အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, March 8, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၇)


တလောကလုံးကို ရန်သူ မိတ်ဆွေ မခွဲဘဲ ချစ်နိုင်သောအချစ်မှ မေတ္တာဟုခေါ်ဆိုနိုင်ပါ၏ လောကချစ်ဟုလဲဆိုနိုင်၏ လူသားသည်လောကအပေါ် တကယ်တမ်းချစ်ဖို့သာလိုပါ၏၊ မိမိ တကယ်ချစ်သော လောကအတွက် အနစ်နာခံဖို့ ဆိုသည်မှာ ဘယ်လူသားမျှ ၀န်လေးမည် မဟုတ်ပါ အဲဒီလို မိမိ တကယ်ချစ်သော လောကအတွက် အနစ်နာခံခြင်း သည်ပင် မိမိ နှင့် မိမိ ပတ်ဝန်းကျင် ငြိမ်းချမ်းမှု အစပျိုးလာခြင်းဖြစ်၏။
မဃ လုလင်ဇာတ်တော်တွင် လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေသော မဃလုလင်အဖွဲ့သားများကို ရွာသူရွာ သားတွေ ကြည်ညိုလေးစားသည့်အတွက် ရွာသူကြီးမှ မနာလိုဝန်တိုဖြစ်ပြီး ရှင်ဘုရင်ထံ အကောက်ကြံ၍ သူခိုးဓါးပြ တွေ သောင်းကျန်းနေလို့ လာရောက်ဖမ်းဆီးပါရန် စာချွန်လွှာ ဆက်သလိုက်၏ ထိုအခါ ရှင်ဘုရင်သည် စစ်တပ်လွှတ် ပြီး ဖမ်းဆီးလိုက်၏ ဘာလက်နှက်မှမရှိသော သူတော်ကောင်းတွေကို ကြက်ကလေး ငှက်ကလေးလို ဖမ်းဆီးလိုက် ခြင်းဖြစ်၏။
ဘာမှ မမေးမြန်း မစစ်ဆေးဘဲ နန်းရင်ပြင်တွင် ဆင်ဖြင့်နင်းသတ်ရန် သေမိန့်ချလိုက်၏ မဃလုလင်တို့အဖွဲ့သည် အာဏာရှင် စနစ်ဆိုး၏ လက်အောက်တွင် အဖြစ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ်၏ မဃလုလင်တို့သည် မေတ္တာမှတပါး အားကိုးရာမရှိတော့ပြီ မဃလုလင်သည် သူ့အဖွဲ့သားများကို ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တလောကလုံး ချစ်နိုင်သည့် မေတ္တာ ပို့သနိုင်အောင် သွန်သင်ဆုံးမ သြ၀ါဒပေး၏ သူ၏ နောက်လိုက်များကလည်း သူ့ဆန္ဒနှင့်အတူ ညီညွတ်စွာ မေတ္တာပို့ရန်သဘောတူကြ၏။
သေမိန့်ပေးသောရှင်ဘုရင် နင်းသတ်မည့်ဆင်ကြီးနှင့် ဂုံးချောတိုင်တန်းသောရွာသူကြီးအား ရန်သူ မိတ်ဆွေ မခွဲဘဲ မေတ္တာပို့သရန်ဖြစ်၏ အာဏာပါးကွက်သားတွေလဲ ဆင်ဆိုးကြီးအား အရက်တွေမူးအောင်တိုက်ပြီး မဃလုလင်အဖွဲ့ ကို နင်းသတ်ရန် လွှတ်လိုက်၏ ဆင်ဆိုးကြီးလဲ အရက်မူးမူးဖြင့် မဃ လုလင်တို့အဖွဲ့ကိုနင်းသတ်ရန်အပြေးလာတော့၏
မဃလုလင်တို့အဖွဲ့လဲ ဒေါသစိတ်လုံးဝ မဖြစ်စေဘဲအဒေါသမေတ္တာဖြင့် ဒို့ကိုနင်းသတ်မည့် ဆင်ကြီးလဲ ကျန်းမာပါ စေ ချမ်းသာပါစေ ဒို့ကိုသေမိန့်ပေးသော ရှင်ဘုရင်ကြီးလဲ ကျန်းမာချမ်းသာပါစေ ဒို့ကို ဂုံးချောတိုင်တန်းသည့် ရွာသူ ကြီးလဲ ကျန်းမာ ချမ်းသာပါစေဟု တလောကလုံး ချစ်နိုင်တဲ့မေတ္တာတွေ ပို့သလိုက်၏ မေတ္တာတည်းဟူသောများသည် ဆင်ကြီးနှစ်လုံးသားကိုထိမှန်ကာ ဆင်ကြီးအရက်မူး ပြေလျှက် အော်ဟစ်ကာထွက်ပြေးသွားလေ၏။
အာဏာပါကွက်သားတွေသည် ရှင်ဘုရင်ထံ အကြောင်းစုံ တင်ပြလျှောက်ထားသောအခါ ရှင်ဘုရင်မှ လူတွေများ တာမြင်လို့ ဆင်ကြောက်ပြီး ထွက်ပြေးတာပါ နောက်တကြိမ် လူတွေကို ဖျာတွေဖြင့်အုပ်၍ ဒုတိယအကြိမ် နင်းသတ် စေ ဟု သေမိန့်ချပြန်၏ လူတွေကို ဖျာတွေဖြင့်အုပ် ဆင်ဆိုးကိုလည်း အရက်ပြန်တိုက်ကာ မဃလုလင်တို့အဖွဲ့ထံ လွတ်လိုက်ပြန်၏ မဃလုလင်တို့အဖွဲ့လဲ ထုံးစံအတိုင်း တလောကလုံးချစ်တဲ့ မေတ္တာပို့ပြန်၏ ဆင်ကြီးဒုတိယအကြိမ် ထွက်ပြေးပြန်၏။
ရှင်ဘုရင်ဒုတိယအကြိမ် ဆင်ပြေးတာသိရတော့ စဉ်စားဆင်ခြင်ရပြီ မဃလုင်အဖွဲ့ကို ခေါ်ယူစစ် ဆေးသောအခါ အမှုမှန်တွေပေါ်ပေါက်လာ၏ တိရစ္ဆာန်ဖြစ်တဲ့ ဆင်ကမှ မင်းတို့ဂုဏ်ကျေးဇူးကို နားလည် သေးတယ်လူသားဖြစ်တဲ့ ငါဘုရင်က နားမလည်လေခြင်းဟု ၀န်ချတောင်းပန်ခဲ့ရလေ၏ မိမိ မှားနေတာကို မှားမှန်းသိပြီး အမှန်ပြင်နိုင်ခြင်းသည် ပညာရှိပီသပါ၏ မှားမှန်းသိလျှက် ဆက်မှား နေခြင်းသည် မိုက်ကန်းကန်း ကြီးမိုက်သာ ဖြစ်မှာသေချာ၏၊
မင်းမြှောင်ဖျက်က မင်းပင်ပျက်၏ ဆိုတာကို သဘောပေါက်ကာ ရွာသူကြီးကို ရာထူးချ၍ မဃလုင်ကို ရွာသူကြီး ခန့်ကာ ရွာများစွာကိုလည်းပေး၏ ဆင်ကြီးကို မဃလုင်တို့အဖွဲ့ လူမှုရေးလုပ်ငန်းတွင် အသုံးချရန်ပေးလိုက်၏။
ဤဇတ်လမ်းကို ဆင်ခြင်ကြည့်မယ်ဆိုလျှင် ရန်သူမိတ်ဆွေမခွဲဘဲ တလော ကလုံးချစ်တဲ့မေတ္တာ ပို့သနိုင်သော ကြောင့် မိမိအပေါ်ကြရောက်နေသည့် အသက်ဘေးအန္တရာယ်ကိုလည်း ကာကွယ်နိုင်တာတွေ့ရ၏ ရာထူးတွေလဲရရှိ တာ တွေ့ရ၏၊ ရန်သူမိတ်ဆွေမခွဲဘဲ တလောကလုံးချစ်နိုင်သည့်မေတ္တာသည် ကိုယ်ကျင့်သိက္ခာဖွံ့ဖြိုးသော မြင့်မြတ် သော လူသားတွေ၏ အကျင့်မြတ်ဖြစ်ပါ၏ ဤလို တလောကလုံးချစ်နိုင်သည့် မေတ္တာမျိုး ထား နိုင်လေလေ၊ လော ကကြီး ငြိမ်းချမ်းလေလေ ဖြစ်ပါ၏ ဤတလောကလုံး ချစ်နိုင်သည့် မေတ္တာတရားသည် လူ့ဘ၀ရဲ့ အနှစ်သာရတခု ဖြစ်ပါ၏။

Type your summary here.Type the rest of your post here.

No comments: