အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, February 16, 2011

အင်ဒိုနီးရှာခရီးစဉ် ဗောဓောဗုဓော ပလ္လင်တော်ကို လေ့လာခြင်း။


စေတီတော်ကြီးကို လေးမျက်နှာလေ့လာပြီးလျှင် ပလ္လင်တော် (သို့) ဖိနပ်တော်၏ အရှေ့တောင်ရပ် ခြေတော်ရင်းတွင်
၁၉၇၃-မှ၁၉၈၃-ခုနှစ်တွင် ပြန်လည်မွမ်းးမံပြီး နောက်ပိုင်းတွင် ဖွင့်လှစ်ထားခဲ့၏ အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လတ်ရေးကြေ
ငြာပြီး နှစ်ပေါင်းတော်တော်ကြာပြီးနောက် မေလတွင်ကျရောက်သော ကဆုန်လပြည့်နေ့တိုင်း ဥပုတ်ဆောက်တည်ခြင်း အခမ်းအနားကို ဗောဓောဗုဓော၌ နှစ်စဉ်ကျင်းပခဲ့၏။
ဤကဆုန်လပြည့်သည် ဗုဒ္ဓ၏နေ့ထူးနေ့မြတ် ၄-နေ့နှင့်တိုက်ဆိုင်နေ၏။
မြတ်ဗျာဒိတ်ပန်း-ဆင်မြန်းကဆုန်၊
မယ်တော်ဝမ်းမှ-လှမ်းကြွကဆုန်၊
မြတ်စွာဗုဒ္ဓ-ဖြစ်ရကဆုန်၊
ဘုံဇာတ်သိမ်း-ချုပ်ငြိမ်း-ဤကဆုန်။
၁-မြတ်စွာဘုရားလောင်း သုမေဓာရှင်ရသေ့ဘ၀ ကဿပဘုရားရှင်က ဘုရာစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ပန်း ဆင်မြန်းသောနေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၂-မြတ်စွာဘုရားရှင်အား မယ်တော်မာယာ၏ ၀မ်းကြာတိုက်မှ မီးရှုးသန့်စင် ဖွားမြင်သော နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၃-မြတ်စွာဘုရားရှင်သည် ဗောဓိပင်အောက် ရွှေပလ္လင်ထက်၌ အတုမရှိ မြတ်ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်း သဗ္ဗညုတ
ဥာဏ်တော်ရရှိတော်မူသောနေ့ထူးနေ့မြတ်ဖြစ်ခြင်း။
၎-မြတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီး တဘ၀ဇာတ်သိမ်း၍ ပရိနိဗ္ဗာန်စံတော်မူရာ နေ့ထူးနေ့မြတ်ဖြစ်ခြင်း။
ဤကဆုန်လပြည့်ကို လက်ရှိကမ္ဘာတွင် ဂေါတမဗုဒ္ဓ မွေးဖွာရာနေ့ဟု အသိအမှတ်ပြုကာ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ခန်းနားထယ်ဝါစွာ မြတ်စွာဘုရားရှင်အား အထူးတလယ် ပူဇော်သောနေ့ဖြစ်၏ ၀ီဆတ်ဒေး ဟုလည်းခေါ်ဆိုကြ၏ အဲဒီ နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ဗောဓောဗုဓောဘုရားခြေတော်ရင်းတွင် တွေ့မြင်နိုင်ပါ၏ ဗောဓောဗုဓော ခြေတော်ရင်းတွင်
နံပါတ်(၁) ဗျာဒိတ်ခံပုံမပါဘဲ ကျန်(၃)ခုသာတွေ့မြင်နိုင်ပါ၏ ၄-နေ့ရှိကြောင်းသိစေချင်လို့ တင်ပြခြင်းဖြစ်၏။


Type your summary here.Type the rest of your post here.

No comments: