အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 15, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၃)





      ယ္ခုခေတ်လူသားတွေ  မိဘတွေကို စားဝတ်နေရေး ကျန်းမာရေးလောက် ဆောင်ရွက်ပေးနိုင်ပြီဆိုလျှင်။ မိဘကျေးဇူး ကျေပြီလို့ ထင်နေတဲ့ပရိတ်သတ်က အများစုဖြစ်သလို။ အဲဒီလို သားသမီးများကို တွေ့မြင်ကြတဲ့ ပတ်ဝန်းကျင် လူသားအားလုံးကလဲ၊ ဒီကလေးတော်လိုက်တာ မိဘတွေကို ကျေးဇူးဆပ်နေတဲ့ သားကောင်း သမီးကောင်းဘဲဟ၊ု ၀ိုင်းဝန်းချီးမွမ်းကြမှာ သေချာပါ၏။ ဒီခေတ်နှင့် ကြည့်မယ်ဆိုလျှင်လဲ၊ ချီးမွမ်းထိုက်ပါ၏။          ရှင်တော်မြတ်ဘုရား မိန့်ကြားခဲ့သည့်အချက်တွေနှင့် ယှဉ်ကြည့်မယ်ဆိုလျှင်တော့၊ အတော်သိမ်ငယ်သွားမည်
ထင်ပါ၏။
   ရှင်တော်မြတ်ဘုရားကမိဘနှစ်ပါးအပေါ်မှာ၊ အာမိသပူဇာဟုခေါ်ဆိုသည့်၊ ယ္ခုလိုစားဝတ်နေရေး၊ ကျန်းမာရေး ပြည့်စုံအောင်၊ ဆောင်ရွက်မှုတွေ၊  မိဘနှစ်ပါးကို  စကြ၀တေးမင်းနေရာမှာထားပြီး၊  ကျေးဇူးဆပ်မှုတွေ၊ မိဘနှစ် ပါးကို၊ လက်ဝဲလက်ယာတင်ပြီး၊ ကျေးဇူးဆပ်မှုတေ၊ွ ဘယ်လောက်ဘဲလုပ်လုပ်၊ အမေ့နို့ကြွေးကတော့ မကြေနိုင် ဘူးတဲ့၊ ကြေအောင် ဆပ်နိုင်ရာ မရောက်ဘူးလို့ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့တယ်။
       အမေ့နို့ကြွေးကို ကျေအောင်ဆပ်ချင်သူတွေအတွက် ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့သည်မှာ -------ချစ်သား ချစ်သမီးတို့ အမေ့နို့ကြွေးကို ကျေအောင်ဆပ်ချင်သူ သားသမီးတွေ အောက်ပါ တရားလေးပါးကို လိုက်နာရမယ်။
        ၁။ သဒ္ဓါတရားမရှိတဲ့မိဘတွေကို သဒ္ဓါတရားရှိအောင်လုပ်ပေးရမယ်။
        ၂။သီလမရှိတဲ့မိဘတွေကို သီလရှိအောင်လုပ်ပေးရမယ်။
        ၃။မလှူချင်တဲ့မိဘကို လှူချင်အောင်လုပ်ပေးရမယ်။
        ၄။ပညာမရှိတဲ့မိဘကို ပညာရှိအောင်လုပ်ပေးရမယ်။ ပညာဆိုတာ မဂ်ပညာဖိုလ်ပညာကို ဆိုသည်ဖြစ် သောကြောင့်၊ တရားအားမထုတ်ချင်တဲ့မိဘကို၊ တရားအားထုတ်ချင်အောင်ဆောင်ရွက်ပေးရမယ်။
   ဤ-ဓမ္မပူဇာဟုဆိုအပ်သော လေးပါးသောတရားတွေနဲ့ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်သော သားသမီးတွေ သာလျှင်၊အမေ့နို့ဖိုးကိုကျေအောင်ဆပ်နိုင်သော သားကောင်းသမီးကောင်းတွေဖြစ်တယ်၊အာမိသပူဇာလောက်နဲ့ တော့ အမေ့နို့ဖိုးမကျေနိုင်ဘူး၊ ဓမ္မပူဇာနဲ့ဆပ်မှ အမေ့နို့ဖိုးကျေမယ်ဟု ရှင်တော်မြတ်ဘုရားမိန့်တော်မူခြင်းဖြစ်၏။
        ၁။ သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားရှိအောင် လုပ်ပေးရမည်ဟု ဆိုလိုခြင်းတွင် သဒ္ဓါတရားဆိုသည်မှာ ရတနာ သုံးတန် ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်းဖြစ်၏။
      မြတ်စွာဘုရား၏ အရဟံအစရှိသော ဂုဏ်တော်တွေကို ယုံကြည်ခြင်း။
      မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သွက္ခာတစသော တရားဂုဏ်တော်တွေကို ယုံကြည်ခြင်း။
      သုပ္ပဋိပန္နတာ အစရှိသော သံဃာဂုဏ်တော်ကို ယုံကြည်ခြင်း။
      ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်။မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်ဆိုတဲ့
      ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။ ဤဆိုခဲ့သည်ကိုပင် သဒ္ဓါတရားဟုဆို၏။
    မြန်မာဗုဒ္ဓဘာသာဝင်တွေ သဒ္ဓါတရားကို သေသေချာချာ ရေရေရာရာ မသိသူက  အများစုဖြစ်နေတာကို လည်း ၀မ်းနဲဖွယ်တွေ့မြင်ရ၏။ ရောင်ချာချာ သဒ္ဓါတရားနဲ့ ဇဝေဇ၀ါ သဒ္ဓါတရား အုပ်စုကလဲ များလှ၏။
     မြန်မာတွေနဲ့ ရင်းနှီးတဲ့ပါဠိတခုကတော့ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊ ဘုရားမှတပါး ကိုယ်းကွယ်ရာမရှိဟု၊ လူတိုင်း နီးပါးရရှိတာတွေ့ရ၏။ ဒါပေမဲ့ ဆိုသာဆိုသည် လက်တွေ့ကျင့်သုံးသူကတော့ နဲလှ၏။  ဘုရားမှတပါး ကိုယ်းကွယ်ရာမရှိဟုလဲ ဆိုထားသေး၏။  ဘုရားစင်ပေါ်မှာ ဘိုးတော်တွေ မယ်တော်တွေ နတ်တွေ ဘုန်းကြီးပုံ  တွေ တင်ထားကိုယ်းကွယ်နေသူတွေ ကတော့ မြန်မာဗုဒ္ဓဘာသာအိမ်တွေမှာ အိမ်တရာလျှင်ခုနှစ်ဆယ်လောက် ရှိမည်ထင်၏။ မှန်းပြောရတာ တရာမှာ ကိုးဆယ် လောက်လဲရှိနိုင်၏။
 


Type your summary here. Type the rest of your post here.

No comments: