အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, March 14, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၁၁)


ဥပေက္ခာ
ဥပေက္ခာဆိုသည်မှာ အရာရာကို ခွင့်လွတ်တတ်ခြင်း သဘောထားကြီးခြင်း လျှစ်လှူရှုနိုင်ခြင်း သဘောတွေပင် ဖြစ်၏၊ ဥပေက္ခာ၏ သဘောသည် ပတ်ဝန်းကျင်မှ ပြန်လည်ရိုက်ခတ်လာတာကို မိမိ ကိုယ်တိုင် ခံနိုင်သည့် စွမ်းရည် ဖြစ်၏၊ ဥပေက္ခာသည် လူသား၏အတွင်းသရုပ်ကိုဆောင်၏။
မေတ္တာ၏ ချစ်ခြင်းသုံးမျိုးတို့တွင် ပြင်ပလူသားကိုသာ နှစ်လုံးသွင်းရခြင်းဖြစ်၏၊ ကရုဏာ၏ ဆင်း ရဲချမ်းသာမရွေး ကျွေးချင် ပေးချင် နေစေချင် ကျန်းမာစေချင်တာလဲ ပြင်ပလူသားကိုသာ နှစ်လုံးသွင်း ရခြင်းဖြစ်၏။ မုဒိတာ၏ လူသား တွေအပေါ် မနာလိုခြင်းကင်းပြီး ၀မ်းမြောက်ပေးရခြင်းသည်လည်း ပြင်ပလူသားကိုသာ နှစ်လုံးသွင်းရခြင်းဖြစ်၏။
မေတ္တာ ကရုဏာ မုဒိတာတို့သည် မိမိမှ ပတ်ဝန်းကျင် လူသားများသို့ နှစ်လုံးသွင်းရခြင်းကြောင့် လူသား၏အပြင် သဏ္ဍာန်သရုပ်ကိုဆောင်၏၊ ဥပေက္ခာ၏ သဘောနှင့် မေတ္တာ ကရုဏာ မုဒိတာ တို့သဘောသည် လုံးဝဆန့်ကျင်ဘက် ဖြစ်၏။
ဥပေက္ခာဆိုသည်မှာ လောကဓံရှစ်ပါးနှင့် ကြုံတွေ့ရသည်အခါ ကြံ့ကြံ့ခံ မတုံမလှုပ် ရပ်တည်နိုင်ခြင်းဖြစ်၏ လူဟူ သည် မိမိဘ၀မှာ အလိုလားအတောင်းတဆုံး ဆန္ဒကတော့ စီပွားဥစ္စာနှင့် ပြည့်စုံလိုခြင်းဖြစ်၏ စီးပွားဥစ္စာကို ကြီးပွား အောင် ရှာဖွေသည့်အခါမှာ ဓမ္မနည်းကော အဓမ္မနည်းကော သုံးမိချင် သုံးမိ ပါလိမ့်မည်၊ မည်သည့်နည်းနှင့် ဖြစ်စေ စီးပွားဥစ္စာရှာလို့ ကြီးပွားလာခြင်းသည် လာဘ သဘောကို ဆောင်ပါ၏ အစဉ်မပြေလို့ စီးပွားဥစ္စာ ပျက်စီးဆုံးရှုံးခြင်း သဘောသည် အလာဘ သဘောကိုဆောင်၏။
လာဘော အလာဘောသည် လောကဓံတရားရှစ်ပါးတွင် ပထမအတွဲဖြစ်၏ လာဘဆိုသည့် စီးပွားဥစ္စာ ရရှိလာ သည့်လဘ်အပေါ်မှာ တက်ကြွတုံလှုပ်၍ သာယာမိတယ်ဆိုလျှင် လောဘသဘောဖြင့် တုံလှုပ်သွားခြင်းဖြစ်၏ ဥပေက္ခာ သဘောကို မဆောင်တော့၊ အလာဘဆိုသည့် လဘ်နည်း၍ ညိုးငယ် တုံလှုပ်ပြီး မခံစားနိုင်သည့်သဘောသည်ဒေါသ သဘောဖြင့်တုံလှုပ်သွားခြင်းဖြစ်၏ ဥပေက္ခာသဘော မဆောင်တော့ ဥပေက္ခာသည် လဘ်ရသည့်အခါမှာလည်း မသာ ယာ လဘ်ပျက်စီးသည့် အခါမှာလည်း မတုံလှုပ်ဘဲ အလယ်ကောင်တဲ့တဲ့မှာ ရပ်တည်နိုင်ခြင်းဖြစ်၏ ။

Type your summary here.Type the rest of your post here.

No comments: