ဂျွန်၃-ရက်နံက်၆-နာရီတွင် ပန်းလှိုင်တံတားထိပ်တွင် မေတ္တာလမ်းပေါ်က ကရုဏာရှင်အဖွဲ့သားများ မီနီဘတ်တစီး ကုန်တင်ကားအကြီး
တစီးဖြင့် ဖျာပုံ၊ဘိုကလေး၊မော်ကျွန်း၊သုံးမြို့နယ်စာ အလှူပစ္စည်းတွေတင်၍ ထွက်ခွာလာခဲ့၏ သံဃာတော်၉-ပါး ဒကာ၂၅ယောက်ပါသည်
၂-ရက်ခရီးစဉ်ဆိုတော့ လိုက်သူအနည်းငယ်လျှော့သွား၏ နံက်၁၀-နာရီခန့်တွင် ဖျာပုံမြို့သို့ရောက်ရှိ၏ ကောင်းမေတ္တာတည်းခိုခန်းတွင်
မတင်ရီ-ညီမများနှင့် မောင် သားများစောင့်နေ၏ ဖျာပုံခရီးစဉ်ကို မတင်ရီစီစဉ်ထားရန် ဖုံးဆက်အကြောင်းကြားထားပြီးဖြစ်၏။ အပျက်စီး
များ၍ ဒုက္ခရောက်နေသော ကျေးရွာရွေးချယ်ထားရန်ပြောထား၏။ ကားဖြင့်သင်္ဘောဆိပ်သို့မောင်းကာ ငှားထားသော သင်္ဘောပေါ်သို့
ဖျာပုံအတွက်ပစ္စည်းများချကြ၏
ဘိုလေး၊မော်ကျွန်းပစ္စည်းများကို ကားပေါ်တွင်ထားခဲ့ကာ ကောင်းမေတ္တာတွင်စောင့်နေရန်မှာခဲ့ပြီး ၁၀-နာရီ ၃၀-မိနစ်ခန့် ဖျာပုံမှစတင်
ထွက်ခွာလာ၏ သင်္ဘောပေါ်တွင် ဖျာပုံမှမတင်ရီတို့ညီမတွေချက်ယူလာသော ဖျာပုံလက်ရာနေ့ဆွမ်းကို သံဃာတော်တွေ ခံတွင်းတွေ့လှ၏
ဖျာပုံသူတွေ ဟင်းချက်ကောင်းမွန်လှ၏ အချိုပွဲတွေလည်းစုံလှ၏ ဒီနေ့တော့ ဖျာပုံမြစ်ပေါ်တွင် မှတ်မှတ်ရရ ဆွမ်းတနပ်ကို ဖုံးပေးခဲ့ရပါ၏
ဘုန်းကြီးတွေပြီးမှ ဒကာဒကာမတွေလည်း ဘူဖေးစနစ်ဖြင့် ဒကာကျော်သန်းမှ အိုးသူကြီးလုပ်ကာထည့်ပေးနေတာကို ပျော်ရွှင်ဖွယ်တွေ့
မြင်ရပါ၏။ သင်္ဘောပေါ်တွင် ပတ်ဝန်းကျင်ရှုခင်းကြည့်၍ ဆွမ်းစားရတာ ငယ်ငယ်တည်းကနှစ်သက်ခဲ့၏ ယ္ခုခရီးစဉ်တွင် သင်္ဘောပေါ်မှာဘဲ
စားရတာများနေတော့ ငယ်ငယ်တုံးက နှစ်သက်ခဲ့တာတွေလေး အနည်းငယ်တော့အာသာပြေသလိုရှိ၏။
ကဒါကျေးရွာသို့သွားလမ်းဘေးဝဲယာကမ်းပေါ်တွင် ငါးဖမ်းသင်္ဘောများစွာ ကုန်းပေါ်တွင်တင်နေတာကိုတွေ့မြင်ရ၏ ဘုန်းကြီးသွားခဲ့သော
မြို့နယ်များတွင် ဖျာပုံမြို့နယ်အများဆုံးဖြစ်၏ ရေလုပ်ငန်းရှင်တွေ အတော်ထိခိုက်နစ်နာမှာဖြစ်၏ ဘုန်းကြီးသွားတာ နာဂစ်တိုက်ပြီးတလ
ရှိခဲ့ပြီ ယ္ခုထိ သင်္ဘောတွေ မှောက်ရက်တမျိုး နစ်နေတာကတမျိုး ကုန်းပေါ်ခပ်ဝေးဝေးရောက်နေတာကတမျိုးဖြင့် စုံနေအောင်တွေ့မြင်ခဲ့ရ
ပါ၏ ဆန်စက်တွေလည်းအတော်ထိခိုက်တာတွေ့မြင်ရ၏ အမိုးတွေလန် ပျိုကြပျက်စီးနေတာတွေကိုလည်းများစွာတွေ့မြင်ခဲ့ရ၏ သစ်ပင်
တွေလည်း မီးလောင်ထားသလို ချောက်နေတာတွေ့မြင်ရ၏ အားလုံးအရုပ်ဆိုးအကျီးတန်အောင် နာဂစ်ကောင်းကောင်းနှိပ်ဆက်ခဲ့သည့်
မြင်ကွင်းကို ၀မ်းနဲစွာကြည့်ရှုရင်း ဘုရားတရားတော်အတိုင်း ဖြစ်လာလို့ ပျက်ခြင်းသဘောဟုသာ နှစ်လုံးသွင်းမိတော့၏
ကဒါကျေးရွာသို့ နေ့လည် ၂-နာရီမှရောက်၏ ကဒါကျေးရွာဝန်းကျင်မှ အိမ်ထောင်စု ၄၈၀-ခန့် ကြိုတင်အကြောင်းကြားထားသောကြောင့်
ဘုန်းကြီးကျောင်းသို့ရောက်ရှိနေ၏ ဘုန်းကြီးကျောင်းလည်းအမိုးတွေမရှိပါ ဟာလာဟင်းလင်းဖြစ်နေ၏ ကျောင်းကြီးက ကြီးတော့ ခုထိ
ဘုရားဆောင်ဘက်အနည်းငယ်သာမိုးထားတာတွေ့ရ၏ ကဒါဆရာတော်ထံသွားရောက်ဖူးမျှော်ပြီး ကျောင်းပြင်ရန်အလှူငွေနှင့် ဆန်၊စောင်
သင်္ကန်းစသောလှူဖွယ်ပစ္စည်းတွေလှူဒါန်း၏ ဒကာဖိုးချွန်းဒကာကျော်သန်းတို့အဖွဲ့နှင့်ဖျာပုံဒကာများရွာသားများအိမ်ထောင်စု-၄၈၀-စာ
ခွဲဝေထုတ်ပိုးကြ၏၊ ဦးရေ၀တနှင့်သံဃာငယ်များ အိမ်ထောင်စုစာရင်းဖြင့်တန်းစီထိုင်ခိုင်းနေ၏ ဘုန်းကြီးတို့တော့ ကျောင်းပေါ်တွင် နားနား
နေနေ အနာယူနေ၏။ ပြင်ဆင်ပြီးသောအခါ ဘုန်းကြီးကိုလာပင့်၏ ဤရွာဝန်းကျင်တွင်လူ၅၀-ကျော်သေကြသည်ဟုပြော၏ ဘုန်းကြီးလဲ
ထုန်းစံအတိုင်းအလှူရှင်များအကြောင်းကိုပြောဆိုပြီး နာဂစ်ကြောင့်သေသူတွေကို ရည်စူးအမျှဝေ၏ သာဓုသံညီညီညာညာခေါ်ဆိုပြီး
အိမ်ထောင်တဦးချင်းကို ဆန် စောင် ကျားဝတ်တစုံ မ၀တ်တစုံ ကလေးကျားမတစုံ ဓါတ်ဆားထုတ် ယားနာလိမ်းဆေး ဖျာနာသောက်ဆေး
တို့ကိုလှူဒါန်း၏ ကလေးတွေကို ကျောင်းအောက်တွင်စုခိုင်းကာ ဒကာကျော်သန်းနှင့်ဒကာဖိုးချွန်းဝေဿန္တရာနှစ်ယောက် ပျော်ရွှင်စွာ
အလှူပေးနေတာကို ၀မ်းမြောက်ဖွယ်တွေ့မြင်ရပါ၏ အပြန်တွင် သင်္ဘော ဆီကုန်တာနှင့် အထက်ကျုံတမင်ရွာဘုန်းတော်ကြီးသို့ဆိုက်ကပ်
၍ ဆီတက်ဝယ်ကြ၏ ဘုန်းကြီးလည်းဝေဿန္တရာနှစ်ယောက်ကို ဒီရွာလည်းဆင်းရဲတာဘဲ ရှိတာလေးတွေဝေပါအုံးဟုပြောလေ၏ ဒါနပိုး
ထနေသောဒကာနှစ်ယောက်လည်း ကမ်းပေါ်သို့တက်ကာ ကလေးတွေမိုက်ဖြင့်ခေါ်၍ ဘုန်းကြီးကျောင်းအောက်တွင် ဝေတော့၏ တဆင့်
စကားကြားပြီးတရွာလုံးလူကြီးကလေးတွေရောက်လာ၏ ဝေဿန္တရာတွေဝေလို့မနိုင်ဖြစ်နေ၏ ဘုန်းကြီးလည်းကျင်ငယ်စွန့်ပြီးအပြန်
ကလေးတွေတိုးနေတာနှင့် သူတို့ကိုရှောင်ကာမှ ကျောင်းအောက်တွင်ထွက်နေသော သစ်သားစွန်းတခုဖြင့်တိုက်မိသည့်အတွက် နဖူးစပ်
တွင်ပေါက်သွားကာ သွေးထွက်ပြီးဒါဏ်ရာအနည်းငယ်ရရှိခဲ့၏ ခေါင်းသွေးးထွက်ခဲ့ရသည့် အမှတ်တရကျုံတမင်ဖြစ်ခဲ့၏ မလေးရှားဆရာ
တော်တွေလှူမှန်းသိသွားတော့ တံတားပေါ်တွင်ရပ်နေသောဘုန်းကြီးအား ဒကာတယောက်မှ မလေးရှားဆရာတော်ကို ကြည့်ချင်လို့
ဘုရားဟုလာလျှောက်၏ သင်္ဘောထဲသွားကြည့်ကွာဟုပြောလိုက်ရ၏ ကျုံတမင်မှပြန်လည်ထွက်ခွာလာရာ ဖျာပုံသို့ ညနေ ၆-နာရီမှပြန်
ရောက်၏ သိန်း ၆၀-ဘိုးဖျာပုံခရီးစဉ်အောင်မြင်စွာပြီးဆုံးခဲ့လေပြီ။ အထူးကျေးဇူးတင်ရမည့်လူတွေမှာ ဖျာပုံကိစ္စအတွက် အ စစ အရာရာ
အစဉ်ပြေအောင်စီစဉ်ပေးသော မတင်ရီ ညီမများနှင့်မောင်သားတို့အားလည်းကောင်း ရန်ကုန်မှ ဒကာဖိုးချွန်းအဖွဲ့ ဒကာကျော်သန်းအဖွဲ့
တို့အားလည်ကောင်း စနစ်တကျဖြစ်အောင်စီစဉ်ပေးသော ဦးရေ၀တနှင့်သံဃာငယ်များကိုလည်းကောင်း မညီးမညူလိုက်ပါအားပေးကြ
သော ဘုန်းကြီ၏မိတ်ဆွေဘုန်းကြီးများကို မလေးရှားရောက်ဆရာတော်များကိုယ်စား အထူးကျေးဇူးတင်ပါ၏
No comments:
Post a Comment