စေတီတော်ကြီး၏ ဖိနပ်တော် (သို့) ပလ္လင် တော်သည် ၂-ထပ်ရှိ၏ ပထမဆင့်သည် သိပ်မကြယ်လှပါ ဒုတိယဆင့် ယင်ပြင်သည် ကြယ်ဝန်း၏ ပထမဆင့်သည် ဒုတိယဆင့် ခိုင်ခံ့အောင်ပန့်ပိုးထားပုံရ၏ ဒုတိယအဆင့်သည်စေတီတော်ကို လှည့်လည်ကြည့် ရှုလို့ အစဉ်ပြေ၏ ပတ်ဝန်းကျင်ကို အကာအကွယ်မရှိဘဲ ကြည့်ရှုနိုင်၏ တောင်အောက်ကိုလည်း လှန်း မြင်ရ၏ ရှုခင်းအလှအပတွေကြည့်ရတာလည်း အလွန်ကြည်နူးဖွယ်ကောင်း၏ ဘုန်းကြီးတို့သွားချိန်သည် နေပူလွန်းလို့ ကြာရှည်မကြည့်နိုင်ခဲ့ပါ။
ဗောဓောဗုဓော စေတီတော်ကြီးကို လေ့လာကြည့်ရှုမယ်ဆိုလျှင် ပထမဆုံးသိထားရမှာက ဗောဓောဗုဓောစေတီသည်
ဗုဒ္ဓဘာသာဆိုင်ရာ တန်ဘိုးမဖြတ်နိုင်သော ယဉ်ကျေးအမွေအနှစ်တွေ စုစည်းထားရာ နေရာတခုအဖြစ် တွေ့မြင်နိုင်ပါ၏ ဗုဒ္ဓဘာသာဆိုသည်မှာလည်း ထေရ၀ါဒ မဟာယာနနှင့် ၀ဇိရာယနစသော ဂိုဏ်းများစွာ၏ ကျောက်ထွင်း ပန်းချီကားများ ကို တနေရာတည်းမှာ စုပေါင်းထားတာကို တွေ့မြင်ရမှာဖြစ်၏ ထေရ၀ါဒ ကျောက်ထွင်း ပန်းချီကားများကို တွေ့နိုင်သလို မဟာယာန ၀ဇီရာယာန ကျောက်ထွင်းပန်းချီကားတွေကိုလည်းတွေ့မြင်ရမှာဖြစ်၏။
ထေရ၀ါဒ ကိုယ်းကွယ်သူတွေက မဟာယာန အကြောင်းတွေပါလာလျှင် ဒို့ဘာသာနှင့် မတူဘူးဟု မထင်မိစေဖို့နဲ့ မဟာယာန ၀ဇိရာယာန ကိုယ်းကွယ်သူတွေကလည်း ထေရ၀ါဒအကြောင်းတွေပါလာလျှင် ဒို့ဘာသာနှင့် မတူပါလားဟု ယုံမှားသံသယ မဖြစ်စေဖို့ ကြိုတင်တင်ပြခြင်းဖြစ်၏ ထေရ၀ါဒလည်း ဗုဒ္ဓဘာသာ မဟာယာနနှင့် ၀ဇိရာယာနလည်း ဗုဒ္ဓ ဘာသာဘဲဟု ငါတို့ညီနောင်ဆွေမျိုးရင်းချာ ဗုဒ္ဓဘာသာဝင်တွေဘဲဟု အမြင်မြင်ကြယ်ကြယ်နှင့် ခံယူတတ်ဖို့ အရေးကြီး ပါ၏ သို့မဟုတ် ငါမှန် သူမှန်ဟု ကွဲပြားပြီး အခြင်းများနေမယ်ဆိုလျှင် ကမ္ဘာမှာ ဗုဒ္ဓဘာသာအင်အားသည် တဖြေးဖြေး ပို
သေးလာဖို့သာရှိပါ၏။
ယ္ခုလက်ရှိ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေသည် တခြားဘာသာတွေထက် အရေအတွက်နဲကာ စတုတ္ထအဆင့်နေရာသို့ ရောက်နေပါ၏ ဗုဒ္ဓဘာသာအခြင်းခြင်း ညီညွတ်မှုမရှိဘဲ ကွဲပြားနေမယ်ဆိုလျှင် ဒါထက်ပိုနဲလာဖို့သာရှိ၏ ဗောဓောဗုဓော စေတီတော်ကြီးက ဗုဒ္ဓဘာသာဝင် အခြင်းခြင်းညီညွတ်ဖို့အတွက် ရှေးသူတော်ကောင်းကြီးတွေ စီစဉ်ထားခဲ့ပုံရ၏ ဗုဒ္ဓဘာ သာဝင်တွေ ဂိုဏ်းအသီးသီး ၀ါဒအသီးသီး အကျင့်ပိုင်းဆိုင်ရာတွေ အသီးသီး ကွဲပြားသော်လည်း ဗုဒ္ဓဘာသာဆိုသည့် ခေါင်းစီတခုထည်းအောက်မှာ ညီညွတ်စွာရပ်တည်ဖို့ ဗောဓောဗုဓော စေတီတော်ကြီးက မပြောသော်လည်း ပြောသကဲ့ သို့ ကျောက်ထွင်းပန်းချီကားတွေက သက်သေခံလျှက်ရှိပါ၏။
Type your summary here.Type the rest of your post here.
No comments:
Post a Comment