ဗောရောဗုဓော စေတီတော်ကြီးကို အံ့သြဖွယ်တွေ့မြင်ရတော့၏ နေ ရောင်အောက်တွင်အချွန်အတက်တွေစုံလင်စွာဖြင့် ခပ်ဝေးဝေးမှ ခပ်ရေးရေးသာတွေ့မြင်ရ၏ ပိုနီးလာလေဗောရောဗုဓော
သွင်ပြင်လက္ခဏာက ပိုမိုပေါ်လွင်လာ၏ ဘုရားတွေ့တော့လဲ ပန်းလာသမျှသည်ဘယ်ရောက်သွားမှန်းမသိ အတိုင်းထက် အလွန် ၀မ်းသာကြည်နူးရပါ၏။
ဗောရောဗုဓောစေတီတော်ကြီးသည် ကမ္ဘာအကြီးဆုံး ရှေးဟောင်းဗုဒ္ဓစေတီတော်ကြီးဖြစ်၏ ကမ္ဘာပေါ်ရှိ ထင်ရှား သော ရှေးဟောင်းကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ကိုက အသိအမှတ်ပြုထား၏ ကမ္ဘာအံ့ဖွယ်ထဲတွင် ဗောရောဗုဓော စေတီလည်း အံ့ဖွယ်တခုအဖြစ် ယနေ့ထက်တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်၏ ဤမျှကြီးမားသော စေတီတော်ကြီးတ ဆူကို တည်ဆောက်ထားသည်ကို လေ့လာသောအားဖြင့် ထိုခေတ်က ဤနိုင်ငံသည် ဗုဒ္ဓဘာသာ အလွန်ထွန်းကား သောနိုင်ငံဖြစ်သည်ဆိုတာ အထူးပြောဆိုဖွယ်မလိုပါ သာမန်လူတောင် စဉ်းစားချင့်ချိန်နိုင်ပါ၏။
(A.D.8) အေဒီ ၈-ရာစုလောက်က တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၁၀၀၀-ကျော်နေပြီ သမိုင်းကြောင်းပြန် လှန်မယ်ဆိုလျှင် ဤစေတီတော်ကြီး တည်ဆောက်ချိန်သည် ဗုဒ္ဓဘာသာ ဘုရင်အုပ်ချုပ်၏ ဗုဒ္ဓဘာသာဘုရင်ကို ဟိန္ဒူဘု ရင်က ဖြုတ်ချတာတွေ့၏ ဟိန္ဒူဘုရင်ကိုလည်း မူစလင်ဘုရင်က ဖြုတ်ချတာတွေ့ရ၏ ယ္ခုလက်ရှိလည်း မူစလင်ဘာသာ ၀င်တွေ အုပ်ချုပ်နေ၏ နှစ်ပေါင်း ၁၀၀၀-ကျော်အတွင်း ဘာသာရေးဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နေသော်လည်း ဗောရော ဗုရောဘုရားကြီး၏ ထူးခြားအံ့သြဖွယ်နှင့် ထူးခြားသော ကျောက်များပေါ်တွင် အနုပညာလက်ရာစုံဖြင့် ဆွဲဆောင်မှုရှိ အောင် တည်ဆောက်ထားခြင်းကြောင့် ဘယ်ဘာသာဝင်မှ ပျက်လောက်အောင် မဖျက်ဆီးခဲ့ပါ။
ဗောရောဗုဒေါ စေတီတော်ကြီးကို ကျောက်ဆစ်ရုပ်လုံးရုပ်ကြွများ ကျောက်ထွင်းနံရံပန်းချီကားများ ဗုဒ္ဓ၀င်ဇာတ်နိ ပါတ်များဖြင့် လက်ရာမြောက်စွာ သရုပ်ဖေါ်ထား၏ စေတီပတ်လမ်းများမှထောင့်များတွင် ရေဆင်းရန်အတွက် နဂါးခေါင်း ရုပ်လုံးများအတွင်းမှ ရေဆင်းရန်စီစဉ်ထားပုံကလည်း ပညာသားပါပြီ လှပ၍ အနုပညာမြောက်လှ၏ အတက်လှေခါးလေး
ဘက်ရှိ အ၀င်ဝတိုင်းတွင် အစောင့်ခြင်္သေ့ရုပ်တုများရှိ၏ စေတီတော်ကြီးသည် အဆင့် ၁၀-ဆင့်ရှိ၏ စေတီတော်ပေါ်သို့ လေးမျက်နှာမှ အပေါ်ဆုံးထပ်ထိ ကျောက်လှေကားဖြင့် တိုက်ရိုက်တက်နိုင်ပါ၏
Type your summary here.Type the rest of your post here.
No comments:
Post a Comment