ဘိုကလေးဆဌမပိုင်း
ဆန်းသစ်လှိုင်ပေါ်မှကြားခဲ့ရသောဇာတ်လမ်း
သေသည့်တိုင်အောင် ချစ်သက်သေပြရှာသူလေးရယ်
ဆန်းသစ်လှိုင် သင်္ဘောပိုင်ရှင် သားဖြစ်သူ၏ သူငယ်ခြင်းအကြောင်းဖြစ်ပါ၏ ဘိုကလေးသားနှင့် ကျီးချောင်းသူတို့ ချစ်သူစုံတွဲသည် မိဘများ ခွင့်ပြုချက်နှင့်အညီ လက်ထပ်ပြီးလို့ မကြာသေး သော
အချိန်မှာပင် ချစ်သူတို့ဘ၀ ချစ်အားပိုနေချိန်တွင် ရက်ရက်စက်စက် နာဂစ်နှိပ်စက်မှုဒါဏ်ကို အလူး အလဲခံရလေတော့၏ မှောင်ရီပျိုးခါစ အကာလ ညချမ်းအချိန်သို့ ရောက်ခါစတွင် နာဂစ်က စတင်လှုပ်
ရှားလာ၏ ပြင်းထန်စွာတိုက်ခိုက်လာသော နာဂစ်၏ရက်စက်မှုကို ချစ်သူနှစ်ဦး တဦးနှင့်တဦးလွင့် မထွက်သွားအောင် ဖက်ထားကြရ၏ နာဂစ်လေ၏ဒါဏ်ကိုသာ ကြံ့ကြံ့ခိုင်အံတုနိုင်သော်လည်း နာဂစ်
ခေါ်လာသော နာဂစ်၏ မိတ်ဆွေကြီး ဒီရေနှင့်လှိုင်းလုံးကြီးတွေကိုတော့ အံမတုနိုင်ပါ။
လေနှင့်အတူ တက်လာသော ရေလှိုင်းလုံးကြီးကား ၁၂-ပေအမြင့်ကျော်ဖြစ်၏ ရိုက်ခတ်အားကလည်း
ပြင်းထန်လှပါဘိ ချစ်သူနှစ်ဦးတို့၏ ဘုံဗိဗ္မာန်လေးလည်း နာဂစ်လေဒါဏ်ကြောင့် အမိုးတွေလွင့် သွားသည့်အပြင် လေမှာဝဲလာသော သစ်ကိုင်းတွေ သစ်တိုသစ်စတွေဖြင့် အလူးအလဲ ခံနေရချိန်တွင်
၁၂-ပေကျော်မြင့်သော ရေလှိုင်းလုံးတက်လာချိန်မှာတော့ ချစ်သူတို့ အိမ်ဂေဟာလေးလည်း လှိုင်းလုံး အောက်တွင်လွင့်စင်သွားလေ၏ သေအတူ ရှင်မကွဲ ကျစ်ကျစ်ပါအောင် ဖက်ထားကြသော ချစ်သူဇနီး
မောင်နှံလည်း မိမိတို့အိမ်ဂေဟာနှင့်အတူ လှိုင်းလေကြားတွင်လွင့်ပါသွားလေ၏။
ရက်စက်ပါဘိ နာဂစ်ရယ် မိမိတို့ချစ်သူနှစ်ဦးကို ဘယ်လိုရန်ငြိုးတွေကြောင့် ဒုက္ခပင်လယ်ဝေအောင် လုပ်ဆောင်ရပါသနည်း အမှောင်ဖုံးလွမ်းလျှက် တဂီဂီ တ၀ီဝီဖြင့် တိုက်ခိုက်မှုပြင်းထန်သော ၁၂-မြင့် သောလှိုင်းလုံးတွေထဲဝယ် နိမ့်ချီ မြင့်ချီဖြင့် မိမိတို့ချစ်သူနှစ်ဦး တယောက်နှင့်တယောက် သေအတူ ရှင်မကွဲ စိတ်ဓါတ်ဖြင့် ရေထဲတွင် တွေရှိသော ကြိုးတခုကို လက်နှစ်ဖက်ကိုပူးတွဲကာ ချီထားလိုက်၏ သေရင်လည်း အတူတူသေကြတာပေါ့ တယောက်နှင့်တယောက်မခွဲကြစတမ်းဟု
ပြောဆိုကာ နာဂစ်ကို ရင်ဆိုင်အန်တုဘို့ ရှိသမျှစိတ်အား ရှိသမျှခွန်အားတွေဖြင့် ညမှောင်မှောင်ဝယ် ဘယ်စီကိုမှန်း၍ ဘယ်ကန်းကိုကူးရမှန်းမသိ
စမ်းတ၀ါးဝါးဖြင့်သာ လွင့်ချင်ရာလွင့် ရောက်ခြင်ရာရောက်ဟု အားတင်းကာ မိမိတို့ချစ်သူနှစ်ဦး လှိုင်းလေကြားဝယ် မြုတ်လိုက် ပေါ်လိုက်ဖြင့် ရေအောက် ရောက်မသွားအောင် အတော်ကြိုးစား အားထုတ်နေရ၏။
နာဂစ်၏ ရက်စက်ကြမ်းကြုတ်မှုကား လွန်လွန်းပါ၏ တိုက်ခိုက်မှု ကြာရှည်သလို ပြင်းထန်မှုကလည်း အသဲခိုက်အောင် ချမ်းလှပါဘိ မိုးသီးမိုးစက်၏ဒါဏ်ကလည်း ပြင်းထန်သော လေတိုက်မှုနှင့်ပါလာ သောကြောင့် ခန္ဓာကိုပေါ်ကြရောက်လာသောအခါ အပ်နှင့်ထိုးသည့်နှယ် တစစ်စစ်နာကျင်အောင် ပြင်းထန်လှပါဘိ ရက်စက်မှုသရဖူဆောင်းသော နာဂစ်နှိပ်ဆက်မှုအောက်တွင် ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ သောက်သောက်လည်း သေကုန်မှာသေချာ၏ ခွန်အားတောင့်တင်လှသည့် နုပျိုသူတွေတောင် အားမတန်လို့ မာန်လျှော့ကာ နာဂစ်၏ရက်စက်မှုဒါဏ်ကို လည်ဆင်းပြီးခံရမည့် ကိန်းဆိုက်လာ၏။
ချစ်သူနှစ်ဦးလည်း တဦးနှင့်တဦးဖေးမကာ အားတင်း၍ကူးသော်လည်း အချိန်တွေကြာရှည်လာသော အခါ ပင်ပန်းလာ၏ ကိုယ်တွေလက်တွေနာလာ၏ ခန္ဓာကိုယ်၏အင်အားတွေ ကျဆင်းလာ၏ အမျိုးသားတွေနှင့်စာလျှင် အမျိုးသမီးတွေက ခံနိုင်ရည်ပိုနည်းတာတွေ့ရ၏ ချစ်သူအမျိုးသမီးလည်း မိမိသည်နာဂစ်၏ဒါဏ်ကို ဆက်လက်ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့ ရှိသမျှခွန်အားတွေလည်း ကုန်ဆုံးစပြုလာပြီ ဒီအတိုင်းသာ ဆက်လက်ကူးနေမည်ဆိုလျှင် မိမိနှင့်အတူ မိမိချစ်ရသူပါ နှစ်ဦလုံး သေခြင်းနှင့် ရင်ဆိုင်ရတော့မှာဖြစ်၏ ဇနီးဖြစ်သူသည် မိမိအသက်သေခြင် သေစေတော့ မိမိကို ဖေးဖေး မမ ဖြင့်လက်တွဲကူးခတ်နေသော မိမိခင်ပွန်း ဖြစ်သူ၏ အသက်ရှင်သန်စေရန် ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်လေတော့၏ မိမိလက်တဖက်ဖြင့် ချီထားသောကြိုးစကို ကိုင်လိုက်၏ ခင်ပွန်းဖြစ်သူရိပ်မိသွားဟန်တူ၏ ဘာလုပ်တာလည်းဟူသော အမူအရာဖြင့် ဟန်ပျက်နေသော ဇနီး ဖြစ်သူကို ပိုပြီးဖေးမကူညီနေတာတွေ့ရ၏ ဇနီးဖြစ်သူလည်း မသိမသာဖြင့် အသာနေလိုက်ရ၏ နောက်တချီ လှိုင်းအမြင့်တိုက်ခိုက်လာချိန်တွင် အခွင့်ကောင်းယူကာ ဇနီးဖြစ်သူသည် လက်မှာချီထား
သောကြိုးစကို အပီအပြင်ဖြုတ်ချလိုက်လေတော့၏ ။
ချစ်သူနှစ်ဦးသည် ယုတ်မာရက်စက်သောနာဂစ်၏ ပက်ပက်စက်စက် ရက်စက်သော မိတ်ဆွေဆိုးကြီး ဒီရေလှိုင်းအောက်တွင် တကွဲတပြား လွင့်စင်သွားလေတော့၏ ကြင်စဦးဇနီးမောင်နှံတို့၏ အချစ်ကို မညာမတာ ခွဲရက်ပါဘိနာဂစ်ရယ် ချစ်သူတို့ဘ၀ ချစ်၍မ၀မှီပင် ဘယ်အငြိုး ဘယ်အာဃာတ တွေကြောင့် ဒီလောက်တောင်ရက်စက်ရပါသနည်း လွင့်စင်ပြောက်သွားသောဇနီးဖြစ်သူကို ခင်ပွန်း ဖြစ်သူသည် တကျော်ကျော်အော်ခေါ်ကာ အသံပေးသော်လည်း ဘာသံမှပြန်ကြားမှုမရတော့ပါ ရက်စက်မှုသရဖူဆောင်းသော နာဂစ်၏ဒါဏ်ကို မရှုမလှခံစားလျှက် လှိုင်းလေကြားတွင် ချစ်သူပြောက်ရှာပုံတော်ဖွင့်နေသော နာဂစ်၏သားကောင် မိမိအတွက် ဤလောကကြီးသည် ဘာထူးတော့မည်နည်း ချစ်သူမရှိလျှင် မိမိအတွက် အသက်ရှင်နေသော်လည်း ရှင်လျှက်သေနေသူ သာဖြစ်၏ အသက်ရှင်ဖို့အတွက်အားထုတ်ရန်စိတ်မပါတော့ ဖြစ်ခြင်ရာဖြစ်ဟု သဘောထားကာ မျက်ရည်စက်လက်ဖြင့် ရေပေါ်တွင် အလိုက်သင့်မျှောကာ နေလိုက်တော့၏။
နာဂစ်ကား အားကုန်လို့မာန်ရှော့လာလေ၏ မိတ်ဆွေဆိုးကြီး ဒီလှိုင်းနှင့်ရေတွေလည်း တဖြေးဖြေးကြ
ဆင်းလာ၏ မိမိစိတ်တွေလည်း မပီမပြင် ၀ိုးတ၀ါးနှင့် မှုံဝါးစပြုလာ၏ မိမိအသိစိတ်တွေလည်း မရှိတချက် ရှိတချက်ဖြစ်နေ၏ ကမ်းပြင်တခုပေါ်ရောက်နေသလိုလို လေဟာပြင်ပေါ်မှာ ချစ်သူနှင့် တွေ့နေသလိုလို ထင်နေရ၏ ချစ်သူကဘဲမိမိကို လက်ရပ်ခေါ်နေသလို တွေ့မြင်ရကာ မိမိစိတ်အစဉ် သည် နာဂစ်လေနှင့်အတူ လွင့်ပါသွားလေတော့၏ မိမိခန္ဓာကိုယ်ကား သောင်ပြင်ပေါ်တွင် အ၀တ် ဗလာနတ္ထိဖြင့် တင်ကျန်လျှက်ရှိ၏ မိမိစိတ်အစဉ်ကတော့ ဟိုရောက်ဒီရောက်နှင့် ချစ်သူနှင့်တွေ့သော် လည်း မိမိအားရှိသလောက် အော်ဟစ်ပြောဆိုသောအသံကို သူတို့ကြားသည်ဟု မထင်ရပါ ပြန်လည် ပြောဆိုတာလည်းမတွေ့ရပါ ဘာတွေဖြစ်ကုန်ပြီလည်းဟု အားမလို အားမရဖြင့် မိမိစိတ်တွေ တွယ်ရာ မဲ့ဘ၀သို့ရောက်ရှိသွားလေ၏။
အဲဒီအချိန်ကြမှ ချစ်သူသည်မိမိနားသို့ရောက်ရှိလာကာ အကိုထတော့ ကယ်ဆယ်ရေးသင်္ဘောတွေ လာနေပြီ အကိုထတော့ ကယ်ဆယ်ရေးသင်္ဘောတွေလာနေပြီ ဟု အကြိမ်ကြိမ်လက်ဖြင့်ပုတ်နှိုးနေ၍ မိမိနှိုးလာ၏ လက်တွေကလဲနာ ကိုယ်တွေကလည်းမလှုပ်ခြင်အောင်ဖြစ်နေ၏ မိမိဘယ်ကိုရောက်နေ သလည်း မိမိကိုယ်လှုပ်နှိုးနေသော မိမိချစ်သူကိုမျက်စိဖွင့်ကြည့်သောအခါ ဘယ်သူကိုမှမတွေ့ရ မကြေနပ်လို့ အသံကုန်ဟစ်အော်ပြီးခေါ်သော်လည်း ဘာမှတုန့်ပြန်မှုမရ သတိမေ့နေသောချစ်သူကို အသက်ရှင်ဖို့အတွက် ဘ၀ပြောင်းသွားသော ချစ်သူမှ လာရောက် ကယ်တင်ခြင်း ဖြစ်ပါ၏ ကယ်ဆယ်ရေးသင်္ဘောလာနေချိန်တွင် မိမိခန္ဓာကိုယ်ပေါ်တွင် ဘာအ၀တ်စားမှမရှိပါ အရှက်လုံရုံ တွေ့ရာ ပီနံအိပ်အစုတ်တွေကိုပတ်လျှက် ဆိုက်ကပ်လာသော ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ မျက်ရည်စက်လက်ဖြင့် သေသည့်တိုင်အောင် ချစ်သက်သေပြသွားသော
ချစ်သူကိုခွဲခွါ၍ တက်လာခဲ့၇ပါ၏။
ကယ်ဆယ်ရေး သင်္ဘောထွက်ခွါလာတော့ ခွဲခွါခဲ့ရသော ချစ်သူကိုတမ်းတကာ မိမိရောက်ခဲ့သော ပတ်ဝန်းကျင်ကိုကြည့်သည့်အခါ မိမိဘယ်အရပ်ကိုရောက်နေမှန်းမသိ မီးလောင်ပြင်လို ခြောက်သွေ့ နေသောသစ်ရွက်တွေ တပိုင်းကြိုးကာ
၇ုပ်ကျက်ဆင်းပျက်ဖြစ်နေသော အုန်းပင် ကွမ်းသီးပင်တွေ အမြစ်ပါလန်၍ တုံးလုံးလဲနေသော ကိုကိုပင်ကြီးတွေနှင့်တခြားအပင်တွေ အမိုးလန်ကာပျက်စီးနေ သော အဆောက်အအုံတွေ ကုန်းပေါ်ရောက်နေသော သင်္ဘောတွေ မိမိတို့အရပ်ဒေသတခုလုံးကို ယုတ်မာရက်စက်သောနာဂစ်က အ၇ုပ်ဆိုးအကြည်းတန်ဘ၀ရောက်အောင်တွန်းပို့ခဲ့လေပြီ မိမိတို့ ဘိုးဘေးဘီဘင်တွေတည်ဆောက်ခဲ့သော ဤဒေသ၏ သဘာဝအလှတရားတွေကို နာဂစ်က တရက် တည်းဖြင့်ဝါးမြိုပြစ်လိုက်လေပြီ၊ ယုတ်မာရက်စက်လှသောနာဂစ်ရယ် ဘယ်ဘ၀ ဘယ်အငြိုးတွေ ကြောင့် မိမိဘ၀ကို ဖျက်စီးရပါသနည်း မိမိချစ်သူနှင့် သေကွဲကွဲအောင် ဘာဖြစ်လို့ဖန်တည်းရပါသ နည်း မိမိအရပ်ဒေသကို အရုပ်ဆိုးအကြည်းတန်အောင် ဘာဖြစ်လို့ မွှေနှောက်ရပါသနည်းဟု သောကကိုရင်
ဝယ် ပိုက်လျှက် ကြလာသောမျက်ရည်ကို မဆည်နိုင်အောင် လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းကာ နာဂစ်ကိုရန်လုပ်လျှက် ငိုကြွေး မိလေတော့၏၊ ဘ၀ပြောက်နေသော မိမိ၏ တကောင်ကြွက်ဖြစ်နေသော အနာဂါတ်ဘ၀ကို ဘယ်လိုနေလို့ ဘယ်လို စခန်းသွားရမည်အဖြစ်ကို ယော်ရန်းမှန်းစကာ တွေဝေနေမိပါတော့၏။
No comments:
Post a Comment