အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, February 18, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓေယဗုဓောဘုရား၏ မက္ကာရ(မကရ်း)ရုပ်ကိုလေ့လာခြင်း


ဗောဓောဗုဓော စေတီတော်ကြီး၏ မိုးရွာသောအခါ စေတီတော်ပေါ်ကျဆင်းလာသော ရေများကို စေတီအောက်သို့ အဆင့်ဆင့် ကျဆင်းပုံ လုပ်ဆောင်ထားတာလည်း အနုပညာမြောက်လှ၏ သာမန်ကြည့်လျှင်တော့ လှပသည့်အဆင်း တန်ဆာ တခုကို လှလှပပ ထုထွင်းပြီး ကြည့်ရှုဖွယ်ကောင်းအောင် တတ်ဆင်ထားသည်ဟု ထင်ယောင် မြင်ယောင် ဖြစ် နိုင်၏ စေတီတော်ကြီး ခြေတော်ရင်းပတ်ခြာလည်တွင် တွေ့ရှိရသော MaKara (မက္ကာရ) မြန်မာစာ မြန်မာစကားမှာတော့ ငါး လိပ် မကရ်းတွင် မကရ်းဟု ခေါ်ဆိုသော ရေသတ္တ၀ါတကောင်၏ ဦးခေါင်းပိုင်းတခုကိုသာ စေတီတော်နံရံမှာတပ်ဆင် ထားခြင်းဖြစ်၏ ထိုသတ္တ၀ါ၏ ပါးစပ်ပေါက်(သို့)နှာခေါင်းပေါက်မှ ရေထွက်ပေါက်လုပ်ထားခြင်းဖြစ်၏။
ငါး လိပ် မကရ်းတွင် ငါးနှင့်လိပ်သာ တွေ့ဘူး၏ မကရ်းကို တခါမှမတွေ့ဘူးပါ စာထဲမှာသာကြားဘူး၏ မကရ်းရုပ်ကို သေသေချာချာ ကြည့်တော့လည်း နဂါးခေါင်းပုံစံနှင့် အနီးစပ်ဆုံးတူတာတွေ့ရ၏ ချွတ်စွတ်တူသည်တော့မဟုတ် မကရ်း ကို အနောက်တိုင်း အယူအဆကတော့ ရေဘီလူး သံလျှက်ပုံငါးဟု ခေါ်ဆိုကြောင်းသိရ၏ ငါးမန်းလိုငါးမျိုးကို ဆိုလိုဟန် ရှိ၏ ရေဘီလူးကတော့ အသားစားကျူးတဲ့ မိကျောင်းလည်းဖြစ်နိုင်၏။
မြန်မာစာမှာလည်း ဘီလူး ရက္ခိုရ် မိကျောင်း မကရ်း ဆိုတာ တွေလည်း တွေ့ဘူးနေတော့ ဒီမကရ်းဆိုသည့် သတ္တ၀ါ သည် ရေသတ္တ၀ါဖြစ်မှာတော့ သေချာ၏ မမြင်ဘူးသည့် သတ္တ၀ါတကောင်ကို ရည်ရော်မှန်းပြီး ပုံဖေါ်နေမဲ့အစား ထင်ရှား ရှိနေသည့် မိကျောင်း ငါးမန်းတို့ကို ပုံဖေါ်လျှင် ပိုပြီး သဘာဝကျမည်ထင်၏ သို့သော်လည်း ရှေးသရောအခါက ဤလို သတ္တ၀ါမျိုး ကမ္ဘာပေါ်တွင် ရှိခဲ့ဘူးသည်ကို ပြချင်သည်ဟု ထင်ပါ၏ ဤမကရ်း သတ္တ၀ါသည် လူကို အန္တရာယ်ပေးမည့် ကြောက်စရာ ကောင်းသည့် ရေသတ္တ၀ါ တကောင်ဖြစ်မည်ဟု ထင်မြင်မိပါ၏။
မကရ်းရုပ်ကို လေ့လာကြည့်တော့ တခါမှမတွေ့ဘူးသည့် ရုပ်တုဆိုတော့ ပါစပ်ပေါက်နှင့်နှာခေါင်းပေါက်ကိုလည်း သိပ် မကွဲပါ မကွဲရခြင်း အကြောင်းကတော့ ရေထွက်ပေါက် လုပ်ထားခြင်းကြောင့် ဖြစ်၏ နှာခေါင်းပေါက်နှင့် ရေထွက်ပေါက် လုပ်ထားပုံရ၏ ရေထွက်ပေါက်၏ အောက်မှာလည်း သွားပုံစံဟုထင်ရသည့် အနေအထားကိုလည်း တွေ့မြင်ရ၏ မတွေ့ ဘူးသည့် သတ္တ၀ါဆိုတော့ မှန်းဆထင်မြင်မှုသာဖြစ်၏ အပေါ်ပိုင်းကြည့်တော့လည်း အမောက်လားအစွယ်လား သေသေ ချာချာမသိ နားရွက်လို့ထင်တာကတော့ လှလှပပ အနုစိပ် ချယ်မှုန်းထားတာတွေ့ရ၏ ဘာပြောပြော လှပသည့် ကြည့်ရှု ဖွယ်ကောင်းသည့် အရုပ်တခုဖြစ်သည်ကတော့ အမှန်ပင်ဖြစ်ပါ၏။


Type your summary here.Type the rest of your post here.

No comments: