အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, February 15, 2011

အင်ဒိုနီးရှားခရီးစဉ် အဘယမုဒြာရုပ်ပွားတော်များကို ဗောဓောဗုဓောဘုရား၏ မြောက်ဘက်မြင်ကွင်းမှဖူးမြင်ရစဉ်။


မြောက်ဘက်မျက်နှာမှဖူးမျှော်ရပုံ
မြောက်ဘက် မျက်နှာမှ ယုံကြည်မြတ်နိုး လက်ဆယ်ဖြာ ဦးထိပ်တင်ပြီး ဖူးမျှော်ကြည့်လျှင် အရှေ့မျက်နှာ တောင် မျက်နှာ အနောက်မျက်နှာရှိ ရုပ်ပွားတော်များ၏ လက်တော် အနေအထား မတူညီဘဲ တမျိုးထူးကာ ကြည်ညိုရပြန်၏ ရုပ်ပွားတော်များအာလုံးသည် တင်ပလ္လင်ခွေထိုင်တော်မူလျှက် ဘယ်ဘက်လက်တော်သည် ခြေဖ၀ါးတော်ပေါ်တွင် ပက် လက်လှန်ပြီး တင်ထားတော်မူ၏ ညာဘက်လက်ဖ၀ါးတော်သည် ရှေဘက်လှည့်လျှက် ကာထား ဟန့်တားနေဟန်ဖြစ်၏၊ ထိုသို့သော မြတ်စွာဘုရားရှင်၏ အမူအရာကို မြတ်ဗုဒ္ဓ၏ မုဒြာ ထဲတွင် ‘အဘယ မုဒြ’ဟု ခေါ်ဆိုပါ၏၊ ဝေနေယျ သတ္တ၀ါ အပေါင်းအား အားပေးလျက် တရားဟောတော်မူဟန်ဖြစ်၏၊၊
အဘယမုဒြာပုံတော်သည် တင်ပလ္လင်ခွေ ထိုင်တော်မူပုံရှိသလို မတ်ရပ်ကိုယ်တော်ပုံလည်းရှိ၏ လက်တော်အနေ အ ထားအားဖြင့် ညာဘက်လက်တော်မှ လက်ဖ၀ါးကိုဖခုံးတော်နှင့်ညီအောင် တံထောင်ဆစ်မှကွေးထားရ၏ လက်ဖ၀ါးတော် ကို ရှေ့လက်ဖ၀ါးကို ကာထားဟန့်ထားဟန်ဖြစ်၏ ဘယ်ဖက်လက်တော်ကို မှောက်ထားပြီးအောက်ဘက်ဆီသို့ ဆန့်တန်း
ထားရ၏ ထိုပုံတော်ကို မတ်ရပ်တော် အဘယမုဒြာ (သို့) ၀ရဒမုဒြာဟုဆို၏ တချို့က မတ်ရပ်တော်ကို ၀ရဒမုဒြာဟုဆို သည် ထိုင် ကိုယ်တော်ကို အဘယမုဒြာဟုဆိုကြ၏။
အဘယမုဒြာဆိုသည်မှာ ဘေးကင်းပါစေ ရန်ကင်းပါစေ ချမ်းသာပါစေလို့ ဆုတောင်း ဆုပေးနေပုံဖြစ်၏ ထိုအဘယ မုဒြာပုံတော်ကို တနည်းအားဖြင့် ၀ရဒ မုဒြာဟုလည်းဆိုကြ၏ ၀ရဒ မုဒြာဆိုတာ ဆုပေးနေတဲ့ပုံဟု အဓိပ္ပါယ်ရ၏ မိမိအား ကိုးကွယ်ကြသော လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ ဘေးကင်းပါစေ ရန်ကင်းပါစေ ချမ်းသာပါစေလို့ ဆုပေးနေသည့် ပုံတော် ဖြစ်၏ ထိုပုံတော်ကို အဘယမုဒြာ (သို့) ၀ရဒ မုဒြာဟုဆို၏။

Type your summary here.Type the rest of your post here.

No comments: