အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, February 17, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏အံ့ဖွယ်များ


ဗောဓောဗုဓော ခြေတော်ရင်းတွင် ပြည့်နှက်နေသော ကျောက်ထွင်းလက်ရာ ၁၆၀-မှ တခုသော ကျောက်ထွင်း လက်ရာမှာ ဗောဓောဗုဓောဘုရား၏ ထူးခြားချက် အထိမ်းအမှတ်တခုဖြစ်၏ ဆရာတော်ကြီး နာရဒ မဟာထေရ်သည် ဗောဓိပင်ကိုစိုက်ခဲ့၏ ဗောဓိပင် (သို့) Ficus Religiosa သည် Acwata (အ၀တာ) ဟု အိန္ဒိယ(သူ၏အမိမြေ)တွင်အမည် တွင်၏ ။ အေဒီ ၅၆၀ ၌ ထိုဗောဓိပင်၏ အရိပ်အောက်တွင် သိဒ္ဓတ္ထ မင်းသားသည် သဗ္ဗညုတဥာဏ်ရသည်အထိ တရား ဘာဝနာ ပွားများခဲ့၏
သိဒ္ဓတ္ထမင်းသားသည် ခမည်းတော် သုဒ္ဓေါဒန နှင့် မယ်တော်မာယာဒေ၀ီ (ကပ္ပိလ၀တ်ပြည့်ရှင် ဘုရင်နှင့် မိဖုရား တို့မှ)ဖွာမြင်ခဲ့၏ ရှည်လျှားသော ဘ၀သံသရာခရီးကို ဖြတ်သန်းခဲ့ပြီးမှ သိဒ္ဓတ္ထမင်းသားသည် Buddha Sakhyamuni (စကြာမုနိဘုရား) (ဂေါတမဘုရား) ဖြစ်လာခဲ့ပြီး ဗုဒ္ဓဘာသာအယူဝါဒများကို ဖြန့်ဝေခဲ့၏ သိဒ္ဓတ္ထမင်းသား ဖြတ်သန်းခဲ့ရ သည့် ဘ၀သံသရာ ခရီးစဉ်ကို ဗောဓောဗုဓော ဘုရားနံရံများတွင် ကျောက်ထွင်းပုံဖေါ်၍ အမှတ်တရ -သတိတရ ဂုဏ်ပြု ထားခြင်းဖြစ်ပါ၏။
ဗောဓောဗုဓော နံရံများမှ အောက်ခြေပိုင်းကျောက်ထွင်းနံရံ ပန်ချီကားတခု၏ အဓိပ္ပါယ်ကတော့ ဗုဒ္ဓဘာသာသည် သံသရာတွင် ကျင်လည်ရသည်ဟု ယုံကြည်ခြင်းဖြစ်၏ သံသရာဆိုသည်မှာ ဘ၀မှာ ဖြစ်လိုက် ပျက်လိုက် ဖြစ်၏ ဤသံ
သရာ စက်ဝန်းမှ လွတ်မြောက်ချင်သူသည် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် နားလည်ရမည်ဖြစ်၏ ဒုက္ခသစ္စာ
၏ ဆင်ရဲမှုကို သိမြင်အောင်ကျိုးစားရမည်၊ သမုဒယသစ္စာ၏ တွယ်တာမှုကို ပယ်သတ်နိုင်ရမည်၊ မဂ္ဂသစ္စာဆိုသည့် မဂ္ဂင်
ရှစ်ပါးကိုပွားများမှ နိရောဓသစ္စာဆိုသည့် ချုပ်ရာငြိမ်းရာနိဗ္ဗာန်ကိုဆိုက်ရောက်မှာဖြစ်ပြီး သံသရာစက်ဝန်းမှ လွတ်မြောက် မှာဖြစ်သည်ဟု ပြဆိုထားခြင်းဖြစ်၏။
ဗောဓောဗုဓော ခြေတော်ရင်း၌ ကျောက်တုံး (၈)ခုလောက် စပ်ပြီး ပုံဖေါ်ထုဆစ်ထားသော နတ်သားရုပ်တု ကျောက် ထွင်း ပန်းချီကားတခုကိုလည်း တွေ့မြင်ရမည်ဖြစ်၏ စာအုပ်ထဲတွင် နတ်သားဟု ရေးထားသော်လည်း ပုံစံကြည့်ရတာ နတ်သမီးပုံစံနှင့်တူ၏ ရုပ်ရည်ကလည်း အမျိုးသမီးတို့ ရုပ်ရည်ဖြစ်၏ ရင်သားအနေအထားကလည်း မို့မောက်နေတာ တွေ့မြင်ရ၏ နတ်သားဖြစ်စေ နတ်သမီးဖြစ်စေ အနုပညာမြောက် ရုပ်ကြွထုဆစ်ထားတာဆိုတော့ လေ့လာမှတ်သား ကြည့်ရှုရမည့် ကျောက်ထွင်းပန်းချီကားတခုအဖြစ် မြင်မိပါ၏။
ဗောဓောဗုဓော စေတီတော်ကြီး၏ ၀ရန်တာ လက်ရန်းပေါ်ရှိ ကျောက်ထွင်းပန်ချီများကို လွှမ်းခြုံကြည့်မယ်ဆိုလျှင် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လာသောအခါ ဂေါတမဘုရား(သို့) စင်္ကြာမုနိဗုဒ္ဓ ဟု ခေါ်ဆိုသည့် ကျောက်ထွင်းပန်ချီကားပုံ ဂေါတမဘုရားမပွင့်မှီ ကမ္ဘာပေါ်တွင် ကကုသန် ကောဏဂုံ ကဿပ ဟူ၍ ဘုရားသုံးဆူပွင့်ခဲ့ပုံ ထိုဘုရားသုံးဆူပွင့်ပြီးမှ ဂေါတမဘုရားပွင့်ပုံ နောက်ဆုံး အရိမေတ္တယျဘုရားပွင့်ပြီး ဘဒ္ဒကမ္ဘာ၏ နောက်ဆုံးဘုရားဖြစ်ပုံတို့ကို ဖေါ်ကြူးထားသည့် ကျောက်ထွင်းပန်ချီးကားတို့ကိုလည်း ဖူးမြင်ရမည်ဖြစ်၏။

Type your summary here.Type the rest of your post here.

No comments: