အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, February 22, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏ပထမပစ္စယံမြင်ကွင်း။


နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်နှင့်စေတီများကို ပျက်စီးနေသောပုံနှင့် မပျက်မစီး ပကတိအတိုင်း တည်ရှိနေသော ပုံများကို လည်း တွေ့မြင်ရမည်ဖြစ်၏ Dhyani Buddha (ဒါရနိ ဗုဒ္ဓ) ပါဝင်သော နံရံထွင်း ဗုဒ္ဓရုပ်ပွားတော်ပုံ ထိုဗုဒ္ဓနှင့်ပုံစံတူ ၂၇၆-ဆူသော ဗုဒ္ဓပုံတော် ကျောက်ထွင်း ပန်ချီကားတို့ကို အောက်ခြေတွင် အတန်း သုံးတန်းဖြင့် ပြုလုပ် ထားပုံကိုလည်း ဖူးမြင်ရမည်ဖြစ်၏။
ဗောဓောဗုဓော၏ ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုလျှင် ဒုတိယ ပစ္စယံရေထွက်ပေါက်ကို ထောင့်ချိုးတိုင်းတွင် တွေ့ မြင်ရမည်ဖြစ်၏ ရှေးမှာတင်ပြခဲ့သလို မကရ်းရုပ်နှင့်မဟုတ်တော့ပါ ဘီလူးမျက်နှာပုံကိုခေါင်းပေါ်တွင် ကနုပ်ပန်း အချွန်အ တက်တွေ လက်ရာမြောက်စွာ ထုဆစ် တင်ထားသည့်ပုံနှင့် ပါးစပ်ပေါက် ဟလျှက် ရေထွက်ပေါက် လုပ်ထားခြင်းဖြစ်၏
သူတို့အခေါ်က Jaladwara (ဇလဒွါရ) ရေတခါးပေါက်ဟုဆို၏ ထောင့်ချိုးတိုင်းတွင် အချိုးအကွေ့ ပြေပြစ်၍ ကြည့်ရှုဖွယ်
ကောင်းအောင် အဆင်းတန်ဆာအခုအဖြစ် တပ်ဆင်ထားတာကို မှတ်သားဖွယ်အဖြစ် တွေ့မြင်ရမည်ဖြစ်၏။
ပထမ ပစ္စယံ လှည့်လည်ကြည့်ရှုပြီးနောက် ဒုတိယ ပစ္စယံသို့တက်ခဲ့၏ ဒုတိယ ပစ္စယံသည် ပထမပစ္စယံလို ကျောက် ထွင်းပန်ချီကား နှစ်ဆင့်ထပ်ထားခြင်းမရှိပါ တဆင့်တည်း တခုတည်းဖြင့် ခပ်ကြီးကြီး ထုဆစ်ထားတာတွေ့ရ၏ ၀ရန်တာ လက်ရန်းပေါ်မှာတော့ ရုပ်ပွားတော်တွေ စေတီကျောင်းဆောင်တွေသည် ပထမ ပစ္စယံအတိုင်းပင် ရှုမငြီးအောင် ဖူးမြင်ရ မည်ဖြစ်၏ (၅၅၀)ဇာတ် တော် ရုပ်ပုံများ၊ ဘုရားအလောင်းတော် နောက်ဆုံးဘ၀ပုံများ၊ ဘုရားဖြစ်ပြီးပုံများကို ရုပ်လုံးကား အဖြစ်ဖြင့် ထွင်းထုထား သည်ကို တွေ့မြင်နိုင်ပါ၏၊၊
ဗောဓောဗုဓောသည် ထူခြားအံ့သြမှုများ လျှို့ဝှက်ချက်များဖြင့် လွှမ်းခြုံထားဆဲဖြစ်၏ တိုင်းပြည်၏ အလယ်ဗဟိုတွင် တည် ထားခဲ့သော ဗောဓောဗုဓောကို တိုင်းပြည်အုပ်ချုပ်သူတွေ တိုင်းသူပြည်သားတွေ မရှာဖွေခဲ့သလို ၇-ရာစု ၈-ရာစု၌ တည်ထားခဲ့သော ဗောဓောဗုဓော၏ အံ့သြဖွယ်အကြောင်းများကိုလည်းကောင်း စည်းစိမ်ဥစ္စာကိုစွန့်ခြင်း ခြေလက်မျက်စိ စသော အင်္ဂါကြီးငယ်ကိုစွန့်ခြင်း သားသမီးကိုစွန်းခြင်း ဇနီးမယားကိုစွန့်ခြင်း အသက်ကိုစွန့်ခြင်း ဤစွန့်ခြင်းငါးပါးနှင့် ပြည့် စုံသော မြတ်ဗုဒ္ဓ၏ အကြောင်းအရာများကိုလည်း စိတ်မ၀င်စားခဲ့ကြပါ တန်ဘိုးမထားရမှန်းလည်း မသိကြပါ။

Type your summary here.Type the rest of your post here.

1 comment: