အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, March 13, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၁၀)


မုဒိတာ
မုဒိတာဆိုသည်မှာ မနာလိုခြင်းကင်းပြီး ၀မ်းမြောက်နိုင်သောစိတ်ကို ဆိုလိုခြင်းဖြစ်၏ လူတို့သည် တဦးနှင့်တဦး မနာလိုဝန်တိုမှုကို ပေါပေါသီသီကြီး လက်ခံကျင့်သုံးနေတာကို တွေ့မြင်နိုင်၏ သူတပါး အတင်းကို အမနာပပြောနေ တာကိုပင် သတင်းထူးအဖြစ် လူတွေနှစ်သက်စွာ နားထောင်အားပေး နေတာတွေ့ရ၏ ။
လူတို့သည် လူတယောက် ရုပ်ရည်လှပ နေတာကိုလည်း မနာလိုဝန်တို ဖြစ်တတ်၏၊ ပညာတွေတတ်မြောက် တာကိုလည်း မနာလိုဝန်တိုဖြစ်တတ်၏ ဥစ္စာဓန ကြီးပွားချမ်းသာတာကိုလည်း မနာလို ၀န်တိုဖြစ်တတ်၏ အလကား နေရင်း အကုသိုလ်ပွားချင်သူများဖြစ်ကြ၏ မိမိဘ၀အတွက် ပစ္စုပ္ပန်မှာ လည်းမကောင်း သံသရာမှာလည်း မကောင်းတဲ့ ဣဿာတရားတွေဖြစ်၏။
လူတယောက် ရုပ်ရည်လှပတာကိုမြင်လျှင် သြော်---သူ့အတိတ်ကံကြောင့် လှပတာဘဲလို့ ၀မ်းသာ ပေးလိုက်ရင် ကုသိုလ်ပွားရာ ဖြစ်သောကြောင့် မုဒိတာရှင်ဖြစ်နိုင်၏ ပညာတတ်တာကော ဥစ္စာပေါတာကော သူ့ကံကြောင့်ဖြစ်တာ ဘဲဟု ၀မ်းမြောက်ပေးလိုက်လျှင် မြင့်မြတ်သော လူသားတွေ၏ အကျင့် မြတ်ဖြစ်ကာ ကိုယ်ကျင့်သိက္ခာ ဖွံ့ဖြိုးသည့် မုဒိတာပိုင်ရှင်ဖြစ်ပါ၏ ဤကဲ့သို့ မုဒိတာစိတ်ထားနိုင်မှသာ လျှင် ကိုယ်ကျင့်သိက္ခာ ဖွံ့ဖြိုးပြီး လောကကြီး ငြိမ်းချမ်းလာ မှာဖြစ်ပါ၏။

Type your summary here.Type the rest of your post here.

No comments: