အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, February 23, 2011

အင်ဒိုနီးရျားခရီးစဉ် ဗောဓောဗုဓောဘုရား၏ ဒုတိယနှင့်တတိယပစ္စယံမြင်ကွင်းများ


ယခုအခါမှာတော့ ဗောဓာဗုဓောကို ယူနက်စကိုက ထိမ်းသိမ်းပြုပြင်ပြီး ကမ္ဘာသိအောင် မီဒီယာကတဆင့် ဖြန့်ဖြူးထား သောကြာင့် တကမ္ဘာလုံး ဗောဓောဗုဓောကို စိတ်ဝင်စားလာလေပြီ မသိခြင်ယောင်ဆောင်သူတွေလည်း မသိချင်လို့ မရ တော့ပါ သတိထားလာရပါပြီ စိတ်မ၀င်စားသူတွေလည်း စိတ်မ၀င်စားလို့ မရတော့ပါ စိတ်ဝင်စားလာရပါပြီ အမှောင်ဖုံး
လွမ်းနေသော ဗောဓောဗုဓောသည် ယ္ခု အခါ ပြန်လည် ထွန်းလင်း တောက်ပ ထွက်ပေါ်လာပြီဖြစ်ပါ၏။
ဗောဓောဗုဓော ဒုတိယ ပစ္စယံ လေ့လာအပြီး တပတ်ပြည့်သောအခါ တတိယ ပစ္စယံသို့ တက်လာခဲ့ပြန်၏ တတိယ ပစ္စယံလည်း ဒုတိယ ပစ္စယံလိုပင် ကျောက်ထွင်းပန်ချီကား နှစ်ဆင့်မရှိ တဆင့်တည်း ကျောက်တုံးများ တခုနှင့်တခုစပ်၍
ပုံစံဖေါ်ထုဆစ်ထားခြင်းဖြစ်၏ ၀ရန်တာလက်ရန်း ပေါ်မှာလည်း စေတီတွေ ကျောင်းဆောင် ရုပ်ပွားတော်တွေကို ပကတိ အတိုင်းတွေ့ရတာရှိသလို လောက၏ မမြဲသည့်သဘာဝကြောင့် ပျက်စီးတာတွေကိုလည်း ကြေကွဲဖွယ် တွေ့မြင်ရမည် ဖြစ်၏ မြန်မာကတော့ မှန်ကင်းတလှည့် ထင်းတလှည့်ဟုဆိုထား၏ မြန်မာက သစ်သားဖြင့် ထုထွင်းထားတော့ ပျက်စီး လျှင် ထင်းတော့သုံးလို့ရသည်ဟု ဆိုထားခြင်းဖြစ်၏ ဒီမှာက ကျောက်တုံးဖြင့် ထုဆစ်ထားတာဆိုတော့ ကျောက်ပန်းတ လှည့် ကျောက်ပုံတလှည့်သာ ဖြစ်နိုင်၏။
ကျောက်ထွင်းပန်ချီကားတွေကတော့ ဘုရားနံရံမှာကော ၀ရန်တာနံရံမှာ တဆက်တစပ်တည်း ဖူးမ၀ ရှုမ၀ ကြည့်မ၀ အောင် တွေ့မြင်ရမည်ဖြစ်၏ နှစ်ပေါင်း (၇၀) ကျော် တည်ဆောက်ရတယ်ဆိုတာ ဖြစ်နိုင်၏ ကျောက်တုံးတွေသာ တခုစီ ထပ်ထပ်ပြီး ပညာမပါ သာမန်တည်ဆောက်ထားမယ်ဆိုလျှင် ဒီလောက်နှစ်ပေါင်းမကြာနိုင်သလို စိတ်ဝင်စားဖွယ်လည်း ကောင်းမည်မဟုတ်ပါ ယ္ခု တော့ ကျောက်တုံး(၁၀) တုံးလောက်ကို ရုပ်တု ကျောင်းဆောင် သစ်ပင် လူပုံတွေကိုဆက်စပ် အောင်ထုဆစ်ပြီး ပြန်လည်တပ်ဆင်ရတာဆိုတော့ နှစ်ပါင်းများစွာ ကြာနိုင်ပါ၏။

Type your summary here.Type the rest of your post here.

No comments: