အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, February 10, 2011

အင်ဒိုနီးရှားခရီစဉ် ဘူမိဖဿမုဒြာရုပ်ပွားတော်များကို ဗောဓောဗုဓောဘုရား၏ အရှေ့ဘက်မြင်ကွင်းမှ ဖူးမြင်ရပုံ


မာနတ်သည် မိမိ၏ အခြေအရံ မိစ္ဆာအပေါင်းတို့နှင့် ရှင်တော်မြတ်ဘုရားကို လက်နှက်မျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောအခါ ရှင်တော်မြတ်ဘုရား၏အနီးမှာ ဘယ်သူမှမရှိပါဘူး နတ်တွေလည်းမရှိ ဗြဟ္မာတွေလည်းမရှိပါ ဗြဟ္မာ ကြီးများကတော့ ဗြဟ္မာပြည်တက်သွားပြီး ဗြဟ္မာပြည်မှလှမ်းကြည့်နေ၏ မြတ်စွာဘုရားရှင်ဘယ်လိုများ ခုံခံတုံ့ပြန်မလည်း ဆိုတာ အကဲခတ်လေ့လာနေကြ၏။
မိစ္ဆာမာနတ်၏ ပစ်လွှတ်လိုက်သည့် လက်နှက်ကြီးငယ်အမျိုးမျိုးတို့သည် ရှင်တော်မြတ်စွာဘုရား၏ ခန္ဓာကိုယ်ပေါ်ကို ဘယ်လက်နှက်မှ မထိပါဘူး ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းမှာ ပန်းပွင့်များ ကြဲချသလို အစီအရီ ခစားပူဇော်လာ၏ ထိုသို့ လက်နှက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် မိစ္ဆာမာနတ်နှင့် ခြွေရံပရိတ်သတ်စစ်သည်အပေါင်းကို မြက်တပင်မျှ လောက်သော်မှ အရေးစိုက်တော် မမူသည့် ဘုရားအလောင်းတော်က အမောင်နတ်သား ငါသည် လေးသင်္ချေနှင့် ကမ္ဘာ တသိန်းတို့ပတ်လုံး ဒါနအစရှိသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည့်အတွက်ကြောင့် အပရာဇိတ ပလ္လင် တော်ကို ရရှိတော်မူခြင်းဖြစ်၏။
အမောင်နတ်သား ဒီအကြောင်းအရာကို ငါသည်ဤမဟာပထ၀ီမြေကြီးမှတပါး သက်သေညွန်ပြစရာမရှိပါဘူး ငါသည် ဒါန စသော ကောင်းမှုတို့ကို လှူဒါန်းသည့် အခါတိုင်း ရေစက်သွန်းချ အမျှပေးဝေပြီးသကာလ ဤမဟာပထ၀ီမြေကြီးကို သက်သေအရာထားခဲ့ပါ၏ ဤမဟာပထ၀ီမြေကြီးသည် ငါ့ရဲ့ဒါနစသောပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးသည့် နေရာ မှာ သက်သေအရ တည်ပါစေသတည်းဟု ညာလက်တော်ဖြင့် မဟာပထ၀ီမြေကြီးကို ညွန်ပြလိုက်သည့်အခါ။
မဟာပထ၀ီမြေကြီးသည် အိုးထိမ်းစက်ကဲ့သို့ သွက်သွက်ခါအောင် လည်ပြီးသကာလ မာနတ်နှင့် စစ်သည်အပေါင်း ဆောက်တည်ရာမရဘဲ ဖရိုဖရဲ ပြိုကွဲကာ ထွက်ပြေးတော်မူရပြီး မိစ္ဆာမာနတ်နှင့် အပေါင်ပါစစ်သည်များကို ရှင်တော်မြတ် ဘုရား မေတ္တာဓါတ်ဖြင့် အောင်မြင်တော်မူခဲ့၏ ထိုအောင်မြင်ခြင်း အထိမ်းအမှတ်ကို ရည်းစူ၍ ဗုဒ္ဓဘာသာဝင်များ မုဒြာ တခုအနေဖြင့် ခုဆစ်ကိုးကွယ်ပူဇော်သည့် ပုံတော်ကို ဘူမိဖဿမုဒြာလို့ ခေါ်ပါ၏။

Type your summary here.Type the rest of your post here.

No comments: