အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, May 30, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၂)


များတွေ့ရခြင်းဖြစ်၏ ကိုလိုနီခေတ်၏ အရိပ်အငွေ့များဟု သူတို့တတွေဆိုကြ၏။
ဥရောပသားတွေကတော့ မြို့ပြတည်ဆောက်တာကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လှလှပပ တည်ဆောက် တတ်ပါ၏ သူတို့မြို့တွေ၏ ရေလမ်းတွေသည် အပန်းဖြေခရီးအတွက်အသုံးပြုခြင်းဖြစ်၏ အာရှသားတွေလက်ထဲရောက် လာတော့ ဂျကာတာမြို့သည် ဥရောပသားတွေထင်သလို သာယာလှပသော ရေမြောင်းတွေဖြစ်မလာဘဲ ညစ်ပတ်သော ရေဆိုးမြောင်းတွေအဖြစ်သာ တွေ့မြင်ရပါတော့၏ ။
လူနေမှု အဆင့်အတန်းဘဲ ကွာလို့လား -----ဆင်းရဲချမ်းသာဘဲ ကွာလို့လား----------လူတွေရဲ့စိတ်ဓါတ်ရေးရာတွေ ဘဲ ကွာလို့လားမသိ ပတ်ဝန်းကျင် -သာယာလှပအောင် နေတတ်တာတို့ -အဆင့်တန်းမြင့်မြင့် စားသောက်တတ်တာတို့ ကတော့ ဥရောပသားတွေသည် အာရှသားတွေထက် သာတာကတော့ သေချာ၏ ယ္ခုလက်တွေ့သာဓက အနေနဲ့ ဂျကာ တာမြို့ကို ကြည့်လျှင်ဘဲ ထင်ရှားလှပါ၏။
မိုးထဲလေထဲဘဲ ဂျကာတာမြို့ကို လိုက်လံကြည့်ရှု၏ တိုက်တာမြင့်မြင့် အဆောက်အဦးတွေ မြို့လယ်ကောင်တွင် အတော်များများတွေ့ရ၏ ဂျကာတာလဲအာရှ၏မြို့တော်တခုဆိုတော့ စည်ကားတာတွေ့ရပါ၏ မြို့တော်၏ လမ်းတချို့တွင် ရေမြောင်းမတွေ့ရဘဲ ဘတ်စ်ကားလမ်းသည် လမ်းလယ်ကောင်တွင် တွေ့ရခြင်းဖြစ်၏ ဘတ်စ်ကားလမ်းသည် သာမန် လမ်းမြေပြင်ထက် ၆-လက်မလောက်မြင့်ထားသော တလမ်းသွားဖြစ်၏
သာမန်ကားတွေ ဘယ်ကားမှတက်လို့မရအောင် လုပ်ထားခြင်းဖြစ်၏ ဘတ်စ်ကားတစီးနှင့် တစီးလဲကျော်တက်လို့ မရပါ အစဉ်အတိုင်းသာ သွားရမှာဖြစ်၏ ဘတ်စ်ကားဂိတ်သည် လမ်းလယ်ကောင်တွင် သေသေချာချာ လုပ်ထားတာ တွေ့ရ၏ ဘတ်စ်ကားစီးသူတွေလဲ ဂုံးကျော်တံတားမှတဆင့် လမ်းလယ်ကောင် ဘတ်စ်ကားဂိတ်သို့သွားကာ စီးရခြင်းဖြစ် ၏ ကားတွေများပြီး လမ်းကြပ်သည့်ကိစ္စကို ဖြေရှင်းသည့် နည်းလမ်းတခုအဖြစ်တွေ့မြင်ရ၏။
ကားမောင်သူ လားနီသည် ကားမောင်ကြွမ်းကျင်လှ၏ ဂျကာတာမြို့တော်ကို နှံ့အောင်လိုက်ပို့၏ မြို့တော်၏ လမ်း အကြောင်းတွေကိုလဲ သေသေချာချာ ဃဃဏဏ သိထားပုံရ၏ ဘယ်အချိန် ဘယ်နေရာမှာ ကားကြပ်နိုင်သည်ဆိုတာ
သူ့ရဲ့သွားလာမှု အတွေ့အကြုံအရ သိထားတော့ ကားနည်းသည့်လမ်းတွေက လှည့်ပတ်မောင်းပို့၏ ကားမောင်းကြွမ်း ကျင်သလို လက်ကလဲ ပိုက်ဆံပေးတာ မြန်လှ၏။
ကားကွေ့နိုင်အောင်လုပ်ပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ကား ထွက်နိုင်အောင် လုပ်ပေးသူကိုလည်းပိုက်ဆံ ပေးတာတွေ့ရ၏ ကားပါကင်ရှာပေးသူကိုလည်းပိုက်ဆံပေးတာတွေ့ရ၏ ပိုက်ဆံပေးတာကတော့ တွန့်ဆုတ်မှု လုံးဝမတွေ့ ရပါ လားနီ၏လှုပ်ရှားမှုတွေ ဘုန်းကြီးတစေ့တစောင်းအကဲခတ်၍ ကြည့်မိ၏ ရှင်တော်မြတ်ဘုရား၏ ပေးကမ်းစွန့်ကြဲခြင်း သည် အရာရာအောင်မြင်သည်ဆိုသည့်စကားကို လက်တွေ့အကောင်အထည် ဖေါ်ပြနေသလားလို့တွေ့မြင်ရ၏ သူကိုယ် တိုင်တော့ သဘောပေါက် မပေါက် ဘုန်းကြီးမသိပါ ငွေလမ်းပေါ်က ခရီးစဉ်ပါပေ။
ဂျကာတာမှ မဟာယာနကျောင်းတော်
လားနီသည် မဟာယာန ဗုဒ္ဓဘာသာကို အဓိက ကိုယ်းကွယ်သူဖြစ်၏ ယ္ခုလည်း သူကိုယ်းကွယ်သည့် မဟာယာနဗုဒ္ဓ ဘာသာကျောင်းကို လိုက်လံပြသရန် ဂျကာတာမြို့လယ်ကောင်မှ မြို့နယ်တခုစီသို့ မောင်းလာခြင်းဖြစ်၏ မကြာခင်မှာဘဲ မဟာယာနဗုဒ္ဓဘာသာကျောင်းကို ကားလမ်းပေါ်မှတွေ့မြင်ရ၏ အပေါ်ဆုံးထပ် လသာဆောင်တွင် မတ်ရပ်တော် ဗုဒ္ဓရုပ် ပွားတော်ကြီးကို တည်ထားတာကို အဝေးမှ လှမ်းဖူးမြင်ရ၏။
အင်ဒိုနီးရှားသည် တရုပ်တွေချမ်းသာတာကတော့ သေချာ၏ သူတို့နှင့် ပတ်သက်သော ဘာသာရေး အဆောက်အဦး
တွေသည် ခမ်းနားထယ်ဝါလှပါ၏ မဟာယာနဗုဒ္ဓဘာသာကျောင်းတော်ကြီးကိုကြည့်ပြီး ၀မ်းမြောက်မိ၏ ဘာသာခြားနိုင်ငံ တခုတွင် ဗုဒ္ဓဘာသာကို ထယ်ဝါစွာ ဆောက်တည်နိုင်တာကိုလည်း ဂုဏ်ယူမိပါ၏ ကျောင်းတော်ကြီးအတွင်း ဘုရားဖူးပြီး ဓါတ်ပုံရိုက်နေတုံး ဒကာတယောက် လာဝတ်ချတာတွေ့ရ၏ ။

Type your summary here.Type the rest of your post here.

No comments: