အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, April 8, 2011

အင်ဒိုနီးရှားခရီးစဉ်(၄)


Ronny Thedy+ Loonny Sinthiawi အင်ဒိုတရုပ်မိသားစုဖြစ်၏ ထေရ၀ါဒနှင့် မဟာယာန နှစ်မျိုးလုံးကို ကြည်ညို လေးစားသောမိသားစုဖြစ်၏ ဂျကာတာမြို့၏ တနေ့တာလယ်သည့် ငွေအမောက်သည် နည်းမည်မဟုတ်ပါ အနည်းဆုံး
ငါးသိန်းနှင့်တသန်းကြားမှာရှိနိုင်၏ လေဆိပ်အသွားအပြန် တက်စီငှားလျှင် သုံးသိန်းလောက်ပေးရ၏။
လေဆိပ်နှင့် ဂျကာတာ ဟိုင်းဝေးလမ်းမပေါ်တွင် လမ်းနီမောင်းသော ဂျပန်-အင်ဒို-ဖက်စပ် ဒေါ်လာနှစ်သောင်းတန်
ကားလေးပြေးလွှားနေ၏ ဘုန်းကြီးတို့လည်း ပတ်ဝန်းကျင် အသစ်အဆန်းတွေကို ငေးမောကြည့်ရှုနေမိ၏ ဂျကာတာလဲ သု့နည်းသု့ဟန်နှင့် တမျိုးတဖုံ လှပနေတာတွေ့ရ၏ လမ်းတွင် ကားကြပ်တာတွေနှင့်လည်း ကြုံတွေ့ရ၏ ကားပေါ်တွင် ခေါင်းခန်းမှ လမ်းနီနှင့်ဇင်မာဝင်း အလယ်ခေါင်တွင် ဘုန်းကြီးတို့နှစ်ပါး နောက်ခန်းတွင် အားမင်ထိုင်၏ ကားထဲတွင်မေး ခွန်း အမေးချင်ဆုံးသူကတော့ နောက်ခန်းမှာထိုင်သည့်အားမင် ဖြစ်၏။
မြန်မာဘုန်းကြီးတွေသည် မေးတိုင်းဖြေနိုင်သည်ဟု အားမင်သည် သူ့အတွေ့အကြုံရ သူသိထားပုံရ၏ ဇင်မာဝင်း၏ မိမိမြန်မာဆရာတော်တွေအပေါ် တခြားနိုင်ငံသားတွေ အထင်မသေးအောင် ဂုဏ်ယူစွာ ပြောဆိုထားခြင်းကြောင့်လည်း
ဖြစ်နိုင်၏ တပည့်ကောင်းပီသသည့် ဇင်မာဝင်းဖြစ်ပါ၏ ထို့ကြောင့်ပင် အားမင်သည် သူသိချင်သည့် မေးခွန်းတွေကို ဇင်မာဝင်းမှတဆင့်မေးပါတော့၏။
ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံတွင် သူလူဖြစ်ချင်ကြောင်း ယ္ခုဘ၀တွင် ဘယ်လိုကျင့်သုံးရမည်နည်းဟုမေးလာ ၏---------?
ယ္ခုဘဝတွင် ရတနာသုံးပါးကို ယုံယုံကြည်ကြည် ဆည်းကပ်ကိုယ်းကွယ်လျှင် နောက်ဘဝ ဗုဒ္ဓဘာသာထွန်းကား သည့် နိုင်ငံတွင် လူဖြစ်နိုင်ကြောင်း ဖြေပေးလိုက်၏။
အားမင်သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာပြည်ကို အလွန်နှစ်သက်နေပုံရ၏ မြန်မာပြည်မှာလူဖြစ်ချင်ကြောင်း ထုတ်မပြောသော်လည်း သူ့ရည်ရွယ်ချက်က မြန်မာပြည်မှာ လူဖြစ်ချင်ဟန်တူ၏ သူတွေ့ဖူးသော မြန်မာဘုန်းကြီးတွေ သည် ရွှေတောင်ကုန်း၊ ချမ်းမြေ့၊ ဖားအောက်မှ ကြည်ညိုဖွယ်ရာ မြန်မာသံဃာထေရ်များဖြစ်၏ သူတွေ့ဖူးသောမြန်မာ လူမျိုးတွေ ဇင်မာဝင်းစသော သာသနာကို တကယ်ယုံကြည်လေးစားပြီး သာသနာပြုစိတ်ဓါတ် အပြည့်အ၀ရှိသော လူ တွေသာဖြစ်၏ မြန်မာပြည်ကို အထင်ကြီးမယ်ဆိုလျှင်လည်း ကြီးလောက်ပါ၏။
အားမင်တယောက် မြန်မာပြည်ကို ရောက်သွားမှာတောင် ဘုန်းကြီး စိုးရိမ်နေမိ၏ အားမင်သည် မြန်မာပြည် တပြည် လုံးကို လူကောင်းတွေချည်ဘဲဟု ထင်နေပုံရ၏ မြန်မာပြည်၏ လက်ရှိပကတိ အခြေအနေသည် အားမင်ထင်သလို မဟုတ် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော်လည်းဘဲ မြန်မာလူမျိုးတွေ၏ လက်သုံးစကားအရ အူမတောင့်မှ သီလစောင့်မည်ဟု ပြောဆိုခြင်းသည် စားစရာမရှိလျှင် ငါးပါးမက ဆယ်ပါးလဲချိုးမှာ စားစရာမရှိလျှင် မဟုတ်တာ အကုန်လုပ်မှာဟု ပြော ဆိုခြင်းဖြစ်၏။
မြန်မာပြည်သား အများစုသည် စီးပွားရေးအစဉ်မပြေလှပါ တခြားနိုင်ငံသွားပြီး အလုပ်-လုပ်နေရသူတွေ တောင် သန်းချီရှိနေ၏ စားစရာမရှိတော့လည်း ကိုယ်ကျင့်သိက္ခာ မထိမ်းနိုင်သူတွေများလာ၏ စားစရာမရှိတော့လည်း ဘာသာ ရေးက သွန်သင်ဆုံးမထားတာတွေကို သိသော်လည်း မသိချင်ယောင်ဆောင်ကာ မျက်စိမှိတ်ပြီး မလုပ်ချင်ဘဲ လုပ်နေ ရသူတွေ ရှိသလို လောဘအစွန်းထွက်သည့် ချမ်းသာသည့် ပုဂ္ဂိုလ်တွေကတော့ သိရက်သားနဲ့ ဒီဘ၀စံပြီး နောင်ဘ၀ ခံမည့် ပုဂ္ဂိုလ်တွေကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရော မိုက်လုံးကြီးသည့် ငမိုက်သားမျာလဲ များလှ၏။
အားမင်မှ အင်ဒိုနီးရှားသည် ကိုကျင့်သိက္ခာတွေ သိပ်မကောင်းဘူး မြန်မာပြည်က ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကိုယ်ကျင့် သိက္ခာတွေ ကောင်းတယ်မဟုတ်လားဟု မေးလာတော့ ဘုန်းကြီးတို့ အဖြေရကြပ်သွား၏ မှန်မှန်ကန်ကန်ဖြေရင်လဲ ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာသေချာ၏ တခြားနိုင်ငံသားကို မမှန်မကန်ပြောရမှာလည်း ၀န်လေးလှ၏ သိပ် မထူးပါဘူး အတူတူပါဘဲလို့ ဖြေလိုက်၏ အားမင်အံ့သြသွား၏ ဗုဒ္ဓဘာသာနိုင်ငံလေ ဘာဖြစ်လို့ အင်ဒိုနဲ့တူရတာလဲဟု ထပ်မေးလာပြန်၏ ဆင်းရဲလျှင် ဒီလိုဘဲဖြစ်တတ်ပါတယ်ဟု ဖြေဆိုရတော့၏။

Type your summary here.Type the rest of your post here.

No comments: