အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, May 24, 2011

အင်ဒိုနီးရှားခရီးစဉ်(၇)


အကျင့် ညီမျှချင်းဖြင့် ငြိမ်းချမ်းမှု အရသာကို ကိုယ်စီ ကိုယ်စီ ခံစားပါရလိမ့်မည်။
တခုသောနေ့တွင် မိဂါရ သူဌေးကြီးသည် သားဖြစ်သူ ပုဏ္ဏ၀ဎုနနှင့် ၀ိသာခါတို့အတွက် မင်္ဂလာဆွမ်းလှူဒါန်းပွဲကို
နို့ဃနာဆွမ်းကပ်ဖို့ စီစဉ်ကြ၏ မိဂါရသူဌေးကြီး သူကိုးကွယ်သော တိတ္တိငါးရာတို့ကို သား မင်္ဂလာဆွမ်းအတွက် သူ၏ အိမ်သို့ ဆွမ်းဘုဉ်းပေးရန် ပင့်လေ၏ တိတ္တိငါးရာတို့သည် သူဌေးကြီးအိမ်သို့ကြွလာပြီး ဆွမ်းဘုဉ်းပေးကြ၏ သူဌေးကြီး က သူ့ချွေးမ ၀ိသာခါအား သူပင့်ထားသော ရဟန္တာများကို ဖူးမျှော်ရန် ခေါ်လိုက်၏။
ဝိသာခါသည် ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၏ ရဟန္တာဟူသော အသံကိုကြားရသည်နှင့် ၀မ်းပန်းတသာ ရဟန္တာ များ ဖူးမျှော်ရန်လာ၏ ရဟန္တာများကလည်း သူတို့၏ တကာရင်း မိဂါရ သူဌေးကြီး၏ ချွေးမ ၀ိသာခါကို မြင်ဖူးလိုလှ၏ ၀ိသာခါ မြင်လိုက်ရသော ရဟန္တာများကား အ၀တ်မရှိ ကိုယ်လုံးတီး ရဟန္တာများဖြစ်နေ၏ ၀ိသာခါသည် ယောက္ခမ သူ ဌေးကြီး၏ ရဟန္တာများကို မကြည့်ရဲအောင် ရှက်နေ၏ သူဌေးကြီးကတော့ ရဟန္တာများကို ကြည်ညိုလို့မဆုံး ၀ိသာခါက တော့ ရဟန္တာများကို ရှက်၍မဆုံးဖြစ်နေ၏။
လူဟူသည် နှစ်လုံးသွင်း ခြားနားလေသောအခါ မြင်စရာက မခြားသော်လည်း အမြင်များကမူ ခြားနားလေ၏ ၀ိသာခါသည် ရဟန္တာတို့ကို ရှိလည်းမခိုး ကြည့်လည်း မကြည့်ရဲသောကြောင့် ချက်ချင်းပြန်ထွက်လာလေ၏ သူဌေးကြီး
သည် သူချွေးမအတွက် သူ့ဆရာများပေါ် များစွာမျက်နှာပူရ၏ ရဟန္တာများကလည်း ၀ိသာခါ၏ အပြုအမူအတွက် များ စွာစိတ်ဆိုး၏ မိဂါရသူဌေးကြီးအား ၀ိသာခါကို အိမ်ပေါ်မှ နှင်ထုတ်ရန် တိုက်တွန်း၏ သူဌေးကြီးလည်း ၀ိသာခါကို အိမ်
ပေါ်မှ နှင်ထုတ်ချင်ပါ၏ သို့သော် အရှိန်အ၀ါ ကြီးမားသောမိသားစုမှ ပေါက်ဖွားလာသောကြောင့် နှင်ထုတ်ရန် မ၀န့်မရဲ ဖြစ်နေ၏ သူ့ဆရာများကိုသာ မလိမ်မာသော အရွယ်မို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်ရလေ၏။
မိဂါရ သူဌေးကြီး ကိုးကွယ်သော ရဟန္တာများသည် ဒေါသကြီးသော ရဟန္တာတိတ္တိများဖြစ်လေ၏ မိဂါရသူဌေးကြီး လည်း ချွေးမ ၀ိသာခါအပေါ် ကျေနပ်လှသည်မဟုတ် မတတ်သာသဖြင့် အောင့်အည်း သီးခံနေရခြင်းဖြစ်၏ ချွေးမအ ပေါ် အမြင်မကြည်မှု တခုထပ်တိုးလာကာ သူ့ရင်ထဲတွင် အစိုင်အခဲတခုဖြင့် ချွေးမအပေါ် ခိုးလိုးခုလု ဖြစ်နေတော့၏။
ဝိသာခါကမူ ယောက္ခမသူဌေးကြီးအတွက် ယူကြုံးမရရှိလှတော့၏ ကိုးကွယ်ရာ မှားခြင်းသည် အမှားတကာတို့တွင်
အမှားဆုံးသော မှားခြင်းဖြစ်၏ ၀ိသာခါသည် ယောက္ခမဖြစ်သူ မိဂါရသူဌေးကြီးအား အမှားဘ၀မှသည် အမှန်ဘ၀ ရောက်အောင် ကယ်တင်ရန် ဆုံးဖြတ်လိုက်၏
အချိန်သည် အင်အားကြီးမား၏ သစ်ပင်တို့သည် အချိန်ကျမှ ပွင့်၏ အချိန်ကျမှ သီး၏ ပါရမီ တို့သည်လည်း အချိန် ကျမှ ရင့်ကျက်၏ တခုသောနေ့တွင် မိဂါရသူဌေးကြီးသည် နို့ဃနာထမင်းကို ရွှေခွက်၌ ထည့်၍စားနေ၏ ၀ိသာခါသည်
သူဌေးကြီးအား ယပ်ခတ်ပေးနေ၏ ရဟန်းတော်တပါးသည် မိဂါရသူဌေးကြီး အိမ်ရှေ့၌ ဆွမ်းရပ်လာ၏ ၀ိသာခါသည် သူဌေးကြီး မမြင်ဘူးထင်၍ နေရာရွေ့ပေး၏ သူဌေးကြီးသည် ရဟန်းတော်ကို မြင်သော်လည်းဘဲ ဆွမ်းမလောင်းလို၍ မမြင်ချင်ယောင်ဆောင်နေခြင်းဖြစ်၏။
ဝိသာခါသည် မိမိ ယောက္ခမကြီး၏ သဘောထားကို ရိပ်မိတာနှင့် ယောက္ခမကြီးအတွက် မိတ်ဆွေကောင်းဖြစ်ရန် ဆုံးဖြတ်လိုက်၏ မိတ်ဆွေကောင်းဖြစ်ရန်အတွက် အကြမ်းနည်းကိုလည်း သုံးသင့်သုံးရ၏ အနုနည်းကိုလည်း သုံးသင့် သုံးရ၏ ယ္ခုတော့ အကြမ်းနည်းကိုသုံးရန် အချိန်အခါက ဖန်တည်းလာ၏ ဆွမ်းရပ်နေသော ရဟန်းတော်အား ကန် တော့ပါသေး၏ဘုရား တပည့်တော်မှ ယောက္ခမသည် အဟောင်း ကိုသာ စားသောက်ပါသည်ဟု လျှောက်ထားလိုက် ၏ ၀ိသာခါသည် ပြဿနာဖြစ်မည်ဆိုတာ သိလျှက်နှင့် လျှောက်ထားလိုက်ခြင်းဖြစ်၏။
မိဂါရသူဌေးကြီးသည် ချွေးမ၀ိသာခါ ပြောလိုက်သောစကားကို အကြီးအကြယ် ဒေါပွသွား၏ အဟောင်း ဆိုသည် မှာ မစင် ကို ဆိုလိုခြင်းဟု သူဌေးကြီး ယူဆ၏ ၀ိသာခါသည် မိမိ ဆရာ တိတ္တိတို့အား မထီမဲ့မြင် ပြုလုပ်ခဲ့စဉ်က သူဌေး ကြီး အောင့်အီး သီးခံခဲ့ရ၏ ဤအကြိမ် မိမိအား အဟောင်းကို စားနေသည်ဟု ဆိုသောအခါ သည်းမခံနိုင်တော့ သူဌေး ကြီး ပေါက်ကွဲသွားလေပြီ ထို့ကြောင့် သူဌေးကြီးက ဤအယုတ်မကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့ဟု ကျွန်အမှုလုပ်

Type your summary here.Type the rest of your post here.

No comments: