အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, February 13, 2011

အင်ဒိုနီးရှားခရီးစဉ် ဗောဓောဗုဓောဘုရား၏တောင်ဘက်မှဖူးမြင်လျှင်ဈာနမုဒြာရုပ်ပွားတော်များတွေ့မြင်ရမည်


တောင်မျက်နှာမှဖူးမျှော်ရပုံ
တောင်ဘက်မျက်နှာမှ လက်အုတ်ချီပြီး စေတီတော်ကြီးကို သတိထားဖူးမြင်ပြီး ကြည့်ရှုမယ်ဆိုလျှင် ဆင်းတုတော် အားလုံးကို အရှေ့မျက်နှာအတိုင်းဖူးမြင်ရမည်ဖြစ်၏ သို့သော် မတူပြီး ထူးတာကတော့ ဆင်းတုတော်များအားလုံးသည်
တင်ပလ္လင်ခွေထိုင်လျှက် ဘယ်ဖက် လက်ဖ၀ါးတော်သည် တင်ပလ္လင်ခွေပြီး တင်ထားသည့် ညာဖက်ခြေဖ၀ါးတော်ပေါ်၌ လက်တော်ဖြန့်ကာ ပက်လက်အနေအထား တင်ထားတော်မူ၏ ညာဖက် လက်ဖ၀ါးတော်သည် ညာဖက်ဒူးခေါင်းပေါ်၌ ပက်လက်လှန်ဖြန့်လျက် တင်ထားပုံများဖြစ်၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာထဲ တွင် ‘ဒါန မုဒြာ’ဟုခေါ်ဆိုပါ၏၊ ပစ္စည်းဥစ္စာကို တွယ်တာတတ်မက်မှုဖြင့် သိမ်းဆုပ်မထားဘဲ ပယတ ပါဏိ =ဖြန့်ထား သောလက်ရှိလျက် ရက်ရက်ရောရော အလှုဒါန ပြုရန် တိုက်တွန်းလျက် တရားဟောတော်မူဟန်ဖြစ်၏၊၊
ထို ဒါနမုဒြာကို ဝေါဟာရတမျိုးအားဖြင့် လာဘမုဒြာလို့လည်းခေါ်ဆိုကြ၏ လာဘမုဒြာဆိုသည်မှာ လဘ်လာဘတွေ
ပေးနေတယ်လို့ ဆိုခြင်းဖြစ်၏ ထိုလာဘမုဒြာ ရုပ်ပွားတော်ရှေ့တွင် သီလယူ ဂုဏ်တော်ပွားပြီး ဆုတောင်းလို့ရှိရင် စီးပွား လဘ်လာဘ ပြည့်စုံတယ်လို့ ဆိုကြ၏ ဗုဒ္ဓဘာသာဝင်များသည် ဒါနမုဒြာ ရက်ရက်ရောရော အလှူဒါန ပြုနေသည့်ပုံတော် ကိုသော်လည်းကောင်း လာဘမုဒြာ လဘ်လာဘနှင့်ပြည့်စုံသည့် ပုံတော်ကိုလည်းကောင်း ထုဆစ်ကိုးကွယ်ကြ၏။

Type your summary here.Type the rest of your post here.

No comments: