အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, September 22, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၃)





     မြို့ထဲ ရွာထဲ ရပ်ကွက်ထဲက လူတွေက အသုဘဆိုလို့ရှိလျှင် မင်္ဂလာမရှိ ရွံစရာ ကြောက်စရာ မသတီ စရာလို့ ရှုမြင်ထားကြ၏။ မြို့ ရွာ ရပ်ကွက် နေသူတို့ ရဲ့ အမှတ်သညာကတော့ မတင့်တယ်တဲ့ အပုပ် ကောင် သူသေကောင် အသုဘလို့ အမှန်မှတ်တာပဲ၊ အစွဲဒိဋ္ဌိကလည်း အသုဘအပုပ်ကောင်လို့ အမှန်စွဲယူ
တာပဲ၊ ဒါ့ကြောင့်မို့ ဒီအကောင်ပုပ်ကို သုသာန်ထုတ်ကာ စွန့်ပစ်ကြခြင်းဖြစ်၏။
     သုဘရာဇာ ဒွန်းစဏ္ဍားတွေမှာတော့ ဒီအသုဘတခု ပေါ်ပေါက်လာလျှင် ခေါင်းလုပ်ခ၊ လိုက်ပြင်ခ၊ ရေချိုး နံ့သာလိမ်း ပြုပြင်ခတွေလည်း ရရှိ၏ အသုဘချလာလျှင်၊ ကူးတို့ခဟုခေါ်ဆိုသည့်၊ တွင်းတူးခတို့ လက်ဘက် ကွမ်း ဆေးလိပ် အရက် စသည်တို့ ရရှိသည့် အတွက်၊ သူတို့ အထူးလာဘ်ရွှင်တဲ့နေ့တနေ့ ဖြစ်၏။
     သုဘရာဇာတို့ကတော့ လာဘ်ရွှင်တဲ့နေ့၊ဟု အမြင်ရှုဒေါင့်ကနေ၊ မြင်နေသည့်အတွက် သူတို့ကတော့ သူသေကောင်တွေ များများလာမှ လုပ်ခငွေတွေ များများရမှာမို့ အဲဒီ အသေကောင် အပုပ်ကောင်တွေကို သုဘ တင့်တယ်တယ်လို့ သညာဝိပ္ပလ္လာသနဲ့ မှတ်တယ်၊ သုဘ တင့်တယ်တယ်လို့ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ စွဲယူ ထားတယ်၊ သုဘ တင့်တယ်တယ်လို့ စိတ္တဝိပ္ပလ္လာသနဲ့ သိနေတယ်၊ အဲဒီ ဝိပ္ပလ္လာသသုံးပါးနဲ့ သူတို့က သုဘလို့ မှတ်ယူ စွဲသိနေကြတာဖြစ်၏။
     ရာဇာဆိုတာက (ရဉ္ဇတိ = နှစ်သက်တတ်၏၊ ဣတိ = ထို့ကြောင့်၊ ရာဇာ = ရာဇာမည်၏တဲ့) အဲဒီ အသုဘကောင်တွေ များများလာလေ နှစ်သက်လေပဲ၊ အဲဒါ့ကြောင့် ပါဠိလို သူတို့ကို သုဘရာဇာလို့ ခေါ် တာဖြစ်၏။ သုဘရာဇာ-ကို လှပတင့်တယ်သူ၊ ဟု ဆိုရမှာဖြစ်၏။ ဒါမမဟုတ်-သုဘရာဇာ-ကို-အလွန် လဘ်ရွှင်ခြင်းကို၊ နှစ်သက်စေသူ၊ဟု ဆိုရမှာဖြစ်၏။ ဒါက သုဿာန်မှာနေသော ရှေးခေတ် သုဘရာဇာ တို့၏ အမြင်ရှုဒေါင့်သဘောဖြစ်၏။
ယခုခေတ်သုဘရာဇာ
      ခုခေတ် သုဘရာဇာတွေကတော့ ရှေးခေတ်သုဘရာဇာတွေနဲ့ အမြင်ရှုဒေါင့်ကော စိတ်နေသဘော ထားကော လုပ်ဆောင်ချက် ရည်ရွယ်ချက်တွေ လုံးဝမတူပါဘူး ပြဒါးတလမ်း သံတလမ်းးပါဘဲ၊ ခုခေတ် သုဘရာဇာတွေရဲ့ ရည်ရွယ်ချက်တွေက အလွန်လေးစားစရာကောင်းပါတယ်။ ခုခေတ် သုဘရာဇာလို့ခေါ် တဲ့  နာရေးကူညီမှုအသင်းတွေ သို့မဟုတ် (သေရေးကူညီမှုအသင်းတွေ)သည် ရည်ရွယ်ချက် လုပ်ဆောင် ချက်တွေကောင်းလှ၏။

၁။မိမိဘ၀နဲ့ရင်းပြီး ပေးဆပ်ဝန့်ခြင်း။
၂။မသာကိုခုတုံးလုပ်ပြီး လုပ်မစားခြင်း။
၃။မရှိနွမ်းပါးသူတွေ၏၊အားကိုးရာအဖြစ်ခံယူခြင်း။
၎။လူမျိုးမရွေး ဘာသာမရွေးအကူအညီပေးခြင်း။
၅။မြင့်မြတ်သောအလုပ်ကို မြင့်မြတ်သူတွေသာလုပ်နိုင်ခြင်း။
 
   ၁။မိမိဘ၀နှင့်ရင်းပြီး ပေးဆပ်ဝန့်ခြင်းဆိုသည်မှာ- ယခုခေတ်သုဘရာဇာ ခေါ် နာရေးကူညီမှုအသင်း သို့်မဟုတ် သေရေးကူညီမှုအသင်းတွေကို ဦးဆောင်ဦးရွက်ဆောင်ရွက်နေသူတွေသည်၊ မိမိတို့ရဲ့ ထင်ရှား ကျော်ကြားလှသော ဘ၀တွေကို စွန့်ဝန့် စွန့်ရဲသူတွေဖြစ်၏။ လူသားအများစု မသတီတဲ့ ဒီအသုဘဆိုတဲ့ ရုပ်အလောင်းကို ကိုယ်တိုင် ဆောင်ရွက်ပေးကာ စိတ်ထားအလှဆင်သူတွေ စိတ်ထားအလွန်မွန်မြတ်သူ တွေဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: