ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
လူ့ဘ၀ရဲ့ အနှစ်သာရဆိုသည်မှာ ကိုယ်ကျင့် သိက္ခာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပင်ဖြစ်၏၊ လူသားသည် ရုပ် ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ တိုးတက်ဖွံ့ဖြိုးလာပေမဲ့ ကြေနပ်နှစ်သိမ့်နေသေးသည်မဟုတ် ကိုယ်ကျင့် သိက္ခာ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လိုလားတောင်းတကြပြန်၏၊ ကိုယ်ကျင့်သိက္ခာဖွံ့ဖြိုးခြင်းသည် မိမိနှင့် မိမိပတ် ၀န်းကျင်ငြိမ်းချမ်းခြင်းဖြစ်၏။
လူသားတိုင်းသည် မိမိကိုယ်ကို မိမိ သုတော်ကောင်းပါဟု အခေါ်ခံ အပြောခံချင်သည့် လူသားသည် ရာခိုင်နှုံး အတော်များမည်ဟုထင်၏ ခိုးဆိုးလုယက်နေသည် သူခိုးဓါးပြတောင်မှ သူ့ကိုသူခိုးဓါးပြဟု ခေါ်ဆိုလျှင် ကြိုက်မည် မဟုတ် သူတော်ကောင်းဟု ခေါ်ဆိုလျှင် ကြိုက်မည်မလွဲပါ လူသား၏ အခြေခံ စိတ်ဓါတ်သည် အဖြူရောင် သက် သက်သာဖြစ်၏ လောဘရောင် ဒေါသရောင် မာနရောင်တွေ အဆိုး ခံရလို့သာ လူတွေဆိုးနေရခြင်းဖြစ်၏ ဒါ့ကြောင့် အခြေခံစိတ်ဓါတ်ဖြစ်တဲ့ သူတော်ကောင်းဟု လူသား တိုင်း အခေါ်ခံချင်ကြခြင်းဖြစ်၏။
ဒါ့ကြောင့်မို့ လူသားတွေသည် မြင့်မြတ်သည့်လူ မြင့်မြတ်သည့်သူတော်စဉ် ဖြစ်ချင်ကြ၏ မြင့်မြတ်သည့်လူ မြင့်မြတ်သည့်သူတော်စဉ် ဖြစ်ဖို့အတွက် ဗြဟ္မစိုရ်တရားတွေကို လိုက်နာကျင့်သုံးလျှင် မိမိနှင့် မိမိပတ်ဝန်းကျင် ငြိမ်း ချမ်း မှုနှင့်ပြည့်စုံမှာသေချာပါ၏ ဗြဟ္မစိုရ်တရားဟူသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ပင်ဖြစ်၏။
မေတ္တာ
မေတ္တာ ဆိုသည်မှာ ချစ်ခင်ခြင်းဖြစ်၏ ချစ်ခင်ခြင်းဆိုသည်မှာလည်း ဇနီးမောင်နှံအချစ်ကတမျိုး မိသားစုအချစ် ကတမျိုး တလောကလုံးကို ချစ်တာကတမျိုး သုံးမျိုးဖြစ်၏ ဇနီးမောင်နှံအချစ်သည် ဇနီးနှင့်ခင်ပွန်း နှစ်ဦးထဲသာချစ် သောကြောင့် အစွန်းရောက်မေတ္တာဖြစ်၏ ဘောင်ကျင်းသည့်အတွက် မေတ္တာလို့ သုံးလို့မရပါ ငါ အပွားဆုံး ပါဝင် သောကြောင့် ချစ်သူခြစ်ဟု ခေါ်ဆိုသော တဏှာ ပေမ အချစ်လို့သာ ခေါ်ဆိုရမှာဖြစ်ပါ၏။
မိသားစုအချစ်ကိုလည်း ကောင်းသောမေတ္တာပြယုဂ် အဖြစ်လည်း ထုတ်၍ရ၏ မကောင်းသော မေတ္တာ ပြယုဂ် အဖြစ်လည်း ထုတ်၍ရ၏ လောကအတွက် ဘေးဖြစ်လျှင်မကောင်း လောကအတွက် ဆေးဖြစ်လျှင်ကောင်း၏ မိမိ မိသားစုတစုသာ ချစ်ကြသဖြင့် အလယ်အလတ်အဆင့်သာ ရှိသောကြောင့် မေတ္တာဟုခေါ်ဆိုလို့မဖြစ်ပါ ဂေဟသိတ ပေမ မိသားစုအချစ်ဟုသာဆိုရမည်ဖြစ်၏။
Type your summary here.Type the rest of your post here.
No comments:
Post a Comment