အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, February 15, 2010

ဓမ္မရောင်ခြည် တနင်္လာ သတင်းစဉ်။၁၅-၂-၂၀၁၀










မကွေးတိုင်း နတ်မောက်မြို့နယ် လျှော်ချောင်းကြီးရွာမှ မလေးရှားရောက်နေသော လူငယ်(၁၀၀)
ကျော်တို့မှ စုပေါင်းမိတ်ဆုံစားပွဲနှင့် စုပေါင်းသင်္ကန်းကပ်လှူပွဲကို ဆာလာဆောက်တွင်ကျင်းပခဲ့၏
လျှော်ချောင်ကြီးရွာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်မပြည့်စုံ၍ မကျီးပင်အောက်တွင်
စာသင်နေရသောကြောင့် ကျောင်းဆောင်ဆောက်လုပ်ဖို့ တိုက်တွန်းနှိုးဆော်တရားဟောကြားပေးရန်
လျှောက်ထားသောကြောင့် ဘုန်းကြီးလဲ မင်္ဂလာယသုတ်လာ ပတိရူပကို မိမိအရပ်ဒေသကို ပတိရူပ
ဖြစ်အောင် ကျောင်းမရှိလျှင် ကျောင်းဆောက်ပေးရမယ် ဆေခန်းမရှိလျှင် ဆေးခန်းဆောက်လုပ်
ပေးရမယ် ရေမရှိလျှင် ရေရရှိအောင် ဆောင်ရွက်ပေးရမယ် အကျယ်တ၀င့်ဟောကြားခဲ့ပြီး ဓမ္မပူဇာအဖြစ်
လှူဒါန်းသော အလှူငွေ ရင်းဂစ် ၆၀၀-ကျော်ကိုကျောင်းဆောင်မတည်ငွေအဖြစ်လှူဒါန်းကာ ဦးဆောင်
လှူဒါန်းပေးခဲ့၏ လျှော်ချောင်းကြီးရွာသားတွေ သဒ္ဓါတရားပေါက်ပြီးဝိုင်းလှူဒါန်းကြသောကြောင့် ရင်းဂစ်
၇၀၀၀-ကျော်ရရှိကာ ကျောင်းဆောင်တခုအတွက် အမာခံငွေရရှိခဲ့ပါ၏ ဆေးပေးခန်းနှင့် စာကြည့်တိုက်ကိုလဲ
ဆက်လက်ဆောင်ရွက်မည်ဟု လျှောက်ထားသောကြောင့် ၀မ်းမြောက်စရာ နေ့တနေ့ဖြစ်ခဲ့ပါ၏ စာရှုသူတွေလဲ
ဝမ်းမြောက်နိုင်ပါစေ။

Type the rest of your post here.

No comments: