အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, February 8, 2011

အင်ဒိုနီးရှားခရီးစဉ် စိတ်ဝင်စားဖွယ်ဗောဓောဗုဓောဘုရားသို့


စေတီတော်ကြီး၏ ပလ္လင်တော် (သို့) ဖနပ်တော်မှ ရေတွက်လျှင် ပတ်ပတ်လည်သွားနိုင်သော အဆင့် ၉-ဆင့်ရှိ၏ အဆင့်တိုင်းတွင် ပတ်၍လှည့်လည် ကြည့်ရှုနိုင်သော လမ်းရှိ၏၊ ဖိနပ်တော်(သို့) ပလ္လင်တော် ပထမဆင့်နှင့် ဒုတိယဆင့် တွင် အတားအဆီး ၀ရံတာမရှိပါ တတိယဆင့် စတုတ္ထဆင့် ပဉ္စမဆင့် ဆဋ္ဌမဆင့် သတ္တမဆင့် ပေါင်းငါးဆင့်တွင် အတား အဆီး ၀ရံတာရှိ၏ ၀ရံတာ၏ အထက်တွင် ဘုရားကျောင်းဆောင်လေးများရှိပြီး၊ အဆောင်တိုင်းတွင် လူတကိုယ်စာမျှ ကြီးသော တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု ရုပ်ပွားတော် တစ်ဆူစီရှိ၏၊၊
ထိုဆင်းတုတော်များမှာ တမျက်နှာတွင် (၁၀၈) ဆူရှိ၏၊၊ လေးမျက်နှာပေါင်းလျင် (၄၃၂) ဆူဖြစ်၏ ရာသီဥတု ဒါဏ် ရာဒဏ်ချက် ဘာသာရေး ဒဏ်ရာဒဏ်ချက်တွေကြောင့် ဦးခေါင်းမရှိသော ဆင်းတုတော်တွေ လက်တော်တွေ မရှိသော ဆင်းတုတော်တွေကို ၀မ်းနည်းဖွယ် တွေ့မြင်ရမည်ဖြစ်၏ သမိုင်းယဉ်ကျေးမှုကို တန်ဘိုးထားရမှန်း မသိသော အစွန်း ရောက်ပုဂ္ဂိုလ်တွေ၏ လက်ချက်ဖြစ်နိုင်သလို သဘာဝရာသီဥတု၏ ဘေးဒဏ်လည်းဖြစ်နိုင်ပါ၏။

Type your summary here.Type the rest of your post here.

No comments: