မိဘကို ဒါန-အမွေပေးသောသား
မြတ်စွာဘုရှားရှင်
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ သာဝ တ္ထိမြို့တော်တွင်
အဒိန္နပုဗ္ဗက လို့ခေါ်တဲ့ ပုဏ္ဏားတစ်ယောက်ရှိ၏။ အဒိန္နပုဗ္ဗကဟာ ဥစ္စာဓနတွေ များစွာကြွယ် ၀သော်လည်း
အလှူခံ ပုဂ္ဂိုလ်တွေကို ဘယ်တော့မှမလှူ သူမကြားခြင်ဆုံးစကာက အလှူခံခြင်းစကားသာဖြစ်၏ ဒါ့ကြောင့်
သူ့ကို တခါမှ မလှူဘူးသူ အဒိန္နပုဗ္ဗကဟု ခေါ်ဆိုကြခြင်းဖြစ်၏။
အဒိန္နပုဗ္ဗကသည်
သာဝတ္ထိတွင် သူဋ္ဌေးစားရင်းဝင်တဦးဖြစ်၏။ သူတို့တွင် အလွန်ချစ်စရာကောင်းသော သား တယောက်ရှိ၏။
နာမည်ကတော့ မဋ္ဌကုဏ္ဍလီဖြစ်၏ မြန်မာလိုကတော့ နားဋောင်းလေးဖြစ်၏ ဒီနာမည်ကလည်း သူဋ္ဌေးကြီး၏
ကပ်စေးနဲမှုပေါ် အကြောင်းပြုပြီး ရလာသည့် နာမည်ဖြစ်၏။
အဒိန္နပုဗ္ဗကသည် သားကိုချစ်သည် မြတ်နိုးသည်
မှန်သော်လည်း သားထက် ပစ္စည်ဥစ္စာကို ပို၍ချစ်၏ ပို၍ မြတ်နိုး၏။ သူ၏ပစ္စည်းဥစ္စာကိုတော့
နည်းနည်းမျှ အပွန်းအပဲ့မခံ၊ သားဖြစ်သူ မဋ္ဌကုဏ္ဍလီ အရွယ်လေးဝင်ကာစ ပြုလာတော့ ခုခေတ်
ကလေးတွေလို နားကွင်းလေး နားဋောင်းလေး ၀တ်ချင်လို့ ဖခင်ကို ဖွင့်ပြော၏။
ဖခင်ကလည်း သားစိတ်ချမ်းသာအောင် နားဋောင်းလေးတကွင်းကို
ရွှေပန်းတိမ်သည်ထံ အပ်နှံလျှင် လက်ခငွေ ကျေး ကုန်မှာဆိုးတာနဲ့ ကိုယ်တိုင်လုပ်ပေး၏
ပန်းတိမ်ပညာမရှိတဲ့သူ လုပ်တဲ့နားဋောင်းဆိုတော့ မလှမပ ပြောင် ချောချောလေး ဖြစ်နေ၏
သားကို ပြောင်ချောချော နားဋောင်းဝတ်ဆင်ပေး၏။ ထိုပြောင်ချောချော မလှမပ နားဋောင်းလေးကို
ဝတ်ဆင်ထားသောကြောင့် မဋ္ဌကုဏ္ဍလီဟု နာမည်တွင်ခဲ့ခြင်းဖြစ်၏။
အဒိန္နပုဗ္ဗကသည် သူ၏ပစ္စည်းတွေကို မလှူရက်
မသုံးစွဲရက်နဲ့ နှမျှောတွန့်တိုနေသူဖြစ်၏။ လှူလိုက် သုံးစွဲ လိုက်လျှင် ပစ္စည်းတွေ လျှော့ပါးသွာမည်ကို
သူမခံစားနိုင်။ မလှူဘဲ မသုံးစွဲဘဲနေပါက သူ့ပစ္စည်းတွေလျှော့ မသွား ဤသည်ကိုပင်
အရှိသုခဖြင့် ကျေနပ်နေသူဖြစ်၏။ လူဖြစ်ပါလျှက် လူမပီသသူဖြစ်၏။ မိမိပစ္စည်းကိုသာ
တွယ်တာမက်မောပြီး ဥစ္စာခြောက်နေသူဖြစ်၏။ မသေခင်ထဲက ဥစ္စာစောင့်ဖြစ်နေ၏။
သားဖြစ်သူ မဋ္ဌကုဏ္ဍလီသည်
(၁၆)နှစ်သားအရွယ်ရောက်လာသောအခါ အားအင်ကုန်ခန်းတဲ့ ဖျော့တော့ သောရောဂါ ဖြစ်လာ၏။
ခုခေတ်ဆိုလျှင် အသားဝါရောဂါဟု ဆို၇မှာဖြစ်၏။ မိခင်ဖြစ်သူက သားဖြစ်သူကို ဆရာ ကောင်း
သမားကောင်း တို့ဖြင့် ကုသပေးပါရန် တိုက်တွန်းသော်လည်း သူဋ္ဌေးကြီးအဒိန္နပုဗ္ဗက နဲနဲလေးမှမလှုပ်
ဘဲ ပိုက်ဆံကုန်မှာဆိုးတာကြောင့် သူကိုတိုင် ဆေးမီးတိုနဲ့ကု၏။
အနာတခြား ဆေးတခြားဖြစ်နေတော့
သားရောဂါမသက်သာဘဲ တနေ့တခြား အခြေအနေဆိုးလာ၏။ ထိုအခါမှ ဆေးဆရာအိမ်သို့သွား၍
အသားဝါရောဂါဖြစ်လျှင် ဘယ်လိုဆေးနဲ့ ကုသရသလည်းဟု မသိမသာမေး ၏။ ဆရာကလည်း ဆေးကုသဖို့
လာရောက်ပင့်ဆောင်ခြင်းမဟုတ်သဖြင့် တော်စွလျှော်စွပင် ပြောလိုက်၏။
ဆေးဆရာသည် လူနာကို သေသေချာချာစမ်းသပ်ပြီးမှ
ရောဂါဝေဒနာကို ခန့်မှန်းနိုင်ပြီး ဆေးပေးနိုင်မှာဖြစ် ၏။ သို့သော် အဒိန္နပုဗ္ဗကသည်
စမ်းသပ်ခ ဆေးဘိုးဝါးခ ပိုက်ဆံပေးရမှာ စိုးရိမ်သောကြောင့် မသိမသာမေး ခြင်းဖြစ်၏။
ဆေးဆရာကလည်း ကပ်စေးနည်း သူဋ္ဌေးကြီးကို အမြင်ကပ်တာနဲ့ တော်စွလျှော်စွ ပြောလိုက်တာ ကို
အဟုတ်ထင်ပြီး ပိုက်ဆံမကုန်ပဲ
ရလာတဲ့ဆေးနည်းအတိုင်း သစ်ဥသစ်ဖုတွေကို တောမှာကိုယ်တိုင်သွား တူးပြီး ကြိုချက်၏
အမှုန့်လုပ်ရမယ့်ဟာ အမှုန့်လုပ်၏၊ ပြီးတော့ သားကိုဆေးတိုက်၏။
သို့သော် ဆေးနည်းက မမှန်လေတော့ ရောဂါက မသက်သာပဲ ပို၍သာဆိုးလာ၏။ ရောဂါလည်း
ကြွမ်းခဲ့ပြီ အချိန်လည်း နှောင်းခဲ့ပြီး အဒိန္နပုဗ္ဗကသည် နောက်ဆုံးမှ သမားတော်ကိုပင့်၏ သမားတော်သည်
မဋ္ဌကုဏ္ဍလီ၏ ရောဂါကို စစ်ဆေး၏။ စမ်းသပ်၏။
သမားတော်သည် လူနာကို သေသေချာချာ စမ်းသပ်သောအခါ
မိမိဘယ်လိုမှ မတတ်နိုင်တော့တဲ့အခြေ အနေ ရောက်နေ၏ မိမိဆေးချက်
အစွမ်းမထက်နိုင်ကြောင်း သိရှိသဖြင့် အခြားသမားတော်ကိုပင့်ရန် လမ်းညွန်ပြီး
လက်လျှော့လိုက်၏။
အခြားသမားတော်များလည်း ရောဂါကျွမ်းနေပြီဖြစ်သောလူနာကို လက်မခံတော့ပါ။
သမားတော်တွေ လက်မခံတော့သောအခါ သားမဋ္ဌကုဏ္ဍလီ
တကယ်သေတော့မှာကို သိတဲ့အတွက် အဒိန္န ပုဗ္ဗကသည် သားကို အိမ်တွင်းမှာမထားတော့ပဲ
အပြင်ကိုထုတ်ထားလိုက်၏။ အိမ်ထဲမှာထားရင် လူနာမေးလာ တဲ့သူတွေ အိမ်တွင်းက ပစ္စည်းတွေကို
မြင်သွားမှာစိုးလို့တဲ့၊ ကဲကြည့် ဘယ်လောက်များ ပစ္စည်းဥစ္စာ အပေါ်မှာ
တွယ်တာတပ်မက်နေသလဲဆိုတာ။ သားထက် ပစ္စည်းဥစ္စာကို ပိုချစ်နေသော အဒိန္နပုဗ္ဗကဖြစ်၏။
သို့သော် အဒိန္နပုဗ္ဗက၏ ရင်တွင်း၌ ပစ္စည်းဥစ္စာကို
တွယ်တာသော်လည်း သားကိုချစ်တဲ့ ချစ်ခြင်းကတော့ ပြင်း စွာဖြစ်နေ၏ အချိန်အခါတွေ လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် မိမိရဲ့
မိုက်မဲမှုကို မိမိသလျှင် ရင်နှင့်မမျှ ခံစားရတော့ မယ်ဆိုတာ ကြိုသိနေ၏။
နောင်မှတရတဲ့ နောင်တဆိုတာ သူဋ္ဌေးကြီး အဒိန္နပုဗ္ဗကကို နှိပ်ဆက်လေပြီ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
မဟာကရုဏာသမာပတ်က ထတော်မူပြီး ကျွတ်ထိုက်တဲ့သူတွေကို ကြည့်ရှုတော် မူတဲ့အခါ
မကြာခင်ဇိဝှိန်ချုပ်တော့မယ့် မဋ္ဌကုဏ္ဍလီ သတို့သားလေးကို မြင်တော်မူ၏။ အမှန်အား ဖြင့်
မဋ္ဌကုဏ္ဍလီ မိသားစုတွင် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် ဘာကုသိုလ်မှ မရှိသော သနား
စရာမိသားစုဖြစ်၏။
Type your summary here. Type the rest of your post here.