အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, September 20, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁)





         အသုဘ-မတင့်မတယ် ရွံရှာဖွယ်ကောင်းသော အကောင်ပုတ်ဟု အဓိပ္ပါယ်ထွက်ပါ၏။ ရှေးခေတ် ကတော့ ဟုတ်ပါလိမ့်မည်၊ယခုခေတ်တော့ ခေတ်မှီ နည်းပညာဆေးတွေဖြင့် မပုတ်မသိုးအောင် စီစဉ် ထားသောကြောင့် ရှေးခေတ်လို ရွံရှာဖွယ် အပုတ်ကောင် မဟုတ်တော့ပါ။
      ကြည့်ရှုလို့ကောင်းအောင် ပြုပြင်ထားသော သူသေကောင်အဖြစ်သာ မြင်တွေ့နိုင်၏။ အသုဘကို သုဘထင်လို့ စကားသည် ယခုခေတ်မှ မှန်သလိုဖြစ်လာ၏။
      လူသားတိုင်း ဘ၀၏နေ၀င်ချိန်တွင် မလွဲမသွေ ကြုံတွေ့ရမှာကတော့ သေခြင်းတရားဖြစ်၏။ မိမိ ကိုယ်တိုင် သေရမှာ သေချာသလို၊ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ၏၊ အသုဘတွေကိုလည်း သူသေငါပို့ ငါသေသူပို့ ပုံစံမျိုးဖြင့် မလွဲမသွေ လိုက်ပါပို့ဆောင်ဘူးသူတွေလည်း ဖြစ်မှာသေချာပါ၏။
      သေသူနှင့်သော်၎င်း သေသူ၏ကျန်ရစ်တဲ့ မိသားစုနှင့်သော်၎င်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေမို့ မလွှဲသာ မရှောင်သာ အားနာပါးနာ လိုက်ပါပို့ဆောင်ရသူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ မကင်းရာ မကင်းကြောင်းမို့ မလွဲသာလို့ လိုက်ပါပို့ဆောင်ရတဲ့ သူတွေက အများစုဖြစ်မှာသေချာပါ၏။
       မိမိကိုယ်တိုင် အသုဘရှုချင်လို့ သူသေသလို ငါလဲသေမှာဘဲဟု သံဝေဂဥာဏ်နဲ့ လိုက်ပါပို့ဆောင် သူတွေကတော့ အတော်ရှားမယ်ထင်၏။ ခုခေတ်တော့ ဒီလိုသံဝေဂဥာဏ်နဲ့ လိုက်ပါပို့ဆောင်သူတွေ ကြားတော့ကြားဘူးပါ၏ မြင်ဘူးဖို့တော့ မလွယ်ရေးချမလွယ်ပါ သို့သော် ရှိကောင်းရှိနိုင်ပါ၏။
   စာရှုသူအဆွေ သင်လည်းလူမှုရေးအရ အသုဘတွေကို လိုက်ပါပို့ဆောင်ပေးရမှာဖြစ်၏။ သင်ကိုယ်တိုင် အသုဘ ပို့သူလား-----? သင်ကိုတိုင် အသုဘရှုသူလား------?   မေးလာခဲ့သော် သင်မှန်မှန်ကန်ကန် ဖြေဆိုမယ်ဆိုလျှင် ဘယ်လို အဖြေထွက်လာမည်နည်း ကိုယ်တိုင်ကြားအောင် ဖြေကြည့်ပါလေ။
     သုဘရာဇာဆိုသည့် စကားလုံးသည် အလွန်လှပသော စကားလုံးဖြစ်၏။ ဘာဖြစ်လို့ အသုဘကိစ္စ ဆောင်ရွက်သူကို သုဘရာဇာဟု ခေါ်ပါသနည်း။ တကယ်ဆိုလျှင် အသုဘရာဇာဟု ခေါ်ဆိုရမှာဖြစ်ပါ၏။ သို့သော် အမြင်ရှုဒေါင့်တွေ ကွာခြားသောကြောင့် ခေါ်ဆိုမှုတွေလည်း ပြောင်းလွဲသွားဟန်တူ၏။
ရှေးခေတ်သုဘရာဇာ
     သုဘရာဇာ-ကို ရှေးခေတ်သုဘရာဇာနှင့် ယခုခေတ်သုဘရာဇာဟု အမြင်နှစ်မျိုးဖြင့် ရှုမြင်သုံးသပ်ရန် ဖြစ်၏။ ရှေးခေတ်သုဘရာဇာတွေကို၊ စဏ္ဍာလ-လို့လည်းခေါ်၏။ ဒွန်းစဏ္ဍားလို့လည်းခေါ်၏။စဏ္ဍာလ-ဆိုသည်မှာ ပါဠိ စကား ဖြစ်၍ အလုပ်ကြမ်းကို ပြုလုပ်သူဟု အဓိပ္ပါယ်ရ၏။ ယင်းစဏ္ဍာလကို ဒွန်းစဏ္ဍားဟု မြန်မာပြန်ဆိုထားခြင်း ဖြစ်၏။
                 စဏ္ဍာလ-ဒွန်းစဏ္ဍားကို –အုပ်စုလေးစု ခွဲထားပြန်၏။
 ၁။ ပြည့်တန်ဆာတစ်စု။   
၂။ သွေးမစွမ်းတစ်စု(ကိုယ်ရေမကောင်းသူ)။  
၃။ သူတောင်းစားများတစ်စု။   
၎။ သူကောင်ထမ်း မြေမြုပ် သုဘရာဇာတစ်စုဟူ၍ လေးစုခွဲကြ၏။
ကျောက်စာဝန်တော်စိန်ခို၏ မှတ်စုပရဗိုဒ်တစ်ဆူ၌ အထက်ပါအတိုင်းတွေ့ရ၏။



 


Type your summary here. Type the rest of your post here.

No comments: