အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, March 10, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၉)


ငါနေသလို သူတို့နေနိုင်ပါစေလို့ စိတ်စေတနာလေး ရှိလာခြင်းသည် လူသား၏ ငြိမ်းချမ်းခြင်းဓာတ်ခံ အစပျိုးလာ ခြင်းဖြစ်၏ မိမိပတ်ဝန်းကျင်တွင် နေစရာမရှိလို့ ခိုကိုးရာမဲ့ဖြစ်သူတွေ များလှပါ၏ ထိုသူတွေ ၏ နေရေးပတ်သတ်ပြီး ငါတို့နေနိုင်သလို မဟုတ်တောင်မှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေး နေနိုင် အောင် ကိုယ်ထိလက်ရောက် ဆောင်ရွက် ပေးမယ်ဆိုလျှင် မြင့်မြတ်သည့် လူသားတွေ၏ ကရုဏာ စိတ်ဓာတ်ဖြစ်ပေါ်လာခြင်းဖြစ်၏ ဤသည်ပင် ကိုယ်ကျင့် သိက္ခာ ဖွံ့ဖြိုးလာပြီး လောကငြိမ်းချမ်းမှု၏ အစိတ်အပိုင်းတခုဖြစ်ပါ၏။
လူသည် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကောင်းတာကိုသာပြိုင်ချင်ကြ၏ မကောင်းတာကို ပြိုင်ဆိုင် ချင်စိတ် သိပ် မရှိ ကြ မိမိတို့တက်ရောက်သည့် နေရာဌာနကိုတော့ ပြိုင်ချင်ကြ၏ မိမိတို့စားသောက် ရသည့် ဆေးဝါး ဓာတ်စာကို လည်း ပြိုင်ခြင်ကြ၏ ငါတို့က အထူးဆေးရုံတက်ကုတာ အခန်းခက တနေ့ ဘယ်လောက် ဆေးဘိုးက ဘယ်လောက် စသည်ဖြင့် ပြိုင်ဆိုင်ကြ၏ နိုင်ငံခြားသွားကုနိုင်သူတွေလဲ သွားကုနိုင်သည့် အလျှောက် သူတို့ပတ်ဝန်းကျင်တွင် အပြိုင်ပြောကြ၏ ငါတို့ကုနိုင်သလို လူသားတွေ ကုနိုင်ပါစေလို့ ဆန္ဒရှိသူ ရှိကောင်းရှိပါလိမ့်မည် အတော်နည်းမည်ဟု ထင်ပါ၏။
မိမိတို့ ပတ်ဝန်းကျင်တွင် ဆင်ရဲနွမ်းပါးသူက အများစုဖြစ်၏ မကျန်းမာလို့ ဆေးမကုနိုင်သူက အများစုဖြစ်ပါ၏
ဆေးဘိုးမတတ်နိုင်လို့ သေသွားသည့် လူသားတွေလည်း နည်းလှသည်မဟုတ် ဤလိုနွမ်းပါးသည့် လူသားတွေကို အမြင်မှန်မှန်ဖြင့်ကြည့်ပြီး ငါတို့မကျန်းမာရင် ဆေးကုနိုင်သလို ဆင်းရဲနွမ်းပါး လူသားအားလုံးကိုလည်း ဆေးကုပေးဖို့ ဆန္ဒတွေဖြစ်ပေါ်လာပြီဆိုလျှင် မြင့်မြတ်သည့်လူသားတွေ၏ ကရုဏာစိတ်ဓာတ် ဖြစ်ပေါ်လာခြင်းဖြစ်၏ ဤသည်ပင် ကိုယ်ကျင့်သိက္ခာ ဖွံ့ဖြိုးလာပြီး လောကငြိမ်း ချမ်းမှု၏ အစိတ်အပိုင်းတခုဖြစ်၏။
နိုင်ငံဖြစ်စေ လူမျိုးဖြစ်စေ မိမိနိုင်ငံအတွက် မိမိ လူမျိုးအတွက် အနစ်နာခံနိုင်သူများ မိမိဘ၀ကို မိမိ နိုင်ငံ မိမိလူမျိုး အတွက် စတေးခံနိုင်သူများ များများပေါ်လာသည်နှင့်အမျှ ထိုနိုင်ငံ ထိုလူမျိုးသည် ကမ္ဘာ၌ ထိပ်တန်းနိုင်ငံ ထိပ်တန်း လူမျိုးဖြစ်မှာသေချာ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြင့် ထိပ်တန်းရောက်လာသည်ကို ဆိုလိုသည် မဟုတ် ကိုယ်ကျင့်သိက္ခာဖြင့် ထိပ်တန်းရောက် လာခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏ ကိုယ်ကျင့်သိက္ခာ ဖွံ့ဖြိုးမှသာလျှင် လောကငြိမ်းချမ်းမှာ ဖြစ်သော ကြောင့်ဖြစ်၏။

Type your summary here.Type the rest of your post here.

No comments: