကို၊လူသားတို့ အလွယ်တကူဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေ အောင်ဆပ်ဖို့ မလွယ်ဘူးလို့၊ ငါဘုရားပြောချင်တယ် ထိုပုဂ္ဂိုလ်ထူး နှစ်ယောက်ဆိုတာ၊ မွေးမိခင် နှင့် ကျွေးဖခင် ကျေးဇူးရှင်နှစ်ပါးဖြစ်တယ်ဟု ဟောထားပါ၏။
    ချစ်သား ချစ်သမီးတို့ အနှစ်တရာ သက်တမ်းမှာ၊ အနှစ်တရာ အသက်ရှည်တဲ့ သားသမီးတွေက၊ ကျေးဇူးကြီး မားတဲ့ မွေးမေမေကို၊ လက်ယာပခုံး မှာတင၊် ကျေးဇူးရှင် ကျွေးဖေဖေကို၊ လက်ဝဲပခုံးပေါ်မှာတင်ပြီး၊ ရာသက်ပန် ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က ကျေးဇူးရှင် မိဘနှစ်ပါးကို၊ ရနံ့သင်းပြီး မွေးကြိုင်လှတဲ့၊ နံ့သာမျိုးစုံနဲ့ လိမ်းကြံ ပွတ်တိုက်ပေးမယ်၊  အညောင်းအညာပြေအောင် ခြေလက်တွေကိုလည်း ဆုပ်နယ်နင်းနိပ်ပေးမယ်၊ ရာသီဥတုအေးတဲ့အခါ၊ ပူတဲ့ရေနွေးနဲ့ ရေအေးကိုစပ်ပြီး ရေချိုးသန့်စင်ပေးမယ်။
         ကိုယ်လက်ပေါ့ပါး ကျန်းမာသွက်လက် လန်းဆန်းအောင်၊ လက်တွေ ချေတွေကိုလည်း၊ ကွေးချီ  ဆန့်ချီ သွက်သွက်လက်လက် လှုပ်ရှားလာအောင် လေ့ကျင့်ပေးမယ်၊သားသမီးတွေရဲ့ ပခုံးထက်မှာပဲ ကျင်ကြီးကျင်ငယ်  စွန့်ခိုင်းမယ်ဆိုရင်တောင်မှ၊ အဲဒီလို ပြုစုစောင့်ရှောက် လုပ်ကျွေးပေမဲ့၊ မွေးမိခင် ကျွေးဖခင်တို့၏ ကျေးဇူးကို၊  တုံ့ပြန်ပြီးသား  အကျေဆပ်ပြီးသား  မဖြစ်သေးပါဘူး။
     ချစ်သားချစ်သမီးတို့ လောကဥပမာတွေနဲ့ နှိုင်းယှဉ်တင်ပြရမယ်ဆိုလျှင်၊ မိဘနှစ်ပါးကို တန်ဘိုးရှိတဲ့ ရတနာ တွေ အများကြီးရှိတဲ့၊ တမြေပြင်လုံးကို အာဏာစက်ပြန့်ပြီး စိုးမိုးအုပ်ချုပ် အကြီးအကဲလုပ်နိုင်တဲ့ စကြ၀တေးမင်း  ရာထူးမှာထားပြီး၊  ကျေးဇူးဆပ်ဦးတော့၊ မွေးမိခင်နှင့်ကျွေးဖခင်တို့၏ ကျေးဇူးကို၊ ကျေအောင် ဆပ်ရာ မရောက် သေးပါဘူး။
     ချစ်သားချစ်သမီးတို့ ဒီလောက် ကျေးဇူးဆပ်ပါလျှက်သားနဲ့ ဘာဖြစ်လို့ ကျေးဇူးမကျေနိုင်ရတာလဲဆိုလျှင်၊ မိဘတွေဟာ သားသမီးတွေအပေါ် ကျေးဇူးအလွန်များလွန်းလို့ ဖြစ်၏။   သားသမီးတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ကျွေးမွေးစောင့်ရှောက်လာရတာ၊ အသက်(၂၀)၀န်းကျင်အရွယ်တိုင်အောင်၊  ကျွေးကျေးဇူး တွေ၊ မွေးကျေးဇူးတေ၊ွ နို့ချိုတိုက် ကျွေးရတဲ့ကျေးဇူးတွေ၊ လောကကြီးရဲ့၊ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင် အောင် ပြသသည့်အတွက်၊ အလွန်ကျေးဇူးများလှသောကြောင့်ဖြစ်၏။
 

Type your summary here. Type the rest of your post here.

No comments: