အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 6, 2008

ကိုကို ညီမလေးကို --မလွှတ်လိုက်နဲ့နော်---------------------

ကိုကို ညီမလေးကို မလွတ်လိုက်နဲ့နော်
နာဂစ်မုန်တိုင်းတိုက်လာချိန်တွင် ကျောင်းသားငယ်တို့မိသားစုသည် အတူတကွ ရှိနေကြ၏ မိုးသက်မုန်တိုင်းသည် ဤလိုဒေသမျိုးအတွက် အဆန်းမဟုတ် နှစ်စဉ်တိုက်ခိုက်လေ့ရှိ၏ လူပေါင်း များစွာ၏ အသက်ပေါင်းများစွာကို ၀ါးမျိုပြစ်မည့် ကြမ်းတမ်းရက်စက်သော မုန်တိုင်းဟု ဘယ်သူကမှ မထင်ခဲ့ လာနေကြမုန်တိုင်း တခုလောက်ဟုသာ ထင်ခဲ့၏ အကြားအမြင် ဗဟုသုတ နဲပါးခြင်းက လူတွေသေဖို့ရန် ဖန်တည်းလိုက်ခြင်းဖြစ်၏ ဒီလောက်ကြီးသည့် မုန်တိုင်းကြီးကို တာဝန်ရှိသူတွေက လည်း ကြောက်လောက်အောင် မကြေငြှာပေးနိုင်ခဲ့ ကြေငြှာသော်လည်း လျှပ်စစ်မီးမရှိသော လေဒီယို တီဗွီမတတ်နိုင်သော ဤလိုတောနေပုဂ္ဂိုလ်တွေ သိဖို့ရန်မလွယ် သိကြသော်လည်း ဤပုဂ္ဂိုလ်တွေ မိမိအရပ်ဒေသကို စွန့်လွတ်ကြမည်မဟုတ် အကြောင်းမျိုးစုံကြောင့် သေဖို့ရန် ဖြစ်လာ၏ သဗ္ဗေသတ္တာ ကမ္မသကာ ဟုသာ ပြောရမလိုဖြစ်နေ၏။


နာဂစ်လေနှင့်အတူ ပါလာသော လှိုင်းလုံးကြီးတွေ၏ ရိုက်ခိုက်မှုကြောင့် ကျောင်းသားငယ်တို့ မိသားစု အဖေအမေ ညီမလေးနှင့်မိမိတို့ လွင့်စင်ထွက်သွား၏ ညီမလေးနှင့်မိမိတော့ တယောက်နှင့် တယောက် လေတိုက်စဉ်ကပင် ဖက်တွယ်ထားသောကြောင့် ဒီလှိုင်းရေနှင့်အတူတကွ မျှောပါသွား၏ ကျန်းမာရေးချူချာလှသော မိမိညီမငယ်သည် ညမှောင်မှောင် ရေပြင်လယ်ဝယ် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ရတော့၏ မိမိလည်း ညီမငယ်ကို ဖေးမကူညီရ၏ အကြောက်လွန်နေသော ညီမငယ်သည် အကိုဖြစ် သူကို တအားဖက်လျှက် ငိုရိုပြောဆိုနေသော ၀မ်းနည်းဖွယ် စကားကတော့ ကိုကို ညီမလေးကို မလွတ်လိုက်နဲ့နော် စိတ်ချပါညီမလေး ကိုကိုညီမလေးကို ဘယ်တော့မှ မလွှတ်ဘူး သေလဲ အတူတူ ပေါ့ဟု ၀မ်းနည်းဖွယ်စကားတွေ ပြောဆိုနေရ၏။
ညီမငယ်၏ ဖက်တွယ်ထားမှုကြောင့် လှိုင်းဒီရေကြားတွင် အကိုဖြစ်သူသည် မနဲရပ်တည်နေရ၏ သစ်တုံးတခု မျှောလာတာနှင့် ကြုံတွေ့လို့တော်ပါသေး၏ မျှောလာသော သစ်တုံးတခုပေါ်သို့ ညီမငယ်ကို ဖက်ထားစေကာ မိမိမှ ညီမငယ်နှင့်သစ်တုံးကို ထိမ်းလျှက် လေအလွင့်တွင် ပါလာသော ဒီရေလှိုင်းတွေဖြင့် နိမ့်ချီမြင့်ချီ မျှောပါလျှက်ရှိတော့၏ နာဂစ်ကားရက်စက်ပါဘိ အချိန်ရှေလျှားစွာ တိုက်ခိုက်သလို ပြင်းထန်မှုကလည်း လွန်လွန်းပါဘိ မညှာမတာ ရက်ရက်စက်စက် တိုက်ခိုက်နေ၏ လေနှင့်အတူ ပါလာသော လှိုင်းလုံးတွေကလည်း ကြီးမားပါဘိ နာဂစ်သားကောင် အကိုနှင့်ညီမလေး တယောက်နှင့်တယောက် ကွဲမသွားအောင် သတိထားဖက်တွယ်ထားရ၏။
တငိုငိုတရီရီနဲ့ ညီမလေးကိုမလွှတ်လိုက်ပါနဲ့ အကိုရယ်ဟု တတွတ်တွတ်ပြောဆိုနေသော ညီမငယ်၏အသံသည် တဖြေးဖြေးတိုးညင်းလာ၏ မိမိလည်း လှိုင်းနှင့်လေကို သတိထားပြီး အလိုက် သင့်ဖြစ်အောင်လုပ်ရသလို သစ်တုံးကိုဖက်တွယ်ထားသော ညီမလေဘေးကိုလည်း လွတ်ထွက် မသွားအောင် ထိမ်းနေရ၏ တ၀ီဝီ တဂီဂီ နာဂစ်ငှက်ဆိုးသံကြီးကြားဝယ် အသံပြောက်သွားသော ညီမလေးကို သတိထားမိလာ၏ ညီမလေး ညီမလေးဟု အတင်းလှုပ်နှိုးသော်လည်း ပြန်လည်တုံ့ပြန်မှု မရှိတော့ မိမိသစ်တုံးနှင့်အတူဖက်ထားလို့သာ ညီမလေးမြဲနေခြင်းဖြစ်၏ ညီမလေးလက်တွေ သစ်တုံး ကိုဖက်တွယ်ထားခြင်းမရှိတော့ အကြောက်လွန်ပြီး သတိမေ့သွားသလားလို့ ထပ်ခါထပ်ခါ လှုပ်နှိုး သော်လည်း ဘာထူးခြားမှုမှပြမလာ အသက်မှရှုသေးရဲ့လားဟု နှာခေါင်းပေါက်စမ်းကြည့်တော့ အသက်ရှုမှု မတွေ့ရတော့ ညီမလေးကို မိမိအသက်နဲ့ ထပ်တူ ကာကွယ်မယ်ဟု ပိုင်းဖြတ်ထားသော စိတ်သည် ယ္ခုတော့ သေထဲရေသွန်သလိုဖြစ်သွားခဲ့ပေပြီ။
သေဆုံးနေပြီဖြစ်သော ညီမလေးကိုကြည့်ကာ မိမိစိတ်တွေလည်း မတည်မငြိမ်ဖြစ်သွား၏ ရည်မှန်းချက်ပျက်သွားလို့ ဟိုဟာလုပ်ရမလို ဒီဟာ လုပ်ရမလိုဖြစ်နေ၏ ညီမလေး၏ ပြောဆိုသံတွေ ကိုလည်း နားထဲမှာ ကြားယောင်မိနေ၏ ကိုကို ညီမလေးကို မလွှတ်လိုက်ပါနဲ့နော် စကားသံကြောင့် သေနေသူညီလေးကို မလွှတ်ပြစ်ရက်ဖြစ်နေ၏ မိမိအသက်ရှင်ရေးအတွက် ကျိုးစားနေရချိန်တွင် ဘာမှ ထူးခြားလာမှာ မဟုတ်သည့် ညီမလေးအလောင်းကို မျက်စိမှတ်ပြီး ကြေကွဲစွာနဲ့ လွှတ်လိုက်ရ ပါ၏ သွားတော့ညီမလေးရေ ညီမလေးတောင်းပန်စကားကို နားမထောင်ခဲ့သော တာဝန်မကျေသော အကို အဖြစ် ခွင့်လွှတ်ပေးပါ ညီမလေးရယ်။
မုန်တိုင်းလေနှင့်ဒီရေလှိုင်းကို တညလုံး အလူးအလဲ ခံစားရပြီးနောက် နံက်အရုဏ်တက်ချိန်မှ မုန်တိုင်းငြိမ်သွားသလို ဒီလှိုင်းတွေလည်း ကျဆင်းသွား၏ မိမိလည်း ဘ၀တူ ဒုက္ခသည်များနှင့်အတူ ကယ်ဆယ်စခန်းများသို့ရောက်ရှိခဲ့၏ ထိုမှတဆင့် မိမိရွာပြန်လာရာတွင် မိဘ ဆွေမျိုးများမတွေ့ရှိရ သည့်အတွက် ကညင်ငူဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ကျောင်းဆရာတော်မှ ကိုရင်ဝတ်မလား ဟု မိန့်တော်မူသောကြောင့် ကိုရင်ဘ၀ဖြင့် သာသနဘောင်ဝင်ရောက်ရန် ရည်ရွယ်ထားပါသည်ဟု ကျောင်းသားငယ်၏ ရင်နင့်ဖွယ် ဇာတ်လမ်းလေးကို ဤသို့ကြားခဲ့ရပါ၏။

No comments: