Sunday, December 22, 2013
ဓမ္မရောင်ခြည်အင်္ဂါသတင်းစဉ် ၁၇-၁၂-၂၀၁၃
မလေးရှား-လူချုန်း-၁၂-မိုင် စီးတီးဝေါ-ဂျပန်စားသောက်ဆိုင်ရောက်ရွှေမြန်မာများ၏
ဂျပန်ဆွမ်းဆက်ကပ်လှူဒါန်းပြီးလေ့လာကြည့်ရှုခဲ့စဉ်။
Type your summary here. Type the rest of your post here.
Thursday, December 19, 2013
ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉၁)
ဇွန်လ ၆-ရက်
ဇွန်လ ၅-ရက်နေ့က
အဖမ်းအဆီးများသည့်အတွက် ဇွန်လ ၆-ရက်နေ့တွင် ကွာလာလမ်ပူရောက်မြန်မာတွေ အလုပ်
မဆင်းရဲ ဆိုင်မဖွင့်ရဲကြတော့ပါ ဖွင့်တဲ့ဆိုင်လဲ
လာရောက်ဝယ်ယူသူမရှိအောင် ခြောက်ခြားနေပါ၏ အော်ပရာစီဝင်လိုက် တာ
အကြမ်းဖက်သမားတွေလည်း အတော်ငြိမ်သွားတာတွေ့ရ၏ တိုက်ခိုက်မှုသတင်းတွေလည်း ဒီနေ့တော့
မကြားရပါ
သို့သော် ဘယ်နေရာဝင်မယ် ဒီနေရာဝင်မယ်ဆိုတဲ့ ကောလာဟာလသတင်းတွေသာ
များစွာကြားနေရပါ၏။
ထိုဇွန်လ ၆-ရက်နေ့တွင် မြန်မာသံရုံးရှေ့မှာ
ဆန္ဒပြမည်ဟု သတင်းတွေထွက်နေ၏ မလေးရှားတွင် အကြမ်းဖက်တိုက်ခိုက် ခံရမှုအပေါ်
မြန်မာသံရုံးရဲ့ လုပ်ဆောင်ချက်တွေကို မကြေနပ်လို့ ဆန္ဒပြမည်ဖြစ်ကြောင်း
သတင်းတွေဖေ့ဘုတ်ပေါ်တွင် တွေ့ နေရ၏ သို့သော် မလေးရှားအစိုးထံတွင် ဆန္ဒပြဖို့အတွက်
ခွင့်ပြုချက်ရယူရာတွင် ၅-ယောက်သာခွင့်ပြုချက်ရသဖြင့် ကျန်လူ တွေ မပါဝင်ဘဲ
၅-ယောက်ထဲနဲ့ ဆန္ဒပြနေတာကို သတင်းတွေမှာတွေ့မြင်ရ၏။
မေလ ၂၉ ရက်နေ့က
စတင်ခဲ့သည့် အကြမ်းဖက်ခံရမှုများကြောင့် ဇွန်လ ၆ ရက်နေ့တွင် မလေးရှားရောက် မြန်မာအတိုက်
အခံ အုပ်စုများက မလေးရှား ရောက် မြန်မာနိုင်ငံသားများကို တရား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန်
မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် တောင်းဆိုခဲ့ကြ၏ မြန်မာနိုင်ငံသား အကြမ်းဖက်ခံရမှုကို
သတင်းအမှောင်ချခဲ့သည်ဆိုကာ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကိုပါ ရာထူးက နုတ်ထွက်ပေးရန်
မြန်မာအတိုက်ခံ အုပ်စုများဖြစ်သော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD
YOUTH (LA) Malaysia. GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေး ကူညီမှု အသင်းတို့က
တောင်းဆို ခဲ့ကြသည်ကို တွေ့ရှိရ၏။
ဇွန်လ
၆-ရက်နေ့ ညနေခင်းအချိန် အလုပ်ပြီးချိန်တွင် ပူချုန်း ၆-မိုင်မှ ဖြိုးဝေလင်းတို့သူငယ်ချင်းတွေ
ကျောင်းရောက်လာ ၏ ဘုန်းကြီးမှ မင်းတို့အဖမ်းအဆီးတွေ ဒီလောက်များနေတာ ဘာကိစ္စပေါ်လာပြန်လို့လည်းမေးလိုက်တော့
မအူပင်သား ဒကာလေး၏ မိခင် မြန်မာနိုင်တွင် ကွယ်လွန်အနိစ္စရောက်၍ ကုသိုလ်ပြုလုပ်၍ အမျှဝေခြင်လို့ပါဘုရားဟု
လျှောက်ထား၏ မလေးရှား အခြေအနေဆိုးနေချိန်တွင် မိခင်ကွယ်လွန်လို့ အရဲစွန့်ထွက်လာကြခြင်းဖြစ်၏။
မလေးရှားရောက်မြန်မာတွေ
မိမိနိုင်ငံမှာ မိခင်ဆုံးတာနှင့်ကြုံတွေ့ရလျှင် သားသမီးတာဝန်ကျေအောင် အမျှပေးဝေချင်ကြ
၏ အမျှဝေလိုက်မှလည်း သူတို့တတွေ ခံစားနေရသော သောကဝေဒနာကို သက်သာစေပါ၏ ဘုန်းကြီးလည်း
သီလပေး တ ရားအနည်းငယ်ဟောပြီး ရေစက်ချပေးကာအမျှဝေစေ၏ မမှောင်ခင်ပြန်ကြတော့ဟု ပြောဆိုကာပြန်လွှတ်လိုက်၏
ဘုန်းကြီး လည်း ည ၈-နာရီ မင်းဥာဏ်လင်း လာပင့်တာနှင့် နှစ်ရက်မြောက် အပြင်ထွက်အိပ်ဖြစ်၏
နံက် ၆-၃၀-တွင် အေးမာငြိမ်းကပ် သော ယာဂုဆွမ်းဖုံးပေးကာ
မင်းဥာဏ်လင်းကျောင်းသို့ ပြန်ပို့ပေး၏။
ဇွန်လ-ရ-ရက်
ဇွန် ၇ ရက်လည်း မလေးရှားသတင်းက အကောင်းဘက်သို့ ရောက်မလာသေးပါ မလေးရှားနိုင်ငံတွင်း
ရောက်ရှိနေသော မြန်မာတိုင်းရင်းသားများ အထူး သတိထားရန် လိုအပ်နေကြောင်း အကြမ်းဖက်
သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှား နိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ
မြန်မာနိုင်ငံသား ၃ ဦး ထပ်မံ သတ်ဖြတ်ခံရကြောင်းသတင်းတွေ ကြားနေရပြန်၏။
သတင်းတခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ် ကလန်းအူတာမ အမှိုက်ပုံနားမှာ
လွှင့်ပစ်ထားတယ်ဆို၏ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ
ဓားနဲ့လှီးထားတာတွေ့၏ မနေ့က မနက်ခင်းမှ ရဲတွေ အလောင်းကိုတွေ့တယ်ဟုဆို၏။
နောက်သတင်းတခုက ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်မှ ရောက်လာသူ
ကိုခင်မောင်ဝင်းဟာ မလေးရှား ထီးစက်ရုံ မှ အလုပ်သမား တယောက် ဖြစ်ပါ၏ မလေးရှား
ရောက်တာ ၉ လ မျှ ရှိပါသေး၏ ဇွန်လ ၇ ရက် မနက်စောစော ၃ နာရီ ခန့်မှာ ရခိုင် အလုပ်သမား
၆ ယောက်အိပ်နေစဉ် သစ်သားအိမ်ရဲ့ အိမ်နံရံသွပ်ပြား လက်တဝါးခန့် အပေါက်မှ
စပရေးဗူးနဲ့ ဖျန်းရာ အလုပ်သမားတွေဟာ မျက်စိစပ်၊ အသက်ရှူ မွန်းလာတဲ့အတွက် အိမ်တံခါးကို
ဖွင့်လိုက်ကြ၏။
ဒီအခါမှာ မျက်နှာဖုံး တပ်ထားတဲ့ လူခြောက်ယောက်ဟာ ဓါးကိုယ်စီ ကိုင်ဆောင်ထားပြီး
အလုပ်သမားတွေကို ခုတ်ပါ တော့၏ လေးယောက်က ထွက်ပြေး လွတ်မြောက်သွားကြပြီး
ကိုခင်မောင်ဝင်းနဲ့ အခြား အလုပ်သမားတယောက် ကတော့ တိုက်ခိုက်ခံလိုက်ရပါ၏
ကိုခင်မောင်ဝင်းဟာ လက်နှာခေါင်းနဲ့ ခေါင်းတွေမှာ ဒဏ်ရာရပြီး မေ့မျောသွားတဲ့အတွက်
မိတ်ဆွေ တွေက ဆေးရုံတင်ထားလိုက်ရပါ၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္လာသတင်းစဉ် ၁၆-၁၂-၂၀၁၃
မလေးရှားရောက်ရခိုင်များမှရခိုင်ဆွမ်းကပ်လှူစဉ်။
Type your summary here. Type the rest of your post here.
Wednesday, December 18, 2013
ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၉၀)
အင်ပိ ထွန်းတောက်ဆိုင်မှ
ဒကာတင်မောင်ဦးလည်း ဖုံးဆက်လာ၏ ဘုန်းဘုန်းပူချုန်းဘက် အခြေအနေကောင်းရဲ့လား
ဟုမေးလာ၏ ယ္ခုထိတော့ အခြေအနေကောင်းပါသေးတယ်ဟု ပြန်ဖြေရ၏
ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက်သမား ၄၀-ခန့်ဝင်စီးသည်ဟု သတင်းတွေပြန့်နေ၏
သတင်းဖွနေသူကလည်းဖွနေ၏ ဘုန်းကြီးပါပြန်တော်မူပြီလို့ ကြားသူတွေက ကြားတော့ ဖုံးတွေ
တောက်လျှောက် ၀င်လာပါတော့၏။
ဆူးဘန်းတူးမှ
သန်းနိုင်လည်းဖုံးဆက်၏ လိုအပ်လျှင် သူတို့လာအိပ်မည်ဟု လျှေက်ထား၏ ကျောင်းမှာတော့
ဒကာ ချစ်စန်းမောင်နှင့် ဒကာနိုင်ဝင်း နှစ်ယောက်လာအိပ်ပေးနေတော့ လိုအပ်လျှင်
အကြောင်းကြားပါမည်ဟုသာ ပြန်ပြောလိုက် ရ၏ ရှားအလမ်းမှ ဒကာမြင့်ထွေးတို့အဖွဲလည်း
ဖုံးဆက်ကာ အကျိုးအကြောင်းမေး၏ စာတန်းဘုန်းကြီး ဦးပဏ္ဍိတလည်း ဖုံး ဆက်ကာ မေးလာ၏ ဇွန်လ ၅-ရက်နေ့သည် ပူချုန်းကို အော်ပရာစီဝင်နေပြီဟု
သတင်းတွေ ထပ်တလဲလဲ ပါဝင်နေသော
ကြောင့် ဘုန်းကြီးကို စိုးရိမ်သော မိတ်ဆွေကောင်းများမှ
သတင်းမေးနေခြင်းဖြစ်၏။
နီလိုင်း ဒကာအောင်မှ
ဖုံးဆက်လာပြီး ဆရာတော် ပူချုန်းသတင်းတွေ ကြားရတာသိပ်ကောင်းဘူး ဆရာတော်ကျောင်း
ခမ်းနေရာလည်း သိပ်စိတ်မချရဘူး တရုတ်ကျောင်းတခုခု ပြောင်းနေဖို့ အကြံပေးလာ၏ ဒါမ
မဟုတ်လဲ မြန်မာပြည်ကိုခေတ္တ ပြန်ဖို့ လျှောက်ထား၏ ကျောင်းနီးနာမှ
ဒကာမျိုးညွန့်ကလည်း ဒကာအောင်ဆန္ဒကို တဆင့်လျှောက်ထားပြန်၏ ဘုန်းကြီးထံ
မလေးရှားရောက်နေတဲ့ မြန်မာအချို့ကျောင်းရောက်လာတော့ ဘုန်းကြီးလည်း ပြဿနာကြီးလာရင်
မြန်မာပြည်ကို ခေတ္တ ပြန်အုံးမည်ဟု ပြောကြားလိုက်တော့
သူတို့တတွေမျက်နှာမကောင်းကြပါ။
တပည့်တော်တို့က
ဘုန်းဘုန်းတို့ကို အားကိုးပြီးနေရတာပါဘုရား ဘုန်းဘုန်းတို့ပြန်လျှင်
တပည့်တော်တို့တတွေ ဘယ် သူ့အားကိုးရမှာလည်းဘုရားဟု လျှေက်ထားတော့
သူတို့လေးတွေ၏စကားသည် ဘုန်းကြီးရင်ကို ထိထိခိုက်ခိုက် နာကြင်ပါ ၏ ဘယ်လိုလုပ်ပြီး
ဘုန်းကြီးပြန်ဖို့ပြောရဲတော့မှာလဲ အေးကွာ ငါလည်းမပြန်တော့ပါဘူး မင်းတို့နဲ့
သေအတူပေါ့ကွာဟု ပြန် ပြောလိုက်တော့ သူတို့မျက်နှာလေးတွေ ၀င်းလက်သွားပါ၏။
ဇွန်လ ၅-ရက်နေ့
ညနေပိုင်းရောက်လာလေ ပူချုန်းအော်ပရာစီ ဒီနေ့ည၀င်မှာဟု ဖုံးဆက်ပြောသူတွေ ပိုများလာ၏
ဘုန်းဘုန်း တနေရာရှောင်နေလျှင် ပိုကောင်းမည်ဟု တိုက်တွန်းသူတွေလည်း များလာ၏
ဘုန်းကြီးလည်း မင်းဥာဏ်လင်း+ အေးမာငြိမ်းတို့အိမ် ဖုံးဆက်ပြီး ဒီည
ဘုန်းဘုန်းအိမ်လာကြိမ်းမည် အဆင်သင့်ပြင်ထားပါဟု လှမ်းအကြောင်းကြားလိုက်၏ ည
၈-နာရီအချိန်တွင် မင်းဥာဏ်လင်းကားဖြင့် အိမ်သို့ထွက်လာခဲ့၏ကျောင်မှာတော့
ဒကာချစ်စန်းမောင်နှင့် ဒကာနိုင်ဝင်းတို့ နှစ်ယောက်ထားခဲ့၏ သတင်းထူးလျှင်
ဖုံးဆက်ရန်မှာထားခဲ့၏။
ဘုန်းကြီးတို့ကား
တစ္စကို ကုန်တိုက်ရှေ့ရောက်ရှိချိန်တွင် အင်ပိထွန်းတောက် ဒကာတင်မောင်ဦးမှ
ဖုံးဆက်လာ၏ တစ္စကို ကုန်တိုက်အနောက်ဘက် အော်ပရာစီဝင်နေပြီဟု အင်တာနက်မှာတက်လာသည်
ဘုန်းဘုန်းကျောင်းမှာရှိလားဟု မေးလာ၏ ဘုန်းဘုန်းတစ္စကို ကုန်တိုက်ရှေ့ကလမ်းပေါ်မှာ
ခုထိတော့ အော်ပရာစီ ဘာအရိပ်ရောင်မှ မတွေ့ရသေးဘူးဟု ပြန်လည်ဖြေကြားလိုက်ရ၏
အင်တာနက်သတင်းကလည်း လုံးဝပြည့်စုံ မယုံရပါ ဘုန်းကြီးထံ ဖုံးပေါင်းများစွာ ဆက်လာပါ
တော့၏ တစ္စကိုကုန်တိုက် နောက်ဘက် အော်ပရာစီဝင်သော သတင်းမေးသူများဖြစ်၏။
ဆက်လာသော
ဖုံးများကိုဖြေဆိုပြီး မင်းဥဏ်လင်း+အေးမာငြိမ်းတို့အိမ်တွင် ဘာတွေမှစဉ်စားမနေဘဲ
အေးအေးချမ်း
ချမ်း အိပ်လိုက်၏ နံက် ၅-နာရီထိုးမှနိုး၏ နံက် ၆-နာရီတွင်
မင်းဥာဏ်လင်း+အေးမာငြိမ်းတို့ကပ်သော အာရုံယာဂုဆွမ်းကို ဖုံးပေးပြီး
ကျောင်းသို့ပြန်လာခဲ့၏ ကျောင်းတွင်ကျန်ခဲသော ဒကာတွေကို ညကအခြေအနေမေးမိ၏
အော်ပရာစီကားတွေ တော့ ညက၀င်လာပြီး မောင်းသွာတာသာတွေ့ရ၏ ဘယ်နေရာမှ
ဖမ်းစီးမှုမရှိပါဟု ပြောကြ၏။
Type your summary here. Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၁၅-၁၂-၂၀၁၃
မလေးရှားရောက်ဖခင်၏မေတ္တာမြန်မာပြည်တွင်မွေးဖွားသောသမီးငယ်
ဒီဇင်ဘာနှင်းအတွက် ဆွမ်းကပ်လှူ၍မေတ္တာပို့သစဉ်။
Type your summary here. Type the rest of your post here.
Tuesday, December 17, 2013
ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၈၉)
ဇွန်လ ၄-ရက်
ဇွန်လ ၄-ရက်နေ့တွင် သတင်းဆိုးတခု ထပ်မံဝင်ရောက်လာပြန်၏
ဆာလာရန်းဈေးသို့ ကုန်စိမ်းသွားဝယ်သော မောင် အောင်မျိုးဦးသည် ကုန်စိမ်းဝယ်ပြီးလို့
ကားပေါ်သို့တင်အပြီး ကားပါကင်တွင် အကြမ်းဖက်လူတစုမှ ၀ိုင်းဝန်းတိုက်ခိုက်ပါ၏ ဦးခေါင်းတွင်
ဒဏ်ရာရရှိကာ သွေးများယိုစီးကြလာသဖြင့် ဆာလာရန်းဆေးရုံကြီးသို့တင်ပို့ကာ အတွင်းလူနာအဖြစ်
ဆေးကု သခံလျှက်ရှိပါ၏ မောင်အောင်မျိုးဦးသည် မန္တလေးတိုင်း တောင်သာမြို့နယ်တွင် နေထိုင်သူဖြစ်၏။
ထိုဇွန်လ ၄-ရက်နေ့တွင် မြန်မာပြည်ဘက်မှ သတင်းကောင်းတခုကြားရ၏ မလေးရှားတွင်
အလုပ်လုပ်နေသော မြန်မာ နိုင်ငံသားများ တိုက်ခိုက်သတ်ဖြတ် ခံရမှုအတွက် စုံစမ်းဖော်ထုတ်ပေးရန်
မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဇင် ယော်က မြန်မာနိုင်ငံဆိုင်ရာ
မလေးရှားသံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်ကို ဇွန်လ ၄ ရက်နေ့ က
သတိထောက်လွှာ ပေးပို့ခဲ့၏။
ယင်းသတိထောက်လွှာကို မလေးရှားအစိုးရမှ ဘယ်လိုသဘောထားသည်မသိ ယင်းညမှ စတင်ကာ တရားဝင် အလုပ်
လုပ်နေသည့် မြန်မာနိုင်ငံသားများရော
တရားဝမင် အလုပ်လုပ်သည့် မြန်မာ နိုင်ငံသားများကိုပါ အော်ပရာစီဝင်ပါတော့၏ ယခုကဲ့သို့
အလုံးအရင်းနှင့် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းသည် မြန်မာပြည်အစိုးရ၏
သတိထောက်လွှာကို အကောင် အ ထည် ဖေါ်ပေးတာလားတော့မသိ အဖမ်းဆီးခံရသူတွေသည် မြန်မာတွေသာ
အများစုဖြစ်နေတာတွေ့မြင်ရပါ၏။
ဇွန်လ-၅-ရက်
သတိပေးပြီး
တစ်ရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်
အနေဖြင့် ဖမ်း
ဆီးခဲ့ရာ မြန်မာနိုင်ငံ သား ၁၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း
မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြထား၏ ဖမ်းဆီးခံရသူများ အနက် တရားဝင်
အထောက်အထား မရှိသူများကို ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့
ခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရ၏။
အော်ပရာစီခေါ် ယင်းစစ်ဆင်ရေးကြောင့်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ စားသောက်ဆိုင်များ၊ စီးပွားရေး
လုပ်ငန်းများ တည်ရှိသည့် Kota Raya အဆောက်အဦးနားတ၀ိုက်တွင်၎င်း အကြမ်းဖက်မှုများ
ဖြစ်ပွားခဲ့သည့် ဆာလာယန်း အပါအဝင် မြန်မာ အများစု နေထိုင်သည့် နေရာများတွင်လည်း
ဝင်ရောက် စီးနင်းခံခဲ့ရ၏ မလေးရှားတွင် ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှုများသည်
ပြည်ပရောက် မြန်မာအလုပ်သမားများကို ရိုက်ခတ်မှု ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံတွင်
မလေးရှား အလုပ်သမား ဈေးကွက်ကိုလည်း ရိုက်ခတ်မှု များရှိခဲ့၏။
မြန်မာနိင်ငံသားများ၏
လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာသံအမတ် ဦးတင်လတ်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီး ဌာန ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံးထံမှ သိရှိရ၏
အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာ အလုပ် သမား အချို့ ပြည်တော်ပြန်ရန် ပြင်ဆင်
နေကြပြီး အချို့မှာမူ နိုင်ငံကူးလက်မှတ် မရှိသဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ
ကြုံတွေ့နေရ၏ တချို့ကလဲ UN ကပ် ကိုင်ထားသဖြင့် တတိယနိုင်ငံတခုကလဲ မခေါ်သေးဆိုတော့
ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိ ယောင်ဝါးဝါးဖြစ်နေ၏ နိုင်ငံခြားရောက်နေတဲ့ ဒုက္ခကလဲ
ကိုယ်တိုင်ကြုံတွေ့ဘူးမှ ခံစားရခက်လှပါ၏။
ထိုဇွန်လ ၅-ရက်နေ့သည်
ကွာလာလမ်ပူရှိ မြန်မာတွေအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော နေ့တနေ့ဖြစ်၏
ဖမ်းလိုက်သည့် အော်ပရာစီကလည်း တနေ့လုံးကြားနေရ၏ သတင်းတွေကတော့ တနေ့လုံးမကောင်းပါ
ဖေ့ဘုတ်က ၀ိုင်းဖွ နေတာလည်းပါ၏ ပူချုန်းကိုလည်း ဒီညအော်ပရာစီဝင်မယ် သတင်းတွေ
ဟိုကပို့ ဒီကပို့နဲ့ အကြောင်းကြားလာ၏ ရိုးရိုးအော် ပရာစီဝင်လို့ကတော့ ကိစ္စမရှိ
ဘာသာရေးကြောင့် ဖြစ်သည့် ပြဿနာဆိုတော့ ဘာသာရေးကြောင့် ပြဿနာရှာမှာလည်း စိုး ရိမ်ရ၏
ကျောင်းပတ်ဝန်းကျင်ကို သတိထားပြီး အမြဲကြည့်နေရ၏။
မလေးရှား
တရုတ်ရဲအရာရှိတယောက် ကျောင်းကိုရောက်လာ၏ မြန်မာတွေပြဿနာဖြစ်နေ၏ ဒီနေရာကို ပြဿနာ
လာရှာမဲ့သူလာရင် ဒီနားမှာ သူအမြဲရှိပါတယ် သူ့ထံဖုံးဆက်ပါလို့ တရုတ်ရဲမှ
သူ့ရဲ့လိပ်စာကပ်ပေးကာ ပြန်သွား၏ ဘာပြော ပြော တရုတ်ရဲ၏ ရိုင်းပင်းကူညီမှုသည် မိမိ၏
စိုးရိမ်စိတ်ကို အထိုက်အလျှောက်သက်သာစေပါ၏ လာပြောဖေါ်ရတာကိုက ဘဲ ကျေးဇူးတင်လှပါ၏။
Type your summary here. Type the rest of your post here.
Subscribe to:
Posts (Atom)