စဏ္ဍာလ ၅-မျိုး။ ။ အလုပ်ကြမ်းသမားများ ဟူသည်။
ဧကကနိပါတ် အပဏ္ဏကဇာတ် အဋ္ဌကထာမှာ ထိုကဲ့သို့ပြထားပြန်၏။
(၁) စဏ္ဍာလ- ဒွန်းစဏ္ဍားမျိုး၊ ပန်းပဲစသည့် အလုပ်ကြမ်းသမားများ၊
(၂) နေသာဒ- တံငါ မုဆိုးမျိုး၊
(၃) ပက္ကုသ- ပန်းမှိုက်သွန် အညစ်အကြေးသုတ်သင်သူမျိုး၊
(၄) ရထကာရ- သစ်ရွှေသမား ရထား လှည်းစသည့်အလုပ်သမားများ၊
(၅) ဝေဏု- ၀ါးခုတ် ၀ါးခွဲ နှီးထိုး ဖျာရက်စသည် ပြုသောသူမျိုး။

မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၌ စဏ္ဍာလ-ကို အုပ်စုငါးစုခွဲထားတာတွေ့ရပြန်၏
၁။ စပ်။
၂။ အမွှမ်း။ ၃။ သူကောင်ထမ်း။ ၄။ တွင်းတူး။ ၅။ သင်္ဂြိုဟ်ကိုင်။ ဟု
စဏ္ဍာလ ငါးစုပြ၏။
စပ်ဆိုသည်မှာ -လူသေအလောင်းထည့်သော ခေါင်းပျဉ်၊ ကျင်ပုခုံ၊ ဇာတာအိမ်၊ တလား၊ စမြင်းတိုင်၊ အလောင်းစင်ဗိတာန်၊ ကြာကလာပ်၊ လောင်တိုက်၊ ငှက်ကြီးကာ စသော အထည်ကိုယ် ၀ါးသစ်သားများကို လုပ်ရသူကို ခေါ်၏။
အမွှမ်းဆိုသည်မှာ- လူသေအလောင်းစင် စသည်တို့လုပ်ထားသော သစ်သား၊ ၀ါး၊ အထည်၊ ကိုယ်များတွင် ဆင်ယင်ရန် ပိုးဖဲ၊ ပုဇွန်ဆီ၊ ကတ္တီပါ၊ ဇာရှံ၊ ရွှေညောင်ရွက် ကျောက်စီ သတောင်းလည်၊ ကြာဆံ ကြာရပ် စသည်များကို အဆင့်အတန်းနှင့်အညီ လှပအောင် လုပ်ဆောင်ရသူ ဖြစ်၏။
သူကောင်ထမ်း ဆိုသည်မှာ -သူသေကောင် မသာလောင်းရွှေ့ပြောင်းခြင်းနှင့် စပ်သမျှ လုပ်ဆောင်ရ သူဖြစ်၏။
တွင်းတူး ဆိုသည်မှာ- လူသေအလောင်းကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း မြုပ်ရန် တွင်းတူးသည့် အလုပ်နှင့်စပ်သမျှ လုပ်ဆောင်ရသူဖြစ်၏။
သင်္ဂြိုဟ်ကိုင် ဆိုသည်မှာ- လူသေအလောင်းကို မြေမြုပ်သောအခါ မီးရှို့သောအခါ တံစူးဝါးများ နှင့် ကိုင်တွယ် မြေမြှုပ် မီးဖုတ်သော အလုပ်၊ အရိုးကောက်၊ အရိုးမြှုပ်၊ အရိုးမျှောအလုပ်ကို လုပ်ကိုင်ရ သောသူ ဖြစ်၏။

ကျွန်သီးတော်ခေါ်သော
ဘုရားကျွန်၊ ပိဋကတ်ကျွန်၊ ကျောင်းကျွန်တို့ကို အမြတ်စား၊ အလတ်စား၊ အနိမ့်စား၊
အညံ့စားဟု လေးမျိုးပြထားရာ စဏ္ဍာလမှာ အညံ့စားတွင် ပါဝင်၏။
ရှေးခေတ် သုဘရာဇာတွေသည်
အထက်ပါအရည်အခြင်းတွေနှင့် ပြည့်စုံသူတွေဟု ဆိုရမှာဖြစ်၏။ ရှေးခေတ် သုဘရာဇာ ဒွန်းစဏ္ဍားတွေ၏
ဘဝအကြောင်း တစေ့တစောင်းပါ။ သုဘရာဇာ ဒွန်းစဏ္ဍားတွေ သည် သုဿာန်ထဲမှာပဲ
နေကြခြင်းဖြစ်၏။ သုဘရာဇာတို့မှာ သုဿာန်ထဲမှာပဲမွေး၏၊ သုဘရာဇာတို့ အဖေ အမေတွေလဲ
သုဿန်ထဲမှာပဲ အိမ်ထောင်ကျ သုဿာန်မှာမွေး သုဿာန်မှာနေဆိုတော့၊ သူတို့မှာ အထူး ကြောက်လန့်တယ်လို့
မရှိဘူး၊ သုဿာန်ဟာ သူတို့ရဲ့ ပျော်မွေ့ရာ အိမ်ဂေဟာတခုပါဘဲ။
သုဘရာဇာတို့မှာ မသာ-အသုဘ-လာလို့ရှိရင်
ဝမ်းသာ၏၊ အသုဘလာလေ ဝမ်းသာလေဖြစ်၏၊ သူတို့အဖို့ ဒီအသုဘဟာ လာဘ်ကြီးတစ်ခုလို ဖြစ်နေ၏၊
မြို့ထဲ ရပ်ကွက်ထဲ ရွာထဲက လူတွေကျတော့ မသာ-အသုဘကြီး ကိုယ့်လမ်းကသွားတာကိုပဲ မကျေမနပ်ဖြစ်နေကြ၏၊
အသုဘလာလျှင် နှာခေါင်းရှုံကြ ၏၊ ကြောက်လန့်ကြ၏၊ ဒီတော့ အမြင်ရှုဒေါင့်က
တစ်မျိုးစီဖြစ်နေ၏ အမြင်မတူကြပါ၊ မြို့ထဲ ရွာထဲ ရပ်ကွက်ထဲက လူတွေက အမြင်တစ်မျိုး၊
သုဘရာဇာ-ဒွန်းစဏ္ဍားတွေ၏ အမြင်က တစ်မျိုး ဖြစ်နေ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment