အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, February 20, 2011

အင်ဒိုနှးရှားခရီးစဉ် ဗောဓောဗုဓောဘုရာ၏ ပထမပစ္စယံကိုလေ့လာခြင်း။


စေတီတော်ကြီး၏ ဖိနပ်တော်မှ စတက်လျှင် လှည့်ပတ်၍ကြည့်ရှုနိုင်သော အဆင့်လေးဆင့်ရှိ၏ ပထမအဆင့် ပစ္စယံ လမ်းမပေါ်သို့ ၀င်လိုက်တယ်ဆိုလျှင် စိတ်ထဲမှာ တမျိုးကြီးခံစားရသလိုဖြစ်၏ အပြင်ကိုလည်းမမြင်ရ အတွင်းကလည်း နံရံနဲ့ဆိုတော့ စိတ်ထဲကျင်းကြပ်သလိုဖြစ်သွား၏ အကြောင်းမဲ့တော့ မပြုလုပ်တန်ရာဟု စိတ်ထဲသေသေချာချာ စဉ်းစား ဆင်ခြင်မိ၏ မိမိအမြင်ကတော့ အပြင်လှမ်းမြင်နေရလျှင် ပတ်ဝန်းကျင်ရှုခင်းကို ကြည့်မိမှာသေချာ၏။
ပတ်ဝန်းကျင်ကို ကြည့်ရှုမိလျှင် အတွင်းကျောက်ထွင်းပန်းချီကားတွေကို စိတ်ဝင်စားမှုနဲသွားနိုင်၏ အပြင်ကိုမမြင်ရ အောင် ၀ရန်တာမြင့်မြင့် ကာထားပုံရ၏ သို့မဟုတ် အပြင်ဝရန်တာနံရံတွင် ကျောက်ထွင်းပန်းချီကားတွေ တပ်ဆင်ပြသ ချင်လို့လည်း ဖြစ်နိုင်ပါ၏ မိုးပေါ်သာမြင်ရပြီး အပြင်ကို ဘာမှမမြင်ရတော့လည်း ကျောက်ထွင်းပန်ချီကားတွေကို စိတ်ဝင် တစား ကြည့်မိတာတော့ အမှန်ပင်ဖြစ်ပါ၏။
ပစ္စယံလမ်းသည် ၅-ပေခန့် ကြယ်မည်ထင် ၏ ၀ရန်တာသည် ၇-ပေခန့်မြင့်မည်ထင်၏ ထုထယ်ကြီးမား၏ ထိုဝရံတာ ပေါ်တွင် ကျောင်းဆောင်နှင့်ရုပ်ပွားတော်များကို ရှုမငြီးအောင် ဖူးမျှော်ရမည်ဖြစ်၏ အတွင်းအပြင် နံရံများ၌ သိဒ္ဓတ္ထ မင်း သား ဘုရားမဖြစ်မီ ကာလများ၌ ပုံသဏ္ဍာန်မျိုးစုံဖြင့် ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရသည့် ပုံစံမျိုးစုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏ တိရစ္ဆာန် ဘ၀များစွာ ဖြတ်သန်းခဲ့ရပုံ ဘ၀ဇာတ်စုံကိုလည်း တွေ့မြင်ရမည်ဖြစ်၏။
ဗောဓောဗုဓောဘုရား၏ ၀ရန်တာ လက်ရန်းပေါ်တွင် ဇာတက မှ လူသိများသော ဇာတ်တော်များကို ကျောက်ထွင်း
ရုပ်လုံးရုပ်ကြွများဖြင့် သရုပ်ဖေါ်ထား၏ ပင်လယ်လိပ်ကြီးက ရေမြုပ်နေသော သင်္ဘောကို ကယ်တင်ပုံ မိခင်မျောက်မကြီး
မှ သူ၏ရင်သွေးကို ကယ်တင်ပုံ တောဆင်ကြီးမှ လမ်းပြောက်နေသော စစ်သားအားပြုစုပုံ ကျောက်ထွင်းပန်ချီကားများ ကိုလည်း တွေ့မြင်ရမည်ဖြစ်၏

Type your summary here.Type the rest of your post here.

No comments: