Monday, May 30, 2011
အင်ဒိုနီးရှားခရီးစဉ်(၁၂)
များတွေ့ရခြင်းဖြစ်၏ ကိုလိုနီခေတ်၏ အရိပ်အငွေ့များဟု သူတို့တတွေဆိုကြ၏။
ဥရောပသားတွေကတော့ မြို့ပြတည်ဆောက်တာကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လှလှပပ တည်ဆောက် တတ်ပါ၏ သူတို့မြို့တွေ၏ ရေလမ်းတွေသည် အပန်းဖြေခရီးအတွက်အသုံးပြုခြင်းဖြစ်၏ အာရှသားတွေလက်ထဲရောက် လာတော့ ဂျကာတာမြို့သည် ဥရောပသားတွေထင်သလို သာယာလှပသော ရေမြောင်းတွေဖြစ်မလာဘဲ ညစ်ပတ်သော ရေဆိုးမြောင်းတွေအဖြစ်သာ တွေ့မြင်ရပါတော့၏ ။
လူနေမှု အဆင့်အတန်းဘဲ ကွာလို့လား -----ဆင်းရဲချမ်းသာဘဲ ကွာလို့လား----------လူတွေရဲ့စိတ်ဓါတ်ရေးရာတွေ ဘဲ ကွာလို့လားမသိ ပတ်ဝန်းကျင် -သာယာလှပအောင် နေတတ်တာတို့ -အဆင့်တန်းမြင့်မြင့် စားသောက်တတ်တာတို့ ကတော့ ဥရောပသားတွေသည် အာရှသားတွေထက် သာတာကတော့ သေချာ၏ ယ္ခုလက်တွေ့သာဓက အနေနဲ့ ဂျကာ တာမြို့ကို ကြည့်လျှင်ဘဲ ထင်ရှားလှပါ၏။
မိုးထဲလေထဲဘဲ ဂျကာတာမြို့ကို လိုက်လံကြည့်ရှု၏ တိုက်တာမြင့်မြင့် အဆောက်အဦးတွေ မြို့လယ်ကောင်တွင် အတော်များများတွေ့ရ၏ ဂျကာတာလဲအာရှ၏မြို့တော်တခုဆိုတော့ စည်ကားတာတွေ့ရပါ၏ မြို့တော်၏ လမ်းတချို့တွင် ရေမြောင်းမတွေ့ရဘဲ ဘတ်စ်ကားလမ်းသည် လမ်းလယ်ကောင်တွင် တွေ့ရခြင်းဖြစ်၏ ဘတ်စ်ကားလမ်းသည် သာမန် လမ်းမြေပြင်ထက် ၆-လက်မလောက်မြင့်ထားသော တလမ်းသွားဖြစ်၏
သာမန်ကားတွေ ဘယ်ကားမှတက်လို့မရအောင် လုပ်ထားခြင်းဖြစ်၏ ဘတ်စ်ကားတစီးနှင့် တစီးလဲကျော်တက်လို့ မရပါ အစဉ်အတိုင်းသာ သွားရမှာဖြစ်၏ ဘတ်စ်ကားဂိတ်သည် လမ်းလယ်ကောင်တွင် သေသေချာချာ လုပ်ထားတာ တွေ့ရ၏ ဘတ်စ်ကားစီးသူတွေလဲ ဂုံးကျော်တံတားမှတဆင့် လမ်းလယ်ကောင် ဘတ်စ်ကားဂိတ်သို့သွားကာ စီးရခြင်းဖြစ် ၏ ကားတွေများပြီး လမ်းကြပ်သည့်ကိစ္စကို ဖြေရှင်းသည့် နည်းလမ်းတခုအဖြစ်တွေ့မြင်ရ၏။
ကားမောင်သူ လားနီသည် ကားမောင်ကြွမ်းကျင်လှ၏ ဂျကာတာမြို့တော်ကို နှံ့အောင်လိုက်ပို့၏ မြို့တော်၏ လမ်း အကြောင်းတွေကိုလဲ သေသေချာချာ ဃဃဏဏ သိထားပုံရ၏ ဘယ်အချိန် ဘယ်နေရာမှာ ကားကြပ်နိုင်သည်ဆိုတာ
သူ့ရဲ့သွားလာမှု အတွေ့အကြုံအရ သိထားတော့ ကားနည်းသည့်လမ်းတွေက လှည့်ပတ်မောင်းပို့၏ ကားမောင်းကြွမ်း ကျင်သလို လက်ကလဲ ပိုက်ဆံပေးတာ မြန်လှ၏။
ကားကွေ့နိုင်အောင်လုပ်ပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ကား ထွက်နိုင်အောင် လုပ်ပေးသူကိုလည်းပိုက်ဆံ ပေးတာတွေ့ရ၏ ကားပါကင်ရှာပေးသူကိုလည်းပိုက်ဆံပေးတာတွေ့ရ၏ ပိုက်ဆံပေးတာကတော့ တွန့်ဆုတ်မှု လုံးဝမတွေ့ ရပါ လားနီ၏လှုပ်ရှားမှုတွေ ဘုန်းကြီးတစေ့တစောင်းအကဲခတ်၍ ကြည့်မိ၏ ရှင်တော်မြတ်ဘုရား၏ ပေးကမ်းစွန့်ကြဲခြင်း သည် အရာရာအောင်မြင်သည်ဆိုသည့်စကားကို လက်တွေ့အကောင်အထည် ဖေါ်ပြနေသလားလို့တွေ့မြင်ရ၏ သူကိုယ် တိုင်တော့ သဘောပေါက် မပေါက် ဘုန်းကြီးမသိပါ ငွေလမ်းပေါ်က ခရီးစဉ်ပါပေ။
ဂျကာတာမှ မဟာယာနကျောင်းတော်
လားနီသည် မဟာယာန ဗုဒ္ဓဘာသာကို အဓိက ကိုယ်းကွယ်သူဖြစ်၏ ယ္ခုလည်း သူကိုယ်းကွယ်သည့် မဟာယာနဗုဒ္ဓ ဘာသာကျောင်းကို လိုက်လံပြသရန် ဂျကာတာမြို့လယ်ကောင်မှ မြို့နယ်တခုစီသို့ မောင်းလာခြင်းဖြစ်၏ မကြာခင်မှာဘဲ မဟာယာနဗုဒ္ဓဘာသာကျောင်းကို ကားလမ်းပေါ်မှတွေ့မြင်ရ၏ အပေါ်ဆုံးထပ် လသာဆောင်တွင် မတ်ရပ်တော် ဗုဒ္ဓရုပ် ပွားတော်ကြီးကို တည်ထားတာကို အဝေးမှ လှမ်းဖူးမြင်ရ၏။
အင်ဒိုနီးရှားသည် တရုပ်တွေချမ်းသာတာကတော့ သေချာ၏ သူတို့နှင့် ပတ်သက်သော ဘာသာရေး အဆောက်အဦး
တွေသည် ခမ်းနားထယ်ဝါလှပါ၏ မဟာယာနဗုဒ္ဓဘာသာကျောင်းတော်ကြီးကိုကြည့်ပြီး ၀မ်းမြောက်မိ၏ ဘာသာခြားနိုင်ငံ တခုတွင် ဗုဒ္ဓဘာသာကို ထယ်ဝါစွာ ဆောက်တည်နိုင်တာကိုလည်း ဂုဏ်ယူမိပါ၏ ကျောင်းတော်ကြီးအတွင်း ဘုရားဖူးပြီး ဓါတ်ပုံရိုက်နေတုံး ဒကာတယောက် လာဝတ်ချတာတွေ့ရ၏ ။
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၉-၅-၂၀၁၁
Sunday, May 29, 2011
အင်ဒိုနီးရှားခရီးစဉ်(၁၁)
ပြောစရာဖြစ်လောက်အောင်လဲဖြစ်နေ၏ မိုးကောင်းကင် ကြည့်ပြန်တော့လဲ တမိုးလုံး အုံ့မှိုင်းနေ၏ ဂျကာတာမြို့
ကို လှည့်လည်ကြည့်ရှုသောနေ့သည် ကိုရွှေမိုးက အဖေါ်အဖြစ်လိုက်ပါလာမှာသေချာနေ၏ ဆွမ်းစားပြီးသောအခါ မိုးရွာ ထဲမှာဘဲ ဂျကာတာမြို့လယ်ကောင် မိုးနတ်မျှော်စင်ရှိရာသို့ ထွက်ခွါလာခဲ့၏ မိုးသိပ်ရွာနေတော့ မြို့ရှုခင်းကိုတော့ မပီဝိုးတ ၀ါးနဲ့ဘဲ ကြည့်ရှုရပါ၏ ထင်ထင်ရှားရှားတော့ မမြင်တွေ့ရပါ မိုးနတ်မျှော်စင်ရှိရာ မြို့လယ်ကောင် ရောက်လာတော့ ကား
ထားရာပါကင်၌ ကားရပ်ချိန်တွင် ထီးကလေးတွေကိုစီဖြင့် ကြိုဆိုနေတာတွေ့ရ၏။
ဘုန်းကြီးအမြင်တော့ အတော်ဧည့်ဝတ်ကျေပြီး ၀န်ဆောင်မှုကောင်းတဲ့ အင်ဒိုနီးရှားနိုင်ငံဘဲဟု ထင်မြင်မိလိုက်၏ သို့သော် ဘုန်းကြီးအထင်သည် တက်တက်စဉ်အောင်လွဲနေ၏ ၀န်ဆောင်မှုကောင်းခြင်းမဟုတ် ထီးဆောင်းပေးပြီး ပိုက် ဆံတောင်းခြင်းဖြစ်၏ အင်ဒိုနီးရှားတွေ ပိုက်ဆံရှာတာ မြန်မာပြည်သားတွေနဲ့ သာတယ်ဟ ဟု စိတ်ထဲမှာ ပြုံးမိ၏ ထီးတ လက်ရှိလျှင် လုပ်စားလို့ရသော အင်ဒိုနီးရှားပါပေ။
ဂျကာတာမှ-မိုးနတ်မျော်စဉ်။
ထီးဆောင်းပေးပြီး မိုးနတ်မျှော်စင်ရှိသည့်နေရာကို ထွက်ခွါမည့်ရထားထံ လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်၏ ထီးတော် မိုးပေးတာကို ဘ၀င်မြင့်နေတဲ့လူစားတွေ အင်ဒိုနီးရှားရောက်ရင်တော့ သင်္ခန်းစာလှလှ ရမည်မှတ် ရထားနဲ့တဆင့် မိုးနတ်
မျှော်စင်ရှိရာကို သွားရခြင်းဖြစ်၏ နီးနီးလေးကို ရထားနဲ့ပတ်ပြီး ကြည့်ရှုရန် စီစဉ်ထားခြင်းဖြစ်၏ အင်ဒိုနီးရှားတွေ သူတို့
မျှော်စင်ကို တန်ဘိုးရှိအောင်လုပ်ထားခြင်းဖြစ်၏။
ရထားမှဆင်းပြီး မျှော်စင်ကုန်းပေါ်ကို တိုက်ရိုက်သွားလို့မရပါ လမ်းတဖက်ကမ်း မြေအောက် လှိုင်လမ်းမှ တဆင့်သွား
ရ၏ အလကားတော့မရပါ မြေအောက်လှိုင်ဖြတ်ခ လက်မှတ်ဝယ်ရပြန်၏ အဆင့်ဆင့် ပိုက်ဆံတောင်းတတ်သော အင်ဒို နီးရှားတွေ ချီးမွမ်းစရာပါ မိုးနတ်မျှော်စင်ပေါ်တက်ရန် လက်မှတ်တခါဖြတ်ရပြန်၏ ငွေလမ်းခင်းပြီးသွားရသော အင်ဒိုနီး ရှားဖြစ်၏ မိုးနတ်မျှော်စင်တာဝါသည် မလေးရှားတာဝါတွေလောက် အဆင့်မြင့်တာမတွေ့ရပါ သန့်ရှင်းမှုလဲ မလေးရှားကို အင်ဒိုနီးရှားလိုက်မမှီပါ လူဦးရေများတော့လဲ ကွာဟချက်ရှိတာပေါ့လေ။
မိုးနတ်မျှော်စဉ်သည် ဂျကာတာမြို့ အလည်ကောင်တည့်တည့်တွင် တည်ထားခြင်းဖြစ်၏ မိုးနတ်မျှော်စင်မှတဆင့် ဂျကာတာမြို့၏ အရှေ့ အနောက် တောင် မြောက်ကိုခွဲထားသည်ဟုဆို၏ မျှော်စင်ပေါ်မှ ဂျာကာတာမြို့တော်၏ တိုက်တာ
အဆောက်အဦးတွေကို လှလှပပ တွေ့မြင်ရ၏ သမ္မတအိမ်တော်လဲ မျှော်စင်နားတွင်တွေ့မြင်ရ၏ ရှုခင်းတွေကို အမှတ်တ ရ ဓါတ်ပုံရိုက်ယူ၏ မိုးအုံ့နေတာနဲ့ ဓါတ်ပုံရိုက်ရတာအစဉ်မပြေပါ အင်ဒိုနီးရှားသူလေးတွေလဲ ဘုန်းကြီးတို့နှင့် ဓါတ်ပုံတွဲ ရိုက်ရန် ခွင့်တောင်းလာတာနှင့် ရိုက်ခွင့်ပေးလိုက်၏။
အင်ဒိုနီးရှားတွေ ဘုန်းကြီးတို့ သင်္ကန်းရုံထားပုံကို စိတ်ဝင်တစား ကြည့်ရှုတာတွေ့ရ၏ ဘုန်းကြီးတွေကို တခါမှ မတွေ့ ဘူးသော အင်ဒိုနီးရှားတယောက်က ဘုန်းကြီးတွေ သင်္ကန်းရုံထားတာကိုကြည့်ပြီး နားလည်သူ စကားပြန်ကို တိုးတိုး တိတ်မေးတဲ့ စကားကတော့ အတော်ရီစရာကောင်းလှ၏ သူဘယ်လိုမေးသလဲဆိုတော့ ဒီလောက်တောင် အ၀တ်တွေ ပတ်ထားတာ သူအတော်ဖျားနေလို့လားတဲ့ ကဲပရိတ်သတ်ရေ ခံစားချင်သလိုသာ ခံစားလိုက်ပါတော့ ဘုန်းကြီးတို့လည်း အင်ဒိုနီးရှားတွေ ဘုန်းကြီးတို့ကို ကြည့်ပြီး ပြုံးစိစိလုပ်သွားရင် ခုန မေးခွန်းသတိရပြီး ကိုယ်လဲ ပြုံးစိစိ ပြန်ဖြစ်သွားတယ်
ဒါပေမဲ့ အပြုံး အပြုံးချင်းတုံ့ပြန်လိုက်လို့ သိပ်မဆိုးပေမဲ့ ပြုံးပုံ အဓိပ္ပါယ်ခြင်းကတော့ တူခြင်မှ တူမှာပေါ့လေ။
ဝန်ထမ်းတဦးမှ ဘုန်းကြီးတို့အုပ်စုအား မိုးနတ်မျှော်စင်အကြောင်း လိုက်လံရှင်းပြ၏ ပထမတော့ နိုင်ငံခြားသားတွေ ကို လိုက်လံရှင်းပြသည်ဟု ထင်မိခဲ့၏ သို့သော် သူကိုလည်း လိုက်လံရှင်းပြခ ပိုက်ဆံပေးလိုက်တာ တွေ့ရမှ အင်ဒိုနီးရှား တွင် အလကား ဘာမှမရဘူးဆိုတာ သဘောပေါက်သွား၏။
မျှော်စဉ်မှအပြန် ဂျကာတာမြို့ကို ကားဖြင့်လိုက်လံပြသ၏ မိုးတွေရွာနေတော့ မပီမပြင် ၀ိုးတ၀ါးသာ ကြည့်ရှုခဲ့ရပါ၏
ဂျကာတာမြို့သည် မြို့လမ်းအလယ်ကောင်တွင် ရေမြောင်းရှိပြီး ရေမြောင်းတဖက်စီမှ ကားလမ်းထားခြင်းဖြစ်၏ ဒတ်(ခ်ျ) ကိုလိုနီတွေ အုပ်ချုပ်ခဲ့ပြီး သူတို့တည်ဆောက်ခဲ့သော မြို့တော်အစိတ်အပိုင်းများ၏ လမ်းအလယ်ကောင်တွင် ရေမြောင်း
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ်၂၈-၅-၂၀၁၁
Saturday, May 28, 2011
အင်ဒိုနီးရှားခရီးစဉ်(၁၀)
ဘုရားနှင့် မတွေ့ဆုံရန် သူဌေးကြီးအား မှာကြားလိုက်၏ သူဌေးကြီးသည် သူ့ဆရာ တိတ္တိတို့ မှာကြားသည့် အတိုင်း
လိုက်ကာ အတွင်းကနေ၍ တရားတော်ကိုနာယူ၏ မြတ်စွာဘုရားသည် သူဌေးကြီး၏ ပါရမီအလျှောက် တရားဒေသနာ
ကို ဟောကြားတော်မူရာ သူဌေးကြီးသည် သစ္စာလေးပါးကို ထိုးထွင်း၍သိပြီး သောတာပန်ဖြစ်သွားလေ၏။
ထို့နောက် သူဌေးကြီးသည် လိုက်ကာကိုမ၍ ချွေးမဖြစ်သူ ၀ိသာခါထံသို့ သွားကာ ၀ိသာခါကို မိမိ၏ မိခင်အရာ၌ ထားပါကြောင်း ပြောကြားလေ၏ ထို့နောက် မြတ်စွာဘုရားကို ရှစ်ခိုးဦးချ၍ သူဌေးကြီးက မိမိ၏ချွေးမကြောင့် သူသည်
အပါယ်လေးပါးမှ လွတ်မြောက်သူ ဖြစ်ရပါပြီဟု လျှောက်ထားလေ၏။
နောက်တနေ့၌ ၀ိသာခါသည် ဘုရားအမှူးရှိသော သံဃာများကို ပင့်၍ ဆွမ်းကပ်ပြန်၏ ဒုတိယအကြိမ်၌ မြတ် ဘုရား တရားဒေသနာ ပြီးဆုံးချိန်ဝယ် သူဌေးကတော်ကြီး သောတာပန် ဖြစ်သွားလေ၏ ထိုအချိန်မှစ၍ မိဂါရသူဌေး ကြီးအိမ်သည် မြတ်စွာဘုရား သာသနာတော်အတွက် ဟင်းလင်းဖွင့်ထားသော တခါးသဖွယ် ဖြစ်လေတော့၏။
မိဂါရသူဌေးကြီးသည် ချွေးမဖြစ်သူ ၀ိသာခါအား များစွာကျေးဇူးတင်၏ မိဂါရသူဌေးကြီးတို့မိသားစုအားလုံး ဗုဒ္ဓဘာ
သာဝင်ဖြစ်ခြင်းသည် ၀ိသာခါဆိုသော ချွေးမ၏ ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းနှင့် တွေ့ဆုံရခြင်းကြောင့်သာ ဖြစ်၏ မိဂါရသူဌေးကြီးတို့ ဇနီးမောင်နှံသည် သောတာပန်များ ဖြစ်သဖြင့် ၇-နှစ်ဘ၀သာ သံသရာ၌ ကျင်လည်ရမည် ဖြစ်၏ ခုနှစ်ဘ၀၏ ထိုမှာဘက်၌ ဒုက္ခအားလုံးတို့၏ ချုပ်ငြမ်းရာ နိဗ္ဗာန်ချမ်းသာသည်ရှိ၏ သောတာပန်ဘ၀နှင့် ယ္ခုပင် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနေပြီဖြစ်၏။
ဤချမ်းသာကား ချွေးမဖြစ်သူ ၀ိသာခါကို အကြောင်းပြု၍ ရအပ်သောချမ်းသာဖြစ်၏ ထို့ကြောင့် သူဌေးကြီးသည် မိမိ၏ ချွေးမ ၀ိသာခါကို မိခင်အရာ၌ထားပြီး မိမိ၏ မိခင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်၏ အမှန်အားဖြင့်လည်း ချွေးမ၏ ကျေးဇူးသည် အနန္တဖြစ်လေသောအခါ ကျေးဇူးရှုထောင့်မှကြည့်လျှင် မိခင်၏ အမည်ကိုရထိုက်ပါ၏။
ယ္ခုခေတ် ဘာသားခြားနှင့် အိမ်ထောင်ပြုကြသော အမျိုးသမီးများသည် ၀ိသာခါကိုအားကျသင့်၏ ၀ိသာခါ၏ စွမ်း ရည်မျိုး ၀ိသာခါ၏ အရည်အချင်းမျိုး ၀ိသာခါ၏ လိမ္မာပါးနပ်မှုမျိုးတွေ ပိုင်ဆိုင်နိုင်အောင် ကျိုးစားပြီး မိမိ မိသားစုကိုမှန် ကန်သော ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် စွမ်းဆောင်နိုင်သင့်၏ ဤ၀ိသာခါ ဇာတ်လမ်းကို အားမင်(ခေါ်)ခေတ်သစ် ၀ိသာခါကို အကြောင်းပြုပြီး ရေးသားလိုက်ခြင်းဖြစ်၏ ဇင်မာဝင်း တယောက် ၀ိသာခါကို ရှင်းပြနိုင်ပါစေ။
ဘုန်းကြီးတို့စီးလာသောကားသည် ၁၁-နာရီဝန်းကျင်တွင် ဂျကာတာမြို့ အဆင့်မြင့်မြင့် စားသောက်ဆိုင် တခုသို့ ရောက်ရှိလာ၏ ဂျကာတာသည် ငွေလမ်းခင်းပြီး လှည့်လည်ရသောမြို့ဖြစ်၏ ကားကွေ့ဖို့ လာသောကားကို လက်တား ပေးလျှင်လဲ ပိုက်ဆံပေးတာတွေ့ရ၏ ကားပါးကင်ရှာပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ကားမှအဆင်း ထီးလာမိုး ပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ပေးသူနှင့် ယူသူ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ပေးယူနေတာကိုတွေ့မြင်ရ၏
အင်ဒိုနီးရှားတွေ လုပ်စားတာ မြန်မာတွေထက် သာနေတာတွေ့ရ၏။
ဆွမ်းဦးလှူတာ - ၀ိသာခါ။
အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ဆွမ်းဦးကို အားမင်ခေါ် ၀ိသာခါမှ ကပ်လှူခြင်းဖြစ်၏ စားသောက်ဆိုင်က အဆင့်မြင့်
မြင့်ဆိုတော့ ချက်ပြုတ်ထားတာတွေလဲ ကောင်းမွန်ပါ၏ တရုပ်စာ ကြိုက်သလားလို့ ကားပေါ်တွင် အားမင်ကမေး၏ နှစ်
သက်ကြောင်းပြောလိုက်လို့ ယ္ခု တရုပ်စားသောက်ဆိုင်ကို ပင့်လာခြင်းဖြစ်၏ အားမင်သည် ဘုန်းကြီးတို့နှစ်ပါးကို ကိုယ် တိုင်ကပ်လှူ၏ ဆွမ်းအမ ၀ိသာခါ ခေါ် အားမင်သည် ပထမဆုံး ဆွမ်းကပ်ရလို့ အတော်ပျှော်ရွှင်နေပုံရ၏။
ဆွမ်းတန်ဖိုး ဘယ်လောက်ကြသလဲလို့ မေးကြည့်တော့ ဇင်မာဝင်းမှ ဘုန်းဘုန်းတို့ မသိချင်ပါနဲ့ဘုရားဟု လျှောက်
ထား၏ တော်တော်ကြာ ဘုန်းကြီးတို့ရေးတဲ့ စာအုပ်ထဲ ပါလာမှာစိုးလို့ဟု ပြန်ပြော၏ ဘုန်းကြီးအထင်တော့ ဤလို ဆွမ်း တ၀ိုင်းဆိုလျှင် နှစ်သိန်းခွဲ သုံးသိန်းလောက်ကြမည်ထင်၏ စားသောက်ဆိုင်ရောက်ပြီးဆွမ်းစားကာမှ ကိုရွှေမိုးက ဘယ် အငြိုးနဲ့မသိ အကြီးအကြယ်ရွာပါတော့၏ ဇင်မာဝင်းက ဘုန်းဘုန်းတို့ မလေးရှားကနေ မိုးပါခေါ်လာတာကိုးဟု ရီစရာ ပြော၏။
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်ကြာသပတေးသတင်းစဉ် ၂၆-၅-၂၀၁၁
Thursday, May 26, 2011
အင်ဒိုနီးရှားခရီးစဉ်(၉)
၇။ ချမ်းသာစွာ စားရမည်---------ဟူသည်မှာ ယောက္ခမ မိဘ ခင်ပွန်း တို့ကို ရှေးဦးစွာ ကျွေးမွေးပြီးမှ မိမိ အနေဖြင့် ကျန်လျှင်စားပြီး မကျန်လျှင် သင့်လျှော်သလို စီစဉ်၍ စားရမည် ဟူ၍ ဖြစ်၏။
၈။ ချမ်းသာစွာ အိပ်ရမည်----ဟူသည်မှာ ယောက္ခမ မိဘများနှင့် ခင်ပွန်းသည်တို့ မအိပ်မီ သင့်လျှော်သော ၀တ္တရား
များကို ပြုလုပ်ပေး၍ သူတို့ အိပ်ပြီးမှ အိပ်ရမည် ဟူ၍ ဖြစ်၏။
၉။ မီးကို ရိုသေစွာ လုပ်ကျွေးရမည်------ဟူသည်မှာ ခင်ပွန်းသည်၏ မိခင်နှင့်ဖခင်ကို ယဇ်မီးကဲ့သို့ အလေးအမြတ် ပြု၍ စောင့်ရှောက်ရမည် ဟူ၍ ဖြစ်၏။
၁၀။ အိမ်ဦးနတ်ကို ရိုသေရမည်----ဟူသည်မှာ မိမိ၏ ခင်ပွန်းကို အိမ်ဦးနတ်ကဲ့သို့ ရိုသေလေးစားစွာ ဆက်ဆံရမည် ဟူ၍ ဖြစ်၏။
ဝိသာခါ၏ ရှင်းပြချက်ကို ကြားရသောအခါ သူတို့ မကြားဘူးသော ဓမ္မနှင့်ယှဉ်သော သြ၀ါဒဖြစ်သောကြောင့် သူဌေးကြီး ရှစ်ဦးတို့ ၀ိသာခါ အပေါ် များစွာ လေးစားသွား၏ ၀ိသာခါ ဖခင် ဓနဉ္စယသူဌေးကြီး အပေါ်၌လည်း အလွန်
လေးစားကြည်ညိုသွား၏ မိဂါရ သူဌေးကြီးလည်း ၀ိသာခါအပေါ် အထင်မှားခဲ့သည့် အတွက် များစွာ နောင်တရ၏ အမှန်အားဖြင့် ၀ိသာခါသည် တကယ်ပင် သူတော်ကောင်း ဖြစ်ကြောင်း တွေ့ကြရလေပြီ။
လောကတွင် သူတော်ကောင်းဖြစ်ဖို့အတွက် အမှားကို အမှားမှန်း သိဖို့သာအရေးကြီးပါ၏ မိဂါရသူဌေးကြီးသည် ၀ိသာခါနှင့် ပတ်သက်၍ အမှားကို အမှားမှန်းသိလေပြီ ထို့ကြောင့် သူသည် သူ၏ အမှားကို ပြင်ရန် ဆုံးဖြတ်လိုက်၏ မိဂါရသူဌေးသည် ပါရမီရှိသူ မြင့်မြတ်သော စိတ်ထားရှိသူဖြစ်၏ မိမိ အယူကို မှားမှန်းသိလျှက် မြဲမြံစွာ ကိုင်ထားသူ မဟုတ် မိမိ အယူကို မှားမှန်းသိလျှက် မစွန့်ချင်သူ မဟုတ်၊ မိမိ အယူကို မှားမှန်းသိသည်နှင့် တပြိုင်နက် ချက်ချင်း စွန့်လွှတ်ရန် မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်သူဖြစ်၏။
ဝိသာခါသည် ဘာသာခြား ယောက္ခမကြီး၏ မိမိ အပေါ်တွင် သံသယဖြစ်ဖွယ် ကိစ္စမှန်သမျှကို မှန်ကန်သော နည်း လမ်းဖြင့် ဖယ်ရှင်းကာ အောင်မြင်မှု ရလိုက်ပါပြီ မိမိ၏ လူမှုရေးအောင်မြင်မှုကို အသုံးချ၍ ဘာသာရေးအောင်မြင်မှု ရရှိ ရန် ဆုံးဖြတ်ချက်ချကာ ယ္ခုကဲ့သို့ ပြောဆိုလိုက်ပါ၏ ဖခင်တို့ သမီးသည် မိဂါရသူဌေးကြီး၏ နေအိမ်တွင် မနေတော့ဘဲ မိဘရပ်ထံ ပြန်ပါတော့မည်ဟု သူဌေးကြီး ရှစ်ဦးနှင့် မိဂါရသူဌေးကြီးအား ပန်ကြားလိုက်၏။
ထိုအခါ မိဂါရသူဌေးကြီးသည် သူ၏အပြစ်ကို ၀န်ခံပြီး ၀ိသာခါအား မပြန်ရန် မေတ္တာရပ်ခံ၏ သူဌေးကြီး ရှစ်ဦးကလဲ ၀ိုင်းဝန်း မေတ္တာရပ်ခံ၏ ထိုအခွင့်ရေးမျိုးပေါ်လာရန် ၀ိသာခါ စောင့်မျှော်နေခဲ့ခြင်းဖြစ်၏ ၀ိသာခါသည် ရရှိသည့် အခွင့် အရေးကို ကောင်းကောင်း အသုံးချလေပြီ သမီးကိုးကွယ်သည့် ဘုရားရှင်နှင့် သံဃာများကို ကိုးကွယ်ခွင့် ရပါမှ ဤအိမ်
၌ ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း တောင်းဆိုရာ နောက်ဆုံးတော့ မိဂါရသူဌေးကြီး ခွင့်ပြုရလေပြီ အခွင့်အရေး တခုကို လိမ္မာပါးနပ်စွာ အသုံးချတတ်သော ၀ိသာခါ ဖြစ်ပါ၏။
ဝိသာခါသည် နောက်တနေ့၌ မြတ်စွာဘုရား အမှူးပြုသော သံဃာတော်များကို မိမိအိမ်သို့ပင့်၍ ဆွမ်းကပ်လေ၏ မိဂါရသူဌေးကြီးအိမ်၌ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်များကို ၀ိသာခါက ဆွမ်းကပ်ကြောင်း သတင်း ကြားရလျှင် တိတ္တိတွေကိုးကွယ်သော ပရိတ်သတ်နှင့် တိတ္တိအားလုံး အုဠ်အော်သောင်းနင်း ဖြစ်ကုန်၏ တိတ္တိတို့သည် သူဋ္ဌေးကြီးအား မြတ်စွာဘုရားနှင့် မတွေ့နိုင်စိမ့်သောငှာ သူဌေးကြီးကို ၀ိုင်းဝန်းတားရန်အတွက် သူဌေးကြီးအိမ်သို့ ရောက်လာကြ၏ သူဌေးကြီးကိုလည်း ၀ိုင်းဝန်းထားကြ၏ သူဌေးကြီးကလည်း တိတ္တိတို့နှင့်သာ ပြောဆို၍နေ၏။
ဝိသာခါသည် ဆွမ်းကပ်ပြီးသောအခါ မြတ်စွာဘုရားထံမှ တရားတော်ကိုနာယူရန် ယောက္ခမကြီးအား ဖိတ်ကြား၏
ထိုအခါ တိတ္တိတို့က သူဌေးကြီးအား မြတ်စွာဘုရားထံသို့ တရားနာမသွားရန် တားမြစ်၏ သူဌေးကြီးကလည်း ၀ိသာခါ
အား မိမိဘာသာ မိမိ တရားနာယူရန် ပြန်ကြား၏ သို့ရာတွင် ၀ိသာခါက ဒုတိယအကြိမ် ဖိတ်ပြန်၏ နှစ်ကြိမ်ဖိတ်တော့
သူဌေးကြီး မနေသာတော့ပါ အားနာပါးနာ တရားနာရတော့မည်ဖြစ်၏။
တိတ္တိတို့ကလည်း တရားနာလျှင် အပြင်ဘက်သို့ ထွက်မနာဘဲ လိုက်ကာအတွင်းကနေပြီး တရားနာယူရန် မြတ်စွာ
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၅-၂၀၁၁
Wednesday, May 25, 2011
အင်ဒိုနီးရှားခရီးစဉ်(၈)
တို့ကို အမိန့်ပေးလေ၏ ထိုအချိန်တွင် ၀ိသာခါ၏ ကျွန်အမှုလုပ်တို့သာရှိကြလေရာ ၀ိသာခါကို နှင်ထုတ်ဖို့ မဆိုထားနှင့်
လက်ဖြင့် ထိဝံ့သူတောင် မရှိပါချေ။
ဝိသာခါသည် ယောက္ခမကြီးအား ကယ်ချွတ်ရမည့် အချိန်သို့ ရောက်ပြီဟုသိ၏ သူဌေကြီးအား ဖခင်နှင်ထုတ်တိုင်း
မိမိ သွားမည် မဟုတ်ကြောင်း မိမိကို ဆောင်ယူစဉ်က မိမိ၏ ဖခင် ဓနဉ္စယ သူဌေးကြီးသည် မိမိနှင့် ပတ်သက်ပြီး ဖြစ် ပေါ်လာမည့် အပြစ်ကြီး အပြစ်ငယ်အားလုံးကို အဆုံးအဖြတ်ပေးရန် သူဌေးကြီး ရှစ်ဦးအား အပ်နှံလိုက်ကြောင်း ဤသူ ဌေးကြီး ရှစ်ဦးတို့၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း ပြန်လည်ပြောဆို၏။
ဝိသာခါသည် ဓမ္မနှင့်အညီ ပြောတတ်သူဖြစ်၏ ထို့ကြောင့် မိဂါရသူဌေးကြီးသည် ၀ိသာခါ ပြောသည့်အတိုင်းပင် သူဌေးကြီးရှစ်ဦးတို့အား မိမိ အိမ်သို့ ဖိတ်ကြားရလေ၏ သူဌေးကြီးရှစ်ဦးကို မိဂါရသူဌေးကြီးမှ သင့်လျှော်ရာအရပ်၌ နေ ရာချထားပေးပြီး ၀ိသာခါ ကျူးလွန်သော အပြစ်များကို တင်ပြ၏ ထိုအပြစ်များကြောင့် ၀ိသာခါကို ဤအိမ်မှ နှင်ထုတ် တော့မည်ဖြစ်ကြောင်းကိုပါ ပြောဆို၏။
မိဂါရသူဌေးကြီး ၀ိသာခါအပေါ် တင်ပြသော အပြစ်များမှာ ၀ိသာခါက မိမိအား မစင်စားနေသည်ဟု ရိုင်းပျစွာ ဆဲရေးသည်ဟု စွပ်စွဲချက်ဖြစ်၏ ၀ိသာခါကမူ မိမိ အနေဖြင့် သူဌေးကြီးအား မစင် စားနေသည်ဟု မဆို ကြောင်း အဟောင်းကို စားနေသူဟုသာဆိုကြောင်း အဟောင်း ဟူသည်မှာ ဤပစ္စုပ္ပန်ကာလ၌ ကောင်းမှုကိုသိုလ် အသစ်ကို မပြုဘဲ အတိတ်ဘ၀က ပြုခဲ့သော ကောင်းမှု ကုသိုလ်အဟောင်း အကျိုးကိုသာ ခံစားနေခြင်း ဖြစ်သည်ဟု ဆိုလိုပါ ကြောင်းဖြင့် ပြန်လည်တင်ပြရာ ၀ိသာခါအပေါ် တင်ထားသော မိဂါရသူဌေးကြီး၏ စွတ်စွဲချက်သည် ပျက်ပြယ်သွားလေ ၏။
ဒုတိယ စွတ်စွဲချက်ကို မိဂါရ သူဌေးကြီးတင်ပြန်၏ ၀ိသာခါသည် ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်ပါလျှက် တခုသော နေ့၏ ညဥ့်နက်သန်းခေါင်အချိန်တွင် မီးရှုးမီးတိုင်များ ထွန်းညှိကာ ကျွန်မိန်းမများ ခြံရံလျှက် အိမ်၏ အနောက်ဘက်သို့ ဆင်းသွားသည်ဟူသော စွပ်စွဲချက်ဖြစ်၏ ထိုစွတ်စွဲချက်နှင့် ပတ်သက်လို့ ၀ိသာခါက မြင်းဇောင်းတွင် အာဇာနီမြင်းမ သားဖွားသဖြင့် သွားရောက်ပြုစုခြင်းဖြစ်ကြောင်း ရှင်းပြရာ မိဂါရသူဌေးကြီး ဒုတိယစွပ်စွဲချက်လည်း ပျက်ပြယ်သွား၏။
မိဂါရသူဌေးကြီးသည် အတန်ငယ် စိတ်သက်သာရာ ရသွား၏ သို့ရာတွင် ဓနဉ္စယ သူဌေးကြီး သမီးဝိသာခါအပေါ် ပေးလိုက်သည် သြ၀ါဒ ၁၀-ချက်နှင့် ပတ်သက်၍ သူ့စိတ်ထဲ သံသယဖြစ်နေ၏ ထို့ကြောင့် မိဂါရသူဌေးကြီးသည် ၀ိသာ ခါ အပေါ် ဤသြ၀ါဒ ၁၀-ချက်နှင့် ပတ်သက်၍ တတိယ စွပ်စွဲချက်များအဖြစ် စွပ်စွဲပြန်လေရာ ၀ိသာခါက တချက်ခြင်း ဤသို့ ပြန်လည်းရှင်းပြ၏။
၁။ အတွင်းမီးကို အပြင်သို့ မထုတ်ရ ------------ဟူသည်မှာ ချွေးမတယောက် အနေဖြင့် မိမိတို့၏ အိမ်တွင်းရေးကို အခြားသူများကို မပြောရ ဟူ၍ ဖြစ်၏။
၂။အပြင်မီးကို အတွင်းသို့ မသွင်းရ -------ဟူသည်မှာ အခြားသူများ၏ အိမ်တွင်းရေးကို မိမိတို့၏ မိသားစုများအား မပြောရ ဟူ၍ ဖြစ်၏။
၃။ ပေးကမ်းတတ်သူအားသာ ပေးကမ်းရ၏----ဟူသည်မှာ မိမိတို့၏ ပစ္စည်း ဥစ္စာများကို ငှားရမ်းပြီး အမေ့မခံဘဲ ပြန် လည် ပေးတတ်သူအားသာ ပစ္စည်းများကို ငှားရမ်းရမည် ဟူ၍ ဖြစ်၏။
၎။မပေးကမ်းသူအား မပေးကမ်းရ-----ဟူသည်မှာ မိမိတို့၏ ပစ္စည်းများကို ငှားရမ်းပြီး ပြန်မပေးတတ်သူအား ပစ္စည်း များကို မငှားရမ်းရ ဟူ၍ ဖြစ်၏။
၅။ပေးကမ်းသည် ဖြစ်စေ မပေးကမ်းသည်ဖြစ်စေ ပေးကမ်းရ၏---ဟူသည်မှာ ဆင်းရဲသော ဆွေမျိုးများနှင့် မိတ်ဆွေ များအား ပြန်ရကောင်းစေ သဘောမထားဘဲ မိမိ၏ စွမ်းနိုင်သလောက် ထောက်ပန့်ရမည် ဟူ၍ ဖြစ်၏။
၆။ချမ်းသာစွာ နေထိုင်ရမည် --------ဟူသည်မှာ လူကြီးမိဘများနှင့် နေထိုင်ရာတွင် မနီးလွန်း မဝေးလွန်း လေတင် လေအောက်စသည်ဖြင့် အပြစ်ခြောက်ပါး ကင်းသည့် နေရာများ၌ နေထိုင်ရမည် ဟူ၍ ဖြစ်၏။
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၂-၅-၂၀၁၁
Tuesday, May 24, 2011
အင်ဒိုနီးရှားခရီးစဉ်(၇)
အကျင့် ညီမျှချင်းဖြင့် ငြိမ်းချမ်းမှု အရသာကို ကိုယ်စီ ကိုယ်စီ ခံစားပါရလိမ့်မည်။
တခုသောနေ့တွင် မိဂါရ သူဌေးကြီးသည် သားဖြစ်သူ ပုဏ္ဏ၀ဎုနနှင့် ၀ိသာခါတို့အတွက် မင်္ဂလာဆွမ်းလှူဒါန်းပွဲကို
နို့ဃနာဆွမ်းကပ်ဖို့ စီစဉ်ကြ၏ မိဂါရသူဌေးကြီး သူကိုးကွယ်သော တိတ္တိငါးရာတို့ကို သား မင်္ဂလာဆွမ်းအတွက် သူ၏ အိမ်သို့ ဆွမ်းဘုဉ်းပေးရန် ပင့်လေ၏ တိတ္တိငါးရာတို့သည် သူဌေးကြီးအိမ်သို့ကြွလာပြီး ဆွမ်းဘုဉ်းပေးကြ၏ သူဌေးကြီး က သူ့ချွေးမ ၀ိသာခါအား သူပင့်ထားသော ရဟန္တာများကို ဖူးမျှော်ရန် ခေါ်လိုက်၏။
ဝိသာခါသည် ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၏ ရဟန္တာဟူသော အသံကိုကြားရသည်နှင့် ၀မ်းပန်းတသာ ရဟန္တာ များ ဖူးမျှော်ရန်လာ၏ ရဟန္တာများကလည်း သူတို့၏ တကာရင်း မိဂါရ သူဌေးကြီး၏ ချွေးမ ၀ိသာခါကို မြင်ဖူးလိုလှ၏ ၀ိသာခါ မြင်လိုက်ရသော ရဟန္တာများကား အ၀တ်မရှိ ကိုယ်လုံးတီး ရဟန္တာများဖြစ်နေ၏ ၀ိသာခါသည် ယောက္ခမ သူ ဌေးကြီး၏ ရဟန္တာများကို မကြည့်ရဲအောင် ရှက်နေ၏ သူဌေးကြီးကတော့ ရဟန္တာများကို ကြည်ညိုလို့မဆုံး ၀ိသာခါက တော့ ရဟန္တာများကို ရှက်၍မဆုံးဖြစ်နေ၏။
လူဟူသည် နှစ်လုံးသွင်း ခြားနားလေသောအခါ မြင်စရာက မခြားသော်လည်း အမြင်များကမူ ခြားနားလေ၏ ၀ိသာခါသည် ရဟန္တာတို့ကို ရှိလည်းမခိုး ကြည့်လည်း မကြည့်ရဲသောကြောင့် ချက်ချင်းပြန်ထွက်လာလေ၏ သူဌေးကြီး
သည် သူချွေးမအတွက် သူ့ဆရာများပေါ် များစွာမျက်နှာပူရ၏ ရဟန္တာများကလည်း ၀ိသာခါ၏ အပြုအမူအတွက် များ စွာစိတ်ဆိုး၏ မိဂါရသူဌေးကြီးအား ၀ိသာခါကို အိမ်ပေါ်မှ နှင်ထုတ်ရန် တိုက်တွန်း၏ သူဌေးကြီးလည်း ၀ိသာခါကို အိမ်
ပေါ်မှ နှင်ထုတ်ချင်ပါ၏ သို့သော် အရှိန်အ၀ါ ကြီးမားသောမိသားစုမှ ပေါက်ဖွားလာသောကြောင့် နှင်ထုတ်ရန် မ၀န့်မရဲ ဖြစ်နေ၏ သူ့ဆရာများကိုသာ မလိမ်မာသော အရွယ်မို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်ရလေ၏။
မိဂါရ သူဌေးကြီး ကိုးကွယ်သော ရဟန္တာများသည် ဒေါသကြီးသော ရဟန္တာတိတ္တိများဖြစ်လေ၏ မိဂါရသူဌေးကြီး လည်း ချွေးမ ၀ိသာခါအပေါ် ကျေနပ်လှသည်မဟုတ် မတတ်သာသဖြင့် အောင့်အည်း သီးခံနေရခြင်းဖြစ်၏ ချွေးမအ ပေါ် အမြင်မကြည်မှု တခုထပ်တိုးလာကာ သူ့ရင်ထဲတွင် အစိုင်အခဲတခုဖြင့် ချွေးမအပေါ် ခိုးလိုးခုလု ဖြစ်နေတော့၏။
ဝိသာခါကမူ ယောက္ခမသူဌေးကြီးအတွက် ယူကြုံးမရရှိလှတော့၏ ကိုးကွယ်ရာ မှားခြင်းသည် အမှားတကာတို့တွင်
အမှားဆုံးသော မှားခြင်းဖြစ်၏ ၀ိသာခါသည် ယောက္ခမဖြစ်သူ မိဂါရသူဌေးကြီးအား အမှားဘ၀မှသည် အမှန်ဘ၀ ရောက်အောင် ကယ်တင်ရန် ဆုံးဖြတ်လိုက်၏
အချိန်သည် အင်အားကြီးမား၏ သစ်ပင်တို့သည် အချိန်ကျမှ ပွင့်၏ အချိန်ကျမှ သီး၏ ပါရမီ တို့သည်လည်း အချိန် ကျမှ ရင့်ကျက်၏ တခုသောနေ့တွင် မိဂါရသူဌေးကြီးသည် နို့ဃနာထမင်းကို ရွှေခွက်၌ ထည့်၍စားနေ၏ ၀ိသာခါသည်
သူဌေးကြီးအား ယပ်ခတ်ပေးနေ၏ ရဟန်းတော်တပါးသည် မိဂါရသူဌေးကြီး အိမ်ရှေ့၌ ဆွမ်းရပ်လာ၏ ၀ိသာခါသည် သူဌေးကြီး မမြင်ဘူးထင်၍ နေရာရွေ့ပေး၏ သူဌေးကြီးသည် ရဟန်းတော်ကို မြင်သော်လည်းဘဲ ဆွမ်းမလောင်းလို၍ မမြင်ချင်ယောင်ဆောင်နေခြင်းဖြစ်၏။
ဝိသာခါသည် မိမိ ယောက္ခမကြီး၏ သဘောထားကို ရိပ်မိတာနှင့် ယောက္ခမကြီးအတွက် မိတ်ဆွေကောင်းဖြစ်ရန် ဆုံးဖြတ်လိုက်၏ မိတ်ဆွေကောင်းဖြစ်ရန်အတွက် အကြမ်းနည်းကိုလည်း သုံးသင့်သုံးရ၏ အနုနည်းကိုလည်း သုံးသင့် သုံးရ၏ ယ္ခုတော့ အကြမ်းနည်းကိုသုံးရန် အချိန်အခါက ဖန်တည်းလာ၏ ဆွမ်းရပ်နေသော ရဟန်းတော်အား ကန် တော့ပါသေး၏ဘုရား တပည့်တော်မှ ယောက္ခမသည် အဟောင်း ကိုသာ စားသောက်ပါသည်ဟု လျှောက်ထားလိုက် ၏ ၀ိသာခါသည် ပြဿနာဖြစ်မည်ဆိုတာ သိလျှက်နှင့် လျှောက်ထားလိုက်ခြင်းဖြစ်၏။
မိဂါရသူဌေးကြီးသည် ချွေးမ၀ိသာခါ ပြောလိုက်သောစကားကို အကြီးအကြယ် ဒေါပွသွား၏ အဟောင်း ဆိုသည် မှာ မစင် ကို ဆိုလိုခြင်းဟု သူဌေးကြီး ယူဆ၏ ၀ိသာခါသည် မိမိ ဆရာ တိတ္တိတို့အား မထီမဲ့မြင် ပြုလုပ်ခဲ့စဉ်က သူဌေး ကြီး အောင့်အီး သီးခံခဲ့ရ၏ ဤအကြိမ် မိမိအား အဟောင်းကို စားနေသည်ဟု ဆိုသောအခါ သည်းမခံနိုင်တော့ သူဌေး ကြီး ပေါက်ကွဲသွားလေပြီ ထို့ကြောင့် သူဌေးကြီးက ဤအယုတ်မကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့ဟု ကျွန်အမှုလုပ်
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၂၁=၅-၂၀၁၁
မလေးရှားဆူးဘန်းငြိမ်းချမ်းအေးမြန်မာဆိုင်ကိုမင်းမင်းထွန်း+မခင်လေးယု
သမီးအိမ့်ခြူးခင်၊သားရှိုင်းမင်းထွန်းမိသားစုမှသားငယ်ရှိုင်းမင်းထွန်း၏(၂)နှစ်ပြည့်
မွေးနေ့မင်္ဂလာတွင် ကျိုက်လတ်ကန်တော်ကြီးပြုပြင်ရန်အတွက် ရင်းဂစ်-၁၀၀၀
လှူဒါန်းစဉ် မွေးနေ့မင်္ဂလာမှစ၍ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါစေ။
Type your summary here.Type the rest of your post here.
Monday, May 23, 2011
အင်ဒိုနီးရှားခရီးစဉ်(၆)
၃။ပြန်ပေးသူအားသာ ပေးရ၏။
၎။ပြန်မပေးသူအား မပေးရ။
၅။ပြန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ပေးရ၏။
၆။ချမ်းသာစွာ ထိုင်ရ၏။
၇။ချမ်းသာစွာ စားရ၏။
၈။ချမ်းသာစွာ အိပ်ရ၏။
၉။မီးကို ရိုသေစွာ လုပ်ကျွေးရ၏။
၁၀။အိမ်ဦးနတ်တို့ကို ရှိခိုးရ၏။
ဤအချက် ၁၀-ချက်ကို ဖခင်ဖြစ်သူ ဓနဉ္စယ သူဌေးကြီးမှ သမီးဝိသာခါကိုဆုံးမ၏ ထိုအချက် ၁၀-ချက်ကို မသိမသာ နားထောင်နေသူ မိဂါရသူဌေးကြီးသည် နားမလည်မှု များစွားဖြင့် သံသယစိတ်တွေနဲ့ ဘ၀င်မကျ ဖြစ်မိ၏ တနေ့သော
အခါတွင် ဤ ၁၀-ချက်ကြောင့် ပြဿနာ အကြီးအကြယ်ဖြစ်ပြီး ဘ၀အမြင်မှန်တွေ ရရှိပါလိမ့်မည်။
ဓနဉ္စယ သူဌေးကြီးသည် သမီး ၀ိသာခါအား တနယ်တကျေး ယောက္ခမအိမ်သို့ ထည့်လိုက်ရမည်ဖြစ်ရာ စိတ်မချ နိုင်ဘဲရှိ၏ ထို့ကြောင့် ဓနဉ္စယသူဌေးကြီးသည် ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ ပညာရှိသူဌေးကြီး ရှစ်ဦးတို့ကို ပင့်၍ သမီး
ဝိသာခါအပေါ်၌ အပြစ်တစုံတရာ ဖြစ်ပေါ်ခဲ့ပါလျှင် သူဌေးကြီး ရှစ်ဦးတို့ စီစဉ်ဆုံးဖြတ်ကြပါလို့ အပ်နှံလိုက်လေ၏။
ဓနဉ္စယ သူဌေးကြီးသည် မိဘတာဝန်ကျေပွန်လှပါ၏ သမီး ၀ိသာခါအတွက် ဥစ္စာဓန မျိုးစုံနှင့် ချွေရန် ပရိတ်သတ် များစွာပါ ထည့်ပေးလိုက်၏ ၀ိသာခါ သာဝတ္ထိမြို့ရောက်တော့ လက်ဆောင်ဘဏ္ဍာ ပေးလာသော မိတ်ဆွေများအား တဖန်တုံ့ပြန်၍ လက်ဆောင်ပစ္စည်းဖြင့် ပေးအပ်လေ၏ တဦးနှင့်တဦး အပြန်အလှန်လက်ဆောင်ပစ္စည်းဖြင့် ရင်နှီးကျွမ်း
ဝင်သော မိတ်ဆွေများ ဖြစ်ကြလေ၏။
ဝိသာခါ ယောက္ခမအိမ် ရောက်သောနေ့မှာပင် ညဉ့်နက်ချိန်၌ အာဇာနီမြင်းမသည် သားဖွား၏ အာဇာနီမြင်းမ သား
ဖွားခြင်းသည် ၀ိသာခါအလုပ် မဟုတ်ဆိုတာကို ၀ိသာခါ ယောက္ခမ သူဌေးကြီးက မြင်၏ အများသူငါ ဒီလိုပင် မြင်မည် ဖြစ်၏ သို့သော် ၀ိသာခါသည် ရ-နှစ်သမီးကပင် သောတာပန် ရရှိခဲ့သူဖြစ်၏ သာမန် ပုထုဇဉ် အမြင်နှင့် သောတာပန် အမြင်သည် ဘယ်နည်းနှင့်မှ တူနိုင်မည်မဟုတ်ပေ။
ဝိသာခါ၌ ကြင်နာတတ်သော နှစ်လုံးသားရှိ၏ ကြင်နာတတ်သော နှစ်လုံးသား၏ စေ့ဆော်ချက်အရ နာကျင်မှု ဝေဒ နာခံစားနေရသော အာဇာနီမြင်းမထံ မီးရှုးမီးတိုင်များ ထွန်း၍ ကျွန်မတို့ကိုခေါ်ကာ အာဇာနီ မြင်းမရှိရာ မြင်းဇောင်းသို့ သွားခဲ့၏ အာဇာနီမြင်းမကို ရေနွေးတို့ဖြင့် ပွပ်သပ်ဆေးကြော သုပ်သင်ပြီးလျှင် ဆီတို့ဖြင့် လိမ်းကျံပေး၏ ပြုစုခြင်း ကိစ္စ ပြီးမှ ၀ိသာခါ အိပ်ခန်းသို့ ပြန်ခဲ့၏။
ဤကိစ္စကိုပင် ၀ိသာခါယောက္ခမ မိဂါရသူဌေးကြီးက သဘောမကျပါ မိဂါရသူဌေးသည် သာမန်ပုထုဇဉ်သာဖြစ်သော ကြောင့် ပုထုဇဉ် အမြင်နှင့်သာ မြင်၏ ဤကိစ္စသည် သာမန်အလုပ်သမားတွေ လုပ်ရမည့်အလုပ်ဟု ကရုဏာမပါသော အမြင်နှင့် မြင်၏ ၀ိသာခါသည် သောတာပန်ဖြစ်၏ သောတာပန်သည် သတ္တ၀ါတွေအပေါ် ဗြဟ္မစိုရ်ကရုဏာ အမြင်နှင့် မြင်တော့ ဒုက္ခရောက်နေသူ ဘယ်သတ္တ၀ါမဆို ကရုဏာ စိတ်ဖြစ်ကာ ကူညီချင်သည့် ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက် လာခြင်းဖြစ်၏ သောတာပန်နှင့် ပုထုဇဉ် စိတ်ဓါတ်ရေးရာအရ ဤကဲ့သို့ကွာခြားပါ၏။
ယောက္ခမဖြစ်သူ မိဂါရသူဌေးနှင့် ချွေးမဖြစ်သူ ၀ိသာခါတို့သည် အမြင်ခြင်းမတူပါ လူမှုဆက်ဆံရေးနယ်ပယ်၌ တဦး နှင့်တဦး ပေါင်းသင်းဆက်ဆံရာတွင် အချင်းချင်း အမြင်တူဖို့လည်း အရေးကြီး၏ အမြင်ချင်း တူရုံနှင့်လည်း မပြီးသေး အကျင့်ချင်းတူဖို့လည်း လိုပါသေး၏ အမြင်နှင့်အကျင့် ညီတူညီမျှ တူမျှပါမှ စည်းလုံးညီညွတ်မည်ဖြစ်၏ ယ္ခုတော့ မိဂါရ သူဌေးနှင့် ၀ိသာခါတို့သည် အမြင်ချင်းလည်းမတူ အကျင့်ချင်းလည်း မတူသောကြောင့် တနေ့နေ့ တချိန်ချိန်တွင် ဤ ပြဿနာသည် အထွတ်အထိပ်ရောက်လာကာ မညီမျှမှုကို ညီမျှအောင် ဖြေရှင်းပေးမည့်သူ ပေါ်ပေါက်လာပြီးအမြင်နှင့်
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ်၂၁=-၅-၂၀၁၁
Sunday, May 22, 2011
အင်ဒိုနီးရှားခရီးစဉ်(၅)
ဘုန်းကြီးဆိုတော့လဲ အမှန်အတိုင်းသာဖြေရတော့၏ ရှေးဆက်ပြီးမေးခွန်းတွေမေးလာရင် ဒီထက်သိက္ခာတွေ ပိုကြ
မှာစိုးလို့ အားမင်ကို ဘုန်းကြီးကမေးခွန်းတခုထုတ်လိုက်၏။
အားမင် မင်းမှာ သားသမီးဘယ်နှစ်ယောက်ရှိသလဲ----------?
သားတယောက် သမီးတယောက်ရှိပါတယ်။
တကယ်လို့များမင်းသားက ငါ့လိုဘုန်းကြီးဝတ်သွားမယ်ဆိုလျှင် မိခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ---?
အားမင် ရီပါတော့၏ မိခင်တယောက်အနေနဲ့ အရမ်းဝမ်းသာမှာပေါ့ ဒါပေမဲ့သူ့ဘ၀မှာ ဒီလိုအခွင့်အရေးမျိုး ရနိုင်ဖို့ မလွယ်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့ခင်ပွန်းက ခရစ်ယန်ဖြစ်တယ် သားကောသမီးကော ခရစ်ယန်ဘာသာထဲကို သူ့ခင်ပွန်းက ထည့်ထားတယ် အိမ်မှာ သူတယောက်ထဲ ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်သုံးယောက်က ခရစ်ယန်ဖြစ်တယ် သူ့ခင်ပွန်းက ဘာသာရေးမှာ လွတ်လတ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်ဟု ဇင်မာဝင်းရှင်းပြမှ အားမင်ဘ၀အကြောင်း တစေ့တစောင်းသိရ၏။
မိသားစု ဘာသာရေးတွင် ရှုံးနိမ့်နေသူဖြစ်ကြောင်းသိရတော့ သူ့ဘ၀အတွက်စိတ်မကောင်းပါ အားပေးစကားပြောရန် စဉ်းစားလိုက်တော့ ၀ိသာခါအကြောင်းသတိရလာ၏ အားမင်ကို ၀ိသာခါအကြောင်း ကြားဘူးလားမေးတော့ ကြားတော့ ကြားဘူးတယ် သေသေချာချာ မသိပါဟုဆိုလာ၏ ၀ိသာခါက ဘာသာခြားနဲ့ အိမ်ထောင်ကြသော်လည်း ဘာသာရေး အရည်အခြင်း ပြည့်ဝသော ၀ိသာခါကြောင့် သူ၏ခင်ပွန်း တမိသားစုလုံး မိမိဘာသာဘက်ပါအောင် စည်းရုံးနိုင်ခဲ့တယ် အားမင်ကိုလည်း ဒီနေ့ကစပြီး ၀ိသာခါလို့ခေါ်မယ် ၀ိသာခါလို စွမ်းရည်ပြည့်အောင် ကြိုးစားပါလို့ တိုက်တွန်းစကား ပြော
ကြားလိုက်ရ၏။
ဘာသာခြားနဲ့ အိမ်ထောင်ပြုသော အမျိုးသမီးတွေ ၀ိသာခါအကြောင်း သိထားသင့်၏ ၀ိသာခါသည် ဓနဉ္စယသူဌေး နှင့်သူဌေးကတော် သုမနဒေ၀ီတို့၏ သမီးဖြစ်၏ အင်္ဂတိုင်း ဘဒ္ဒိယမြို့သူဖြစ်၏ ဘုရင်ဗိဗ္ဗိသာရမင်းကြီး၏ အုပ်ချုပ်ခံတိုင်း ဖြစ်၏ ဗိဗ္ဗိသာရမင်းကြီး၏ သူဌေးကြီးငါးဦးတွင် တယောက်အပါအ၀င်ဖြစ်သော မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်၏ မျိုးရိုး မြင့်မြင့်မှ မွေးဖွားလာသည့်ဝိသာခါဖြစ်၏။
ဝိသာခါ အရွယ်ရောက်လို့ ထိမ်းမြှားလက်ထပ်ရန် လာရောက်တောင်းရန်းသူသည် သာဝတ္ထိ မိဂါရသူဌေး၏သား ပုဏ္ဏ၀ုဎုနဖြစ်၏ မိဂါရသူဌေးမိသားစုသည် တိတ္တိကိုးကွယ်သူ ဘာသာခြားဖြစ်၏ ၀ိသာခါကို လာရောက်တောင်းရမ်း သောပွဲသည် အလွန်ခန်းနားထယ်ဝါလှ၏ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလ ဦးဆောင်ကာ သာဝတ္ထိမှသူဌေးကြီးများ လည်း လိုက်ပါလာ၏ ၀ိသာခါတို့နေသည့် သာကေတမြို့ကို ရောက်သောအခါ ၀ိသာခါဖခင် သမီး ၀ိသာခါအတွက် မဟာလတာတန်ဆာ ပြုလုပ်လုပ်ပေးလိုသည့်အတွက် လေးလနေခဲ့ရ၏ ၀ိသာခါဦးဆောင်သော သာကေတ ပြည်သူများ သည် ဧည့်ဝတ်ကျေပွန်အောင်ဧည့်ခံခဲ့ကြ၏။
မဟာလတာတန်ဆာ ပြီးဆုံးချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်၏ နောက်တနေ့တွင် ဓနဉ္စယသူဌေးကြီးသည်
မိမိ၏သမီး ၀ိသာခါကို ယောက္ခမအိမ်သို့ ထည့်လိုက်ရပေတော့မည် မိမိ၏သမီး လိမ္မာရေးခြားရှိသည်ကို ဖခင်ဖြစ်သူ ဓနဉ္စသူဌေးကြီးသိပါ၏ သို့သော် မိဘတို့ဝတ္တရားအတိုင်း သမီးဝိသာခါကို မိမိအနီးသို့ခေါ်ပြီး ဆုံးမသြ၀ါဒပေးလေ၏
ဓနဉ္စယသူဌေးကြီး သမီးဝိသာခါကို ဆုံးမစကားပြောနေသည်ကို တဖက်ခန်းမှ ယောက္ခမမိဂါရသူဌေးကြီး နားစွင့်ကာ နားထောင်နေ၏။
ဓနဉ္စယ သူဌေးကြီးက သမီး ၀ိသာခါအား အချက် ၁၀-ချက်ဖြင့် ဆုံးမ၏ သူဌေးကြီး၏ ဆုံးမချက်များမှာ ပညာသား ပါလှ၏ စကားဝှက်ပုံစံမျိုးလည်းဖြစ်၏၊ ၀ိသာခါသည် ဖခင်ဆုံးမချက်ကို အပြည့်အ၀နားလည်၏ နာမလည်သူကတော့ မသိမသာ ခိုးနားထောင်နေသူ မိဂါရသူဌေးကြီးဖြစ်၏ ဓနဉ္စယသူဌေးကြီးဆုံးမချက်မှာ အောက်ပါအတိုင်းဖြစ်၏။
၁။အိမ်တွင်းက မီးကို အိမ်ပြင်သို့ မထုတ်ရ။
၂။အိမ်ပြင်က မီးကို အိမ်တွင်းသို့ မသွင်းရ။
Type your summary here.Type the rest of your post here.
ဓမ္မရောင်ခြည်စနေသတင်းစဉ် ၂၁-၅-၂၀၁၁
Friday, May 20, 2011
Subscribe to:
Posts (Atom)