အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, March 9, 2011

ဖွံ့ဖြိုးခြင်းနှင်းငြိမ်းချမ်းခြင်း(၈)


ကရုဏာ
ကရုဏာ ဆိုသည်မှာ ဆင်းရဲချမ်းသာမရွေး ကျွေးမွေးချင်သော စွန့်လွှတ် အနစ်နာခံချင်သော စိတ်ဓါတ်ဖြစ်၏
လူသည် စီးပွားရေးအရ ချို့ချို့ငဲ့ငဲ့ မနေလိုဘဲ မိမိ ဘ၀အတွက် စီးပွားဥစ္စာ ပြည့်စုံလို၏ ပြည့်စုံ အောင်လည်း ကြိုးစား အားထုတ်၏ စီးပွားဥစ္စာသည် သူ့ချည်းလူ့ထံသို့ ၀င်လာသည်မဟုတ် သူ့အဖေါ် ဘ၀င်မြင့်တတ်သည့် မာနတရားကို လည်း လက်တွဲခေါ်လာတတ်၏ လူသည်စားရေးနှင့်ပတ်သက်ပြီး တဦးနှင့်တဦး ဘယ်သူကပိုစားနိုင်သည်ကို မသိ မသာ ပြိုင်ဆိုင်တာရှိသလို သိသိသာသာကြီး ပြိုင်တာ လဲတွေ့မြင်ရ၏။
ငါစားသလို သူတို့မစားနိုင်ဘူးဟု မာနထားသူက အများစုဖြစ်၏ ငါစားသလို သူတို့စားနိုင်ပါစေလို့ စိတ်ထားနိုင် သူက အနည်းစု ဖြစ်မည်ထင်၏၊ ဒါထက်တဆင့်တက်ပြီး မိမိပတ်ဝန်းကျင်က ဆင်းရဲနွမ်းပါးသူတွေကို မိမိလိုစားနိုင် အောင် ကျွေးမွေးလိုသော ဆန္ဒဖြစ်လာခြင်းသည် လူသား၏ မိမိ နှင့် မိမိ ပတ်းကျင် ငြိမ်းချမ်းမှု အစပျိုးလာခြင်းဖြစ်၏ ကိုယ်ထိလက်ရောက် ကျွေးမွေးပြီဆိုလျှင် သူတော်ကောင်းတွေရဲ့ ကရုဏာစိတ်ဓာတ် ကိန်းအောင်း လာခြင်းဖြစ်၏ ဤသည်ကိုပင် ကိုယ်ကျင့်သိက္ခာဖွံ့ဖြိုးလာပြီး လောကငြိမ်းချမ်းမှု၏ အစိတ်အပိုင်းတခုဖြစ် တော့၏။
လူသည်မာနနှင့် တည်ဆောက်ထားသော ခန္ဓာကိုယ် ရရှိထားသောကြောင့် ၀တ်ရေးနဲ့ပတ်သက်လာ လျှင်လည်း တဦးနှင့်တဦး အပြိုင်အဆိုင်ဝတ်ကြ၏ မိမိထက်သာသူမရှိအောင် တနေ့တမျိုးမရိုးအောင် ၀တ်ကြ၏ မော်ဒယ်အသစ် ပေါ်လာတိုင်း မိမိကိုယ်ပေါ် အရင်ရောက်အောင် အပြိုင်အဆိုင်ဝယ်ကြ၏ ငါဝတ်သလို သူတို့ဝတ်နိုင်ပါစေဟု ဆန္ဒရှိ သူက အနည်းစုဖြစ်လိမ့်မည် ငါသာ သူတို့ထက် သာအောင် ၀တ်ပြချင်သည့်စိတ်ရှိသူက အများစုဖြစ်ပါလိမ့်မည်။
ငါဝတ်သလို သူတို့ကိုလည်း ၀တ်စေချင်သည့် ဆန္ဒဖြစ်ပေါ်လာခြင်းသည် လူသား၏စိတ် ငြိမ်းချမ်းမှု အစပျိုးလာ ခြင်းဖြစ်၏ မိမိပတ်ဝန်းကျင်တွင် ဆင်းရဲနွမ်းပါးပြီး ၀တ်မှု မပြည့်စုံသူတွေ များစွာရှိ၏ ထိုသူတွေကို ကိုယ်ထိလက် ရောက် မိမိဝတ်သလိုဝတ်နိုင်အောင်ပေးကမ်းစွန့်ကြဲပြီဆိုလျှင် သူတော်ကောင်း တွေရဲ့ ကရုဏာစိတ်ဓာတ် ဖြစ်ပေါ်လာ ခြင်းဖြစ်၏ ဤသည်ပင်ကိုယ်ကျင့်သိက္ခာ ဖွံ့ဖြိုးလာပြီး လောက ငြိမ်းချမ်းမှု၏ အစိတ်အပိုင်းတခုဖြစ်ပါ၏။
လူသည် ဘ၀မြင့်ရင် ဘ၀င်မြင့်တတ်သည် ဆိုသည့်အတိုင်းေ နရေးပတ်သက်ပြီး အဆင့်မြင့်မြင့် နေနိုင်ပြီဆိုရင် လူ့စိတ်တွေလည်း ဘ၀င်ကိုင်ပြီး ငါ့ထက်သာအောင် ဘယ်သူတွေနေနိုင်လို့လည်းဟု နေမှုနှင့်ပတ်သက်ပြီး သူ့ခြံထက် ငါ့ခြံသာအောင် သူ့တိုက်ထက် ငါ့တိုက်သာအောင် အပြင်အဆိုင် ပြင်ဆင်ကြ၏ ကားကိုလည်း ထည်လည်းဝယ်စီး နိုင်အောင် သူ့ထက်ငါ အပြိုင်ကြိုးစားကြ၏ ငါနေသလို သူတို့လည်း နေနိုင်ပါစေဟု စိတ်ထားနိုင်သူသည် ရှာမှရှားဖြစ် ပါလိမ့်မည်။

Type your summary here.Type the rest of your post here.

No comments: