အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, March 16, 2011

ဖွံ့ဖြိုးခြင်းနှင့်ငြိမ်းချမ်းခြင်း(၁၃)


လူဟူသည် စီးပွားရေးကလဲအောင်မြင် ခြွေရံပရိတ်သတ်ကလဲပြည့်စုံ ချီးမွမ်းထောပနာသံတွေကလဲ ပွက်လောညံ လာပြီဆိုလျှင် လူ့ဘ၀မှာ ချမ်းသာသုခနှင့်ပြည့်စုံခြင်းသဘောဖြစ်၏ လူသည် စီးပွားရေးကလဲ မအောင်မြင် ခြွေရံပရိတ် သတ်ကလည်းမရှိ ကဲ့ရဲ့ရှုပ်ချသံတွေ ဗလပွဖြင့် လူ့ဘ၀ ရပ်တည်ရပြီဆိုလျှင် ဆင်းရဲနွမ်းပါးခြင်း သဘောကိုဆောင် ပါ၏ ချမ်းသာခြင်းသည် သုခ သဘောကိုဆောင်၍ ဆင်း ရဲခြင်းသည် ဒုက္ခ သဘောကိုဆောင်ပါ၏။
သုခ ဒုက္ခ သည် လောကဓံတရားရှစ်ပါးတွင် စတုတ္ထအတွဲဖြစ်၏ သုခဆိုသည့် ချမ်းသာမှု အမျိုးမျိုးပေါ်မှာ ၀မ်းသာ တုံလှုပ်၍ သာယာမိသွားလျှင် ဥပေက္ခာသဘောမဆောင်တော့၊ ဒုက္ခ ဆိုသည့် ဆင်းရဲမှု အမျိုးမျိုးပေါ်မှာ ညိုးငယ် ပူပြင်း စိုးရိမ်တုံလှုပ်ခြင်းဖြစ်လျှင် ဥပေက္ခာသဘောမဆောင်တော့ ဥပေက္ခာသည် ချမ်းသာမှု အမျိုးမျိုးပေါ်မှာလည်း ၀မ်းသာတုံလှုပ်မှုမဖြစ်၊ ဆင်းရဲမှု အဖုံဖုံကိုလည်း ညိုးငယ်ပူပြင်း စိုးရိမ်ခြင်းမဖြစ်မှ လျှစ်လျူရှုခြင်းသဘော ဥပေက္ခာ ဖြစ်၏။
လောကဓံတရား ရှစ်ပါးတို့ဟူသည် မြင့်မြတ်သူများအနေဖြင့် လောကအကျိုးစီးပွားကို ဆောင်ရွက်ရာတွင် သူ့နည်း နှင့်သူ ဟန့်တားနှောက်ယှက်တတ်၏ ထိုနှောက်ယှက် ဟန့်တားမှုအပေါ် ပြန်လည် တုံ့ပြန်လိုက်လျှင် လောကဓံကို ခံနိုင်သူဖြစ်လာမည်မဟုတ်ပေ လောကဓံကို တုံလှုပ်မှုမရှိ ရပ်တည်နိုင်မှ လောကကို အောင်မြင်မှာဖြစ်၏ လောကကို အောင်မြင်မှ လောကကြီးငြိမ်းချမ်းမှာဖြစ်၏။
ဥပေက္ခာသည် ကျယ်ဝန်းလှ၏ ကိုယ့်အကျိုးကို လျှစ်လျှူရှုပြီး လောကအကျိုးကို ဆောင်ရွက်ခြင်း သည်လည်း ဥပေက္ခာသဘောဖြစ်၏၊ ဤဥပေက္ခာသည် လောကကြီး ငြိမ်းချမ်းဖို့အတွက် အထောက် အကူဖြစ်၏ လောကကြီး ငြိမ်းချမ်းချင်လျှင် မိမိအကျိုးကိုစွန့်လွှတ်ပြီး လောကအကျိုး သတ္တ၀ါတွေရဲ့ အကျိုးကို စွမ်းစွမ်းတမန် ဆောင်ရွက်ရန် ဖြစ်၏။
ယောင်္ကျား မိန်းမဟု ခေါ်ဝေါ်အပ်သော ပညတ်တရားကို လျှစ်လျူရှုပြီး ပရမတ်ဖြစ်တဲ့ ရုပ်နာမ်မြင်အောင်ကြည့် ခြင်းသည်လည်း ဥပေက္ခာသဘောဖြစ်၏ ဤဥပေက္ခာသည် မိမိငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင်ကျင့်ရန်ဖြစ်၏ ဆက် လက်ကျင့်ကြံ အားထုတ်မယ်ဆိုလျှင်တော့ ရုပ်နာပ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မြင်အောင်ရှုရမှာဖြစ်၏ ဖြစ်ခြင်းပျက် ခြင်းဆုံးလျှင် ဒိဌိ ၀ိစိကိစ္ဆာပြုတ်ပြီး သောတာပန်အဆင့်တက် လှန်းနိုင်မှာဖြစ်၏ ထို့နောက် မဂ်တရားဖိုလ်တရားကို မျက်မှောက်ပြုလျှက် မိမိဘ၀ငြိမ်းချမ်းမှာဖြစ်၏။
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့်အတူ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးအောင် ကျင့်နိုင်မယ်ဆို လျှင် လောကကြီး ဆထက်ထမ်းပိုး ဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာသော လောကကြီးဖြစ်လာမှာ ဧကန်မုချဖြစ်ပါတော့၏။

Type your summary here.Type the rest of your post here.

No comments: