အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 27, 2008

ကွမ်းခြံကုန်းမြို့နယ် ရွာသစ်ကုန်းကျေးရွာခရီးစဉ်

25-06-2008


မေ-၃၁-ရက်၊ ကွမ်းခြံကုန်းခရီးစဉ်၏ နောက်ဆုံးကျေးရွာ ရွာသစ်ကုန်းသို့ အင်းကွတ်ကျေးရွာမှ တဆင့်သွားရမည်ဖြစ်၏ ကွမ်းခြံကုန်း
ဘုန်းကြီးဦးမုနိန်သည် ဆရာတော်ပင်ပန်းမှာဆိုးလို့ထမ်းစဉ်နှင့်ပင့်မည်ဆိုကာ ၀ါးတလုံးတွင် စောင်ကြားတထည်ကို ဟိုဘက်ထိပ် ဒီဘက်
ထိပ်ချီထားတာတွေ့ရ၏ တောကျေးရွာများတွင် ဆေးရုံတက်မည့် လူမမာကို ထမ်းသည့်ပုံစံမျိုးဖြစ်၏ ဒီပုံစံမျိုးတော့မစီးချင်ဘူးကိုယ်တော်
လမ်းရှောက်မည်ဟု ပြောရတော့၏ ဆရာတော် လယ်ကွင်းကိုဖြတ် ရိုးချောင်းတွေကိုကျော် ဗွက်တောထဲလျှောက်ရမှာမို့ ထမ်းစင်စီးရန်
လျှောက်ထားကြ၏ ဘုန်းကြီးသွားနိုင်ပါသည်ဟု ဇွတ်ငြင်းရ၏ တွဲဖို့ ဒကာတယောက်သာစီစဉ်ပေးပါဟုပြောဆိုပြီး အချိန်မရှိဘူးသွားမည်
ဟုပြောဆိုကာ ရွာသစ်ကုန်းကျေးရွာ ခရီးစဉ်စခဲ့ပါပြီ။











ရွံ့ညွံစူးညောင့်ပေါသော ခရာတောလမ်းကျမ်းမျိုးကိုလည်းတွေ့ရ၏ လယ်ကွင်းကိုဖြတ်သော ဗွက်တောလမ်းနှင့်လယ်ကသင်းပေါ်မှလည်း
သွာခဲ့ရ၏ ရိုးချောင်းတွေကိုဖြတ်ကျော်ထားသော ၀ါးတံတားမျိုးစုံပေါ်ကိုလည်း အသဲတယားယားဖြင့်ဖြတ်ကျော်ခဲ့ရ၏ လမ်းပမ်းဆက်
သွယ်ရေးအတော်ခက်ခဲသောရွာဖြစ်၏ ဘယ်အလှူရှင်မှလည်းလာမလှူဟုကြားခဲ့ရ၏ ဘယ်သူမှမလှူသော လေဘေးကြောင့် ပျက်စီး
နေသော ရွာကလေးကို လှူဒါန်းရတာ အရသာရှိလှပါ၏ ပင်ပန်းရကျိုးလည်းနပ်လှ၏။
အိမ်ထောင်စု ၈၀-ရှိသောရွာကလေးရောက်တယ်ဆိုလျှင် ဆရာတော်မျာကို ခြေဆေးပေးကြ၏ ဒကာဖိုးချွန်းနှင့်ဒကာကျော်သန်းတို့
လှူဖွယ်တွေ ဝေချမ်းထည့်နေတာတွေ့ရ၏ ဦးရေ၀တတော့ အိမ်ထောင်စုစာရင်းတောင်းကာ တန်းစီထိုင်ခိုင်းနေ၏ ရွာလူကြီးအိမ်တွင်
စီစဉ်ခြင်းဖြစ်၏ ကျေးရွာကျောင်းဘုန်းကြီးလည်း ရွာလူကြီးအိမ်ကိုရောက်နေ၏ ဘုန်းကြီးတို့အားဧည့်ခံကာရေနွေးကျမ်းအချိုရေများ
ကပ်လှူကြ၏ တောကျေးလက်၏ ချစ်စရာကောင်းသောဓလေ့ဖြစ်၏ မိမိတို့ရွာမှ ရှိတာလေးတွေထုတ်ပြီးဧည့်ခံကြ၏။
ဘုန်းတော်ကြီးကျောင်းပြုပြင်ရန် အလှူငွေတသိန်း ဆန်နှစ်အိပ် စောင် သင်္ကန်းစသည်တို့ကျေးရွာဘုန်းကြီးအားလှူဒါန်းပြီး အိမ်ထောင်
စု ၈၀-စုံသောအခါ နာဂစ်ကြောင့်ကွယ်လွန်သူတွေကို ရည်စူးအမျှဝေကြ၏ ထို့နောက်အလှူခံတွေကို တဦးချင်းခေါ်ယူကာ ဆန် စောင်
ကျားဝတ်တစုံ မ၀တ်တစုံ ကလေးကျားမတစုံ ယားနာလိမ်းဆေး ဖျားနာသောက်ဆေး ဓါတ်ဆားထုတ်တို့ကို အိမ်တိုင်းရရှိအောင် စနစ်
တကျလှူဒါန်းနိုင်ခဲ့၏ ကျေးရွာမှ ကလေးအားလုံးကိုခေါ်ကာ အကျီ ဘောင်းဘီ တို့ကိုဝေပေး၏။
ကွမ်းခြံကုန်းကျေးရွာသိန်း၆၀-ဘိုး ခွဲဝေလှူဒါန်းခြင်းအစီအစဉ် ရွာသစ်ကုန်းရွာတွင်ပြီးဆုံး၏ ကွမ်းခြံကုန်းဇေယျသီရိန်ဘုန်းကြီးဦးမုနိန်
စီစဉ်ပေးသောကြောင့် ကျေးဇူးတင်ရပါ၏ ဒကာကျော်သန်းအဖွဲ့ ဒကာဖိုးချွန်းအဖွဲ့မှ လုပ်အားဒါန ကားဒါနဖြင့်ပန့်ပိုးလှူဒါန်းမှုကြောင့်သာ
ပိုပြီးအောင်မြင်ခြင်းဖြစ်၏ ဦးရေ၀တ၏ စနစ်တကျစီစဉ်မှုကလည်း အချိန်တိုတွင်းပြီးစေ၏ ဘုန်းကြီး၏မိတ်ဆွေဘုန်းကြီးများမှ မညီး
မညူ ၀ိုင်းဝန်းလိုက်ပါခြင်းကြောင့်လည်း ခန်းနားထယ်ဝါလှပါ၏ အားလုံးညီညွတ်မှုကြောင့်လှူဒါန်းရေးအောင်မြင်ခြင်းဖြစ်၏။
ကြည့်ရှုနေသော မိတ်ဆွေများနှင့် စေတနာရှင်အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါေ၏။

1 comment:

ဒီရေ said...

ဆရာတော် ဘုရား ၏ အလှူ ဒါန အတွက် သာဓု သာဓု သာဓု ပါ ဘုရား...