အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, February 1, 2011

အင်ဒိုနီးရှားခရီးစဉ်ဗောဓောဗုဓောဘုရားသို့



သမိုင်းစိတ်ဝင်စားသူ ၀ါသနာရှင်များ လေ့လာ၍ မ၀နိုင်အောင် ဆွဲဆောင်မှုအပြည့်ရှိ၏ တခဏတာ လည်ပတ်ခြင်း ဖြင့်ပင် ဗောရောဗုဒေါ စေတီ၏ အံ့သြဖွယ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရ၏ စေတီတော်ကြီးသည် တောင်ကုန်းတခု ပေါ်တွင်တည်ဆောက်ထားသောကြောင့် တောင်အောက်မှဖူးမျှော်လျှင် စေတီတော်၏ လှပမှု သဘာဝကြမှုကို ထင်ထင် ရှားရှားမတွေ့ရပါ ဝေဟင်မှဓါတ်ပုံရိုက်ထားသည့် ဗောရောဗုဒေါ စာအုပ်ကိုကြည့်မှ ပိုပြီးကြည်ညိုသပ္ပါယ်တာတွေ ပိုပြီးအံ့ သြဖွယ်တွေဖြင့် ဖူးမျှော်ရမှာဖြစ်၏။
ထိုစေတီကြီးကို တည်ထားကိုယ်းကွယ်ခဲ့သည့် အလှူဒါယကာ ဘယ်မင်းလဲဆိုတာကိုတော့ ကပ္ဗည်းကျောက်စာ မရေးထားခဲ့သည့်အတွက် ဘယ်သမိုင်းပညာရှင်မှ မပြောနိုင်ပါ ခန့်မှန်းမှုတွေနဲ့သာပြောဆိုကြ၏ အေဒီ ၇-ရာစုနှင့် အေဒီ ၈-ရာစုခြား Cailendra (ဆိုင်လ်လန်ဒြာ) မင်းဆက်မှ တည်ဆောက်ခဲ့သည်ဟု ပြောဆိုကြ၏ စေတီတော်ကြီး၏ အဓိက ပုံသဏ္ဍာန်မှာ အလယ်ဗဟိုရှိ ခေါင်းလောင်းပုံ စေတီတော်ကြီးကို ၀ိုင်းရံကာ တည်ထားခြင်းဖြစ်၏။
ဗောရောဗုဒေါ စေတီတော်ကြီး၏ မူလအမြင့်မှာ ၄၂-မီတာရှိ၏ သို့သော် သဘာဝဘေးဒဏ်များဖြစ်သော မိုကြိုးပြစ် ခြင်း ငလျှင်ဒဏ်များ အကြိမ်ကြိမ်ခံရပြီးနောက် ယ္ခုအခါ ၃၅.၂၉-မီတာသို့ လျှောကြသွား၏ ဧရိယာ အကျယ်အ၀န်းမှာ ၁၄,၁၆၅ -စတုရန်းမီတာရှိ၍ အနံမှာ ၁၂၀-မီတာရှိ၏ မီးတောင်ကျောက်တုံး ၂,၀၀၀,၀၀၀(သိန်း-၂၀)ထက်မနည်း အသုံး ပြုထားပြီး စုစုပေါင်း အဆောက်အဦးထုထယ် ၅၅,၀၀၀ (၅-သောင်း ၆-ထောင်) ကုဗစင်တီမီတာရှိ၏။ ဗောရောဗုဒေါ သည် ၃,၅၀၀,၀၀၀ (၃-သိန်း ၅-သောင်း) တန် အလေးချိန်ရှိပြီး ဘုရားပေါ်တွင်လေ့လာလယ်ပတ်သူ ၅,၀၀၀ အထက်၏
အလေးချိန်ကို ခံနိုင်ရည်ရှိသညိဟု ခန့်မှန်းရ၏။
Borobudur, ဗောရေဗုဒေါ စကားလုံးသည် Vihara, ၀ိဟာရ နှင့် Beduhur, ဗဒုဟာ ဟုဆိုသည့် သီးခြားစကားလုံး
နှစ်ခုမှဆင်းသက်လာနိုင်ဖွယ်ရှိသည် Vihara, ၀ိဟာရ သည် bihara, ဗီဟာရ ဖြစ်လာပြီး ရှုပ်ထွေးသော အဆောက်အဦး
များ (သို့) များပြားသော လူများအတွက် ကြီးမားသော အိပ်ခန်းဟု အဓိပ္ပါယ်ရှိ၏ beduhur, ဗဒုဟာ သည် budur, ဗုဒါ ဟု နောက်ဆုံးဖြစ်လာခဲ့ပြီး မြင့်တက်နေသောလွင်ပြင် (သို့) တောင်ကုန်းပေါ်မှ နေရာတခုဟု အဓိပ္ပါယ်ရ၏ ထိုစကားနှစ် လုံးကို ပေါင်လိုက်သောအခါ Borobudur တောင်ပေါ်က ဘုရားကျောင်းတော်ကြီး (သို) တောင်ပေါ်ကစေတီတော်ကြီး အဓိပ္ပါယ်ရ၏။

Type your summary here.Type the rest of your post here.

No comments: