အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 31, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၂)

     တချိန်က တောင်တရုတ်ပင်လယ်ကို မဟာဗျာဟာအရ အချက်အချာကြသောနေရာဟု သတ်မှတ်ခဲ့သော စစ်အင်အားကြီး နိုင်ငံများသည် ယ္ခုတော့ ဘင်္ဂလားပင်လယ်အော် အာရေဗျပင်လယ်တို့ကို ပိုပြီးစိတ်ဝင်စားလာ၏ ရေနံထွက်ရာ အရှေ့အလယ် ပိုင်း အာရပ်နိုင်ငံတွေနှင့် စူးအက်တူးမြောင်း ပင်လယ်နီ ပါရှန်းပင်လယ်ကွေ့ ဟောမို့စ် ရေလက်ကြား အရှေ့တောင်အာရှရဲ့ ထွက်ပေါက်ဖြစ်တဲ့ မလ္လကာရေလက်ကြား ဤနေရာများသည် စစ်ရေးအရ အထူးအရေးပါအရာရောက်နေပါ၏ ဤပင်လယ်ပြင် များပေါ်တည်ရှိနေသော မြန်မာပြည်လည်း စစ်ရေးအရ မဟာဗျူဟာ ဖြစ်နေပါ၏။
  ကမ္ဘာမှာ စစ်အင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန် တရုတ် ဂျပန် ဥရောပ တိုင်းပြည်တို့သည် မြန်မာပြည်ကို အလွန် မျက်စိကျလျှက်ရှိပါ၏ မြန်မာပြည်သည် စီးပွားရေးအရလည်း ပွင့်လန်းစနိုင်ငံဖြစ်လာသောကြောင့် ရင်းနှီးမြုတ်နှံမှုတွေပုံအောပြီး ၀င်ရောက်ရင်နှီးမြုတ်နှံလျှက်ရှိပါ၏ တိုင်းပြည်ကိုဦးဆောင်နေသည့် ခေါင်ဆောင်တွေ ပါးပါးနပ်နပ်နဲ့ တိုင်းပြည်မထိခိုက်အောင်
ဆောင်ရွက်နိုင်မှ တိုင်းပြည်အတွက် အကျိုးရှိမှာဖြစ်၏။
    အထူးသဖြင့် အရှေ့တောင်အာရှ၏ နှစ် ၅၀-ကျော် အိပ်ပျော်နေသည့် ကာလနဂါးကြီးနှင့်တူသော မြန်မာနိုင်ငံ နိုးထလာလျင် မည်သည့်နိုင်ငံများ စီးပွားရေး အကြီးအကျယ် ထိခိုက်သွားမည် ဆိုသည်ကို ချိန်ဆရန် လိုအပ်လှပါ၏ အထူးသဖြင့် ထားဝယ် ရေနက်စီမံကိန်း ပြီးဆုံးသွားပါက မလက္ကာ ရေလက်ကြားမှ အပင်ပန်းခံ သွားနေရသည့် ကုန်စည်အများစုသည် ဖြတ်လမ်း သ ဖွယ် အချိန်တိုတောင်း၍ လုံခြုံစိတ်ချရသော ထားဝယ်ဆိပ်ကမ်းမှ အများစု ဖြတ်သန်းသွားကြမှာဖြစ်၏။
       အရှေ့တောင်အာရှ၏ အဓိကမိန်းကြသော ၀င်ပေါက်ထွက်ပေါက် အသစ်တစ်ခုဟုပင် တင်စားနေကြသည့် ထားဝယ်ဆိပ် ကမ်း စီမံကိန်း အောင်မြင်သွားပါက စီးပွားရေးနှင့် တိုင်းပြည်ဝင်ငွေ အကြီးအကျယ်ထိခိုက်မည့် နိုင်ငံများတွင် စင်္ကာပူ၊ မလေး ရှားနှင့် အင်ဒိုနီးရှားတို့မှာ ထိပ်ဆုံးတွင် ပါဝင်မှာဖြစ်၏ မလက္ကာရေလက်ကြား၏ ကုန်စည်စီးဆင်းမှု ၅၀-ရာခိုင်နှုံးလောက် ကျ ဆင်းသွားပြီး  မြန်မာပြည် ဖွံ့ဖြိုးတိုးတက်လာပြီး အရှေ့တောင်အာရှ၏ အဓိက မိန်းနေရာအတွက် မြန်မာပြည်ပိုင်ဆိုင်သွားမှာကို ထိုနိုင်ငံတွေ ၀မ်းသာမပေးတာတော့ သေချာပါ၏ 
     ၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို စတင်ဆောင်ရွက်ပေတော့မည်ဖြစ်၏  ထိုအချိန်တွင် ရေခံမြေခံကောင်းများစွာရှိနေသည့် မြန်မာနိုင်ငံသည် ယနေ့လိုအချိန်အခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာဖြင့်တိုင်းပြည်အား တည်ဆောက်သွားပါက ဒေသတွင်း အခြားနိုင်ငံများအနေဖြင့် နောက်ကောက်ကျသွားစေမည့် အလားအလာများစွာ ရှိနေပါ၏ ယခုလက်ရှိ အရှေ့တောင်အာရှတွင် စီးပွားရေး ကောင်းနေသည့် နိုင်ငံများအနေဖြင့် တစ်ချိန်က ထိပ်ဆုံးတွင်ရှိခဲ့ဖူးသည့် မြန်မာ နိုင်ငံ၏ အခြေအနေအား တွေးတော၍ ထိတ်လန့်နေခြင်းနှင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နေမည်ကား သိပ်သေချာနေပါ၏။
       မြန်မာနိုင်ငံ စီးပွားရေး ပွင့်လင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံသို့ ပြန်လည်၍ စီးဆင်းသွားမည့် လူ့စွမ်းအား အရင်းအမြစ် များမှာလည်း မြန်မာလုပ်သားများအပေါ် မှီခိုအားထားနေရသည့် စင်္ကာပူ မလေးရှား ထိုင်းတို့ကဲ့သို့ နိုင်ငံမျိုးအတွက် အကောင်း ဆုံးသော ထိုးနှက်ချက် ဖြစ်နေပြန်၏ ထိုသို့ဖြစ်သည့်အတွက် ၂၀၁၅ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့်စတင်ချိန်တွင် မြန်မာ နိုင်ငံအား ၎င်းတို့ ဝေစုခွဲဝေ မပေးနိုင်စေရန်အတွက် မြန်မာနိုင်ငံ စီးပွားရေး ခေါင်းထောင်မလာနိုင်စေရန် ပြုလုပ်လာမည်များ ကား သံသယဖြစ်ဖွယ်မရှိချေ တနည်းအားဖြင့် မြန်မာနိုင်ငံအား ပြည်တွင်းရေး မတည်ငြိမ်မှုများဖြင့် လုံးပန်းပြီး အချိန်ကုန်စေရန် လုပ်ဆောင် လာမည်ကား အမှန်ပင်ဖြစ်ပေ၏။
       ထိုကဲ့သို့ အဓိကရုဏ်းများ မကြာခဏ ဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်ခြင်းမရှိမှုကို လက်ညှိုးထိုးစရာ ဖြစ်နေပါ၏  မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုမရှိပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့် သွားမည်ဖြစ်ပါ၏ အဲဒီလိုအဖြစ်မျိုးဖြစ်အောင် မနာလိုသည့်နိုင်ငံတွေ ၀ိုင်းဝန်းလှုံ့ဆော်နေမှာဖြစ်၏ မြန်မာပြည်သူတွေ သတိကြီး ကြီး ဥာဏ်ကြီးကြီးထားပြီး တိုင်းပြည်ဆူပူမှု မဖြစ်အောင် ၀ိုင်ဝန်းထိမ်းသိမ်းရမှာဖြစ်၏ မိမိတို့ရဲ့ ကံကောင်းခြင်းလက်ဆောင်ကို တခြားနိုင်ငံအား ပေးလိုက်ရလျှင် နိုးထလာမည့်နဂါးကြီးလည်း ပြန်လည်အိပ်ပျော်သွားမှာဖြစ်၏။
 
Type your summary here. Type the rest of your post here.

ဓမျွရောင်ခြည်တနင်္လာသတင်းစဉ် ၂၁-၁၀-၂၀၁၃

မလေးရှားရောက်ရွှေမြန်မာများ ကထိန်ရည်မှန်းမြတ်သင်္ကန်းလှူဒါန်းစဉ်။
Type your summary here. Type the rest of your post here.

Wednesday, October 30, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၁)

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ်၂၀-၁၀-၂၀၁၃

မလေးရှားရောက်ရွှေမြန်မာများ၏သီတင်းကျွတ်ပူဇော်ကတော့ကြစဉ်။
Type your summary here. Type the rest of your post here.

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၅၀)

            မိတ္ထိလာအရေးအခင်ပြီးလို့ တလ၀န်းကျင်မှာဘဲ ၂၀၁၃- ဧပြီလထဲတွင် ဥက္ကံအရေးအခင်းစတင်ဖြစ်ပေါ်လာပြန်၏ ဆွမ်းခံထွက်လာသော ကိုရင်လေးကို ဘာသာခြားအမျိုးသမီးက မပြောသင့်တဲ့စကားတွေ ပြောဆိုရာမှ ပြဿနာ စတင်ဖြစ် လာပါ၏ ဗုဒ္ဓဘာသာအများစုနေထိုင်သောဤနိုင်ငံတွင် ဤလိုကိစ္စမျိုး ဖြစ်ပေါ်လာပါက ဗုဒ္ဓဘာသာဝင်တွေ ရင်ထဲတွင် စူးစူး ရှရှခံစားရကာ တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်ဆိုတာ ဘာသာခြားတွေ နားလည်ထားသင့်၏ ငွေရှိတယ် ထင်ရာလုပ်မယ်ဆိုတဲ့ စိတ်မျိုးမွေးမယ်ဆိုလျှင်တော့ နှစ်ဘက်လုံး ဆုံးရှုံးနစ်နာကုန်မှာ သေချာပါ၏။
      ဥက္ကံအရေးအခင်းအကြောင်း မလေးရှား တီဗွီ သတင်းစာတွေတွင် ၂-ရက် ၃-ရက်တိုင်တိုင် လွှင့်ထုတ်နေတာ တွေ့မြင်ရ ၏ မလေးရှားရောက်ဘုန်းကြီးတို့လည်း ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုနေရ၏ မလေးတွင် ဘာတွေများ ဖြစ်လာလိမ့်အုံးမလည်း စိုးရိမ်စိတ်တွေ ဖြစ်နေ၏ အဲဒီအချိန်တွင် မြန်မာပြည်မှ အလည်ရောက်လာသောဦးဇင်းများ တလပြည့်ခါနည်းလို့ ပူထရာဂျာ ယာ မလေးရှား အင်မီဂရေးရှင်းသို့ နောက်တလ သက်တန်းတိုးရန်သွားခဲ့ကြ၏ သို့သော် မလေးရှားအင်မီဂရေးရှင်း အရာရှိ တို့သည် ဘုန်းကြီး ၇-ပါးကို သက်တန်းမတိုးပေးသည့်အပြင် စိတ်ဆိုးသည့် အမူအရာတွေနှင့် ပြောဆိုကာ ပတ်စပို့စာအုပ် တွေကို ပြစ်ချပြီး ဂိုးဘက်ဟုပြောဆိုလွှတ်လိုက်၏။
      ဥက္ကံအရေးအခင်းအကြောင်း တီဗွီ သတင်းစာတွေဖတ်ကာ မြန်မာဘုန်းကြီးတွေကို မနှစ်မြို့သည့်အမူအရာတွေ ပြလိုက် ခြင်းဖြစ်၏ ဥက္ကံအရေးအခင်းကြောင့် မလေးရှားတွင် ပထမဆုံးထိခိုက်ခဲ့သူတွေကတော့ မလေးရှားအလယ်လာသော ဘုန်း ကြီးတွေဖြစ်၏ လေယဉ်လက်မှတ် ရင်ဂစ် ၁၅၀-နှင့် သက်တန်းတိုးပြီး ဗီဇာသက်တန်းတိုးရန်လာခဲ့ခြင်းဖြစ်၏ ဗီဇာမရတော့ နောက်တခါလေယဉ်လက်မှတ် ပြန်ချိန်းရတာ ၁၅၀-ထပ်ကုန်ပြီး မြန်မာပြည်ကို ပြန်ခဲ့ကြရ၏ သံတမန် မဆန်သော နိုင်ငံကြီး သား မပီသသော နိုင်ငံအတွက် ပုံရိပ်ဆိုးစေသော အမူအရာတွေသာဖြစ်ပါ၏။
      မလေးရှားနိုင်ငံတွင် တလဗီဇာနဲ့ ၀င်လာသူတွေသည် နောက်တလတိုးပေးတာကတော့ ထုံးစံအတိုင်း အမြဲတိုးပေးနေ ခြင်းဖြစ်၏ ယ္ခုတော့ လူတွေအားလုံးကို တိုးပေးပြီး ဘုန်းကြီး ၇-ပါးကို တိုးမပေဘဲ ပြောခြင်တာတွေ ပြောလွတ်လိုက်ခြင်း သည် ဥက္ကံအရေးခင်းနှင့်တိုက်ဆိုင်ကာ ဘုန်းကြီးတွေကို တုံ့ပြန်လိုက်ခြင်းဖြစ်ပါ၏ မြန်မာပြည်က ဘာသာရေး အဓိကရုဏ်း တွေကို လက်တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်နိုင်ပါ၏။
      တကမ္ဘာလုံး စိတ်ဝင်စားနေပြီး အလွန်စမ်းထနေသော မြန်မာပြည် နှစ် ၅၀-ကျော် အိပ်ပျော်နေသော ကာလနဂါးကြီး နိုး ထလာလို့ တုံလှုပ်ခြောက်ခြားနေသော အာဆီယံနိုင်ငံများနှင့် အိမ်နီးနားခြင်းနိုင်ငံများ ၀မ်းသာမပေးတာတော့ သေချာစွာ မြင်တွေ့နေရပါ၏ မြန်မာပြည်ဘာ့ကြောင့် စမ်းထလာသလဲဆိုလျှင် ရိုးသားသည့် ခေါင်းဆောင်တွေ အသိဥာဏ်ကြွယ်ဝတဲ့ ခေါင်းဆောင်တွေပေါ်လာလို့ နှစ် ၅၀-ကျော်အိပ်ပျော်နေသည့် ကာလနဂါးကြီး လူးလွန့်နိုးထလာခြင်းဖြစ်၏။
     မြန်မာပြည်သည် ပထ၀ီအနေအထားအရလည်း မဟာဗျူဟာကြသည့်နေရာတွင် တည်ရှိနေပါ၏ မြန်မာနိုင်ငံဟာ နှစ်အ နည်းငယ်အတွင်း စစ်ရေး နိုင်ငံရေး စီးပွားရေးတို့မှာ ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်၏ အိန္ဒိယ သမုဒ္ဒရာ ဘင်္ဂလား ပင်လယ်အော်ကို မေးတင်ပြီး ပင်လယ်ကမ်းရိုးတမ်း မိုင်တထောင်ကျော်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်၏  အိန္ဒိယ သမုဒ္ဒရာသည် စစ်ရေး စီပွားရေး နိုင်ငံရေးအရ အရေးပါ အရာရောက်ချိန် ရောက်နေပါ၏။
 
Type your summary here. Type the rest of your post here.

ဓမ္မရောင်ခြည်တနင်္ဂနွေသတင်းစဉ် ၂၀-၁၀-၂၀၁၃

မလေးရှားတွင်မွေးဖွားသော သမီးငယ်-စုစန္ဒီအောင်၏မွေးနေ့ဆွမ်းအလှူ။
Type your summary here. Type the rest of your post here.

Monday, October 28, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၄၉)

        လျှော်ချောင်ကြီး ရွာသားတွေလည်း ရှင်အရဟံ မထေရ်မြတ်ဟောကြားခဲ့တဲ့ မင်္ဂလသုတ်ထဲက ပတိရူပဒေသ၀ါသ အတိုင်း မဖွံ့ဖြိုးသေးတဲ့ မိမိတို့အရပ်ဒေသကို ဖွံ့ဖြိုးအောင်လုပ်ပေးချင်တဲ့ စိတ်တွေသည် အလွန်မွန်မြတ်လှပါ၏ မိမိတို့ ကျေး ရွာတွင် ပညာရေးအတွက် အလွန်လိုအပ်နေသော မူလတန်းကျောင်းဆောင် အသစ်တည်ဆောက်ရန်ကိစ္စသည် မလေးရှား ရောက်နေသော လျှော်ချောင်းကြီးရွာသားတွေ၏ ဘ၀မှတ်တမ်းတခုဟု ဆိုရမှာဖြစ်၏ ဘုန်းကြီး တရားဟောပြီးသောအခါ သူတို့တတွေနှင့် မူလတန်းကျောင်းကိစ္စ ဆက်လက်ဆွေးနွေးပါ၏။
       ဒကာလေးတို့ လျှော်ချောင်းကြီးရွာတွင် မူလတန်းကျောင်းသစ်တည်ဆောက်ရန် မလေးရှားရောက် ဒကာလေးတို့ရွာ သားတွေ တလကို ရင်းဂစ် ၁၀-ထည့်နိုင်မလား ထည့်နိုင်ပါတယ်ဘုရား တနှစ်ဆိုလျှင် ၁၂၀-ထည့်ရမယ် ယ္ခု တရားနာလာ တဲ့ အယောက် ၁၀၀-တနှစ်စာ ထဲ့မည်ဆိုလျှင် ယ္ခုချက်ခြင်း ၁၂၀၀၀-ရရှိမှာဖြစ်တယ် ဘုန်းကြီးကို တရားပွဲ ဓမ္မပူဇာအဖြစ် လှူဒါန်းထားသော အလှူငွေ စာအိပ်တွေဖေါက်ခိုင်းကာ ရေထွက်စေ၏ စုစုပေါင်း ရင်းဂစ် ၇၀၀-လောက်ရှိ၏။
      ဘုန်းကြီးမှ ခေါင်းဆောင်လုပ်နေသော ဒကာလေးကို ဗလာစာအုပ်တွင် လျှော်ချောင်းကြီးရွာ မူလတန်းကျောင်းဆောင် အတွက် အလှူရှင်များ ခေါင်စဉ်ရေးခိုင်းပြီး ဘုန်းကြီးအတွက် ဓမ္မပူဇာလှူဒါန်းထားသော အလှူငွေ ၇၀၀-ရင်းဂစ်ကို သူတို့ အားပေးအပ်ပြီး ဆရာတော် အရှင်သဒ္ဓမ္မောဒယ မလေးရှား ဓမ္မရောင်ခြည်ကျောင်း အလှူငွေ ၇၀၀-ရင်းဂစ်လို့ စတင်ရေး သားခိုင်းလိုက်၏ စာရေးသည့်ဒကာလေးလည်း ဒီအလှူငွေတွေက ဆရာတော်အတွက် လှူတာပါဘုရား။
     ဟုတ်တယ်လေ ဘုန်းကြီးက မင်းတို့ရွာ မူလတန်းကျောင်းဆောင်သစ်အတွက် မတည်လှူဒါန်းတာလေ ဒကာလေးတို့ ရွာသားမဟုတ်တဲ့ ဘုန်းကြီးက ရင်ဂစ် ၇၀၀-လှူဒါန်းပြီး ဒကာလေးတို့ ရွာသားတွေ တယောက်ကို ဘယ်လောက်လှူနိုင်
မလဲလို့ စိန်ခေါ်လိုက်တာလေ ဘယ်လိုလဲ သဒ္ဓါတရားမှာ သတ္တိရှိတဲ့သူတွေ စာရင်းလာပေးနိုင်ပါတယ်ဟု ဖိတ်ခေါ်လိုက် တော့ ရင်းဂစ် ၅၀၀-အလှူရှင် ၃၀၀-အလှူရှင်တွေ ထွက်ပေါ်လာပါ၏ တနေ့ထဲနဲ့ ရင်းဂစ် ၁၀၀၀၀-ကျော်ရရှိပါ၏။
      ခေါင်းဆောင်လုပ်တဲ့ ဒကာလေးတွေလည်း ၀မ်းမြောက်ဝမ်းသာနဲ့ ဘဘုန်းကို တပည့်တော်တို့ ကျေးဇူးတင်ပါတယ် ဘု ရားဟု လျှောက်ထားကြ၏ ဒီလောက်ငွေနဲ့ ကျောင်းတဆောင်ရပါ့မလားမေးတော့ ရတယ်ဘုရား တပည့်တော်တို့နယ်က သစ်ပေါတယ်ဘုရား လုပ်အားခဘဲလိုတာ ကျောင်းအမိုးကိုလည်း မလေးရှားရောက် ရွာသားအလှူရှင် နှစ်ဦးက လှူမှာဆို တော့ ကျောင်းတဆောင်တော့ အောင်မြင်ပါပြီဘုရားဟု ၀မ်းမြောက်ဝမ်းသာ လျှောက်ထားကြ၏။
      ဘုန်းကြီးဟောပေးတဲ့ တရားတပွဲနဲ့ ကိုယ်တိုင်ဦးဆောင်ပြီး လှူဒါန်းခဲ့တဲ့ အကျိုးဆက်ကတော့ သဘာဝဘေးအန္တရာယ် ကို အံတုပြီး သစ်ပင်အောက်တွင် စာသင်နေရသော ကျောင်းသားငယ်လေးတွေအဖြစ်မှ ကျောင်းဆောင်အောက်တွင် သက် တောင့်သက်သာ စာပေသင်ကြားနိုင်သော ကျောင်းသားငယ်လေးတွေဘ၀ကို တွေးတော ရည်မှန်းပြီး ပီတိတွေ ဝေဖြာကာ သြော် ---လူသားတွေအတွက် ကောင်းကျိုးတခု ပြုခဲ့လေပြီဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါ၏။   
     
Type your summary here. Type the rest of your post here.