အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, May 25, 2011

အင်ဒိုနီးရှားခရီးစဉ်(၈)


တို့ကို အမိန့်ပေးလေ၏ ထိုအချိန်တွင် ၀ိသာခါ၏ ကျွန်အမှုလုပ်တို့သာရှိကြလေရာ ၀ိသာခါကို နှင်ထုတ်ဖို့ မဆိုထားနှင့်
လက်ဖြင့် ထိဝံ့သူတောင် မရှိပါချေ။
ဝိသာခါသည် ယောက္ခမကြီးအား ကယ်ချွတ်ရမည့် အချိန်သို့ ရောက်ပြီဟုသိ၏ သူဌေကြီးအား ဖခင်နှင်ထုတ်တိုင်း
မိမိ သွားမည် မဟုတ်ကြောင်း မိမိကို ဆောင်ယူစဉ်က မိမိ၏ ဖခင် ဓနဉ္စယ သူဌေးကြီးသည် မိမိနှင့် ပတ်သက်ပြီး ဖြစ် ပေါ်လာမည့် အပြစ်ကြီး အပြစ်ငယ်အားလုံးကို အဆုံးအဖြတ်ပေးရန် သူဌေးကြီး ရှစ်ဦးအား အပ်နှံလိုက်ကြောင်း ဤသူ ဌေးကြီး ရှစ်ဦးတို့၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း ပြန်လည်ပြောဆို၏။
ဝိသာခါသည် ဓမ္မနှင့်အညီ ပြောတတ်သူဖြစ်၏ ထို့ကြောင့် မိဂါရသူဌေးကြီးသည် ၀ိသာခါ ပြောသည့်အတိုင်းပင် သူဌေးကြီးရှစ်ဦးတို့အား မိမိ အိမ်သို့ ဖိတ်ကြားရလေ၏ သူဌေးကြီးရှစ်ဦးကို မိဂါရသူဌေးကြီးမှ သင့်လျှော်ရာအရပ်၌ နေ ရာချထားပေးပြီး ၀ိသာခါ ကျူးလွန်သော အပြစ်များကို တင်ပြ၏ ထိုအပြစ်များကြောင့် ၀ိသာခါကို ဤအိမ်မှ နှင်ထုတ် တော့မည်ဖြစ်ကြောင်းကိုပါ ပြောဆို၏။
မိဂါရသူဌေးကြီး ၀ိသာခါအပေါ် တင်ပြသော အပြစ်များမှာ ၀ိသာခါက မိမိအား မစင်စားနေသည်ဟု ရိုင်းပျစွာ ဆဲရေးသည်ဟု စွပ်စွဲချက်ဖြစ်၏ ၀ိသာခါကမူ မိမိ အနေဖြင့် သူဌေးကြီးအား မစင် စားနေသည်ဟု မဆို ကြောင်း အဟောင်းကို စားနေသူဟုသာဆိုကြောင်း အဟောင်း ဟူသည်မှာ ဤပစ္စုပ္ပန်ကာလ၌ ကောင်းမှုကိုသိုလ် အသစ်ကို မပြုဘဲ အတိတ်ဘ၀က ပြုခဲ့သော ကောင်းမှု ကုသိုလ်အဟောင်း အကျိုးကိုသာ ခံစားနေခြင်း ဖြစ်သည်ဟု ဆိုလိုပါ ကြောင်းဖြင့် ပြန်လည်တင်ပြရာ ၀ိသာခါအပေါ် တင်ထားသော မိဂါရသူဌေးကြီး၏ စွတ်စွဲချက်သည် ပျက်ပြယ်သွားလေ ၏။
ဒုတိယ စွတ်စွဲချက်ကို မိဂါရ သူဌေးကြီးတင်ပြန်၏ ၀ိသာခါသည် ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်ပါလျှက် တခုသော နေ့၏ ညဥ့်နက်သန်းခေါင်အချိန်တွင် မီးရှုးမီးတိုင်များ ထွန်းညှိကာ ကျွန်မိန်းမများ ခြံရံလျှက် အိမ်၏ အနောက်ဘက်သို့ ဆင်းသွားသည်ဟူသော စွပ်စွဲချက်ဖြစ်၏ ထိုစွတ်စွဲချက်နှင့် ပတ်သက်လို့ ၀ိသာခါက မြင်းဇောင်းတွင် အာဇာနီမြင်းမ သားဖွားသဖြင့် သွားရောက်ပြုစုခြင်းဖြစ်ကြောင်း ရှင်းပြရာ မိဂါရသူဌေးကြီး ဒုတိယစွပ်စွဲချက်လည်း ပျက်ပြယ်သွား၏။
မိဂါရသူဌေးကြီးသည် အတန်ငယ် စိတ်သက်သာရာ ရသွား၏ သို့ရာတွင် ဓနဉ္စယ သူဌေးကြီး သမီးဝိသာခါအပေါ် ပေးလိုက်သည် သြ၀ါဒ ၁၀-ချက်နှင့် ပတ်သက်၍ သူ့စိတ်ထဲ သံသယဖြစ်နေ၏ ထို့ကြောင့် မိဂါရသူဌေးကြီးသည် ၀ိသာ ခါ အပေါ် ဤသြ၀ါဒ ၁၀-ချက်နှင့် ပတ်သက်၍ တတိယ စွပ်စွဲချက်များအဖြစ် စွပ်စွဲပြန်လေရာ ၀ိသာခါက တချက်ခြင်း ဤသို့ ပြန်လည်းရှင်းပြ၏။
၁။ အတွင်းမီးကို အပြင်သို့ မထုတ်ရ ------------ဟူသည်မှာ ချွေးမတယောက် အနေဖြင့် မိမိတို့၏ အိမ်တွင်းရေးကို အခြားသူများကို မပြောရ ဟူ၍ ဖြစ်၏။
၂။အပြင်မီးကို အတွင်းသို့ မသွင်းရ -------ဟူသည်မှာ အခြားသူများ၏ အိမ်တွင်းရေးကို မိမိတို့၏ မိသားစုများအား မပြောရ ဟူ၍ ဖြစ်၏။
၃။ ပေးကမ်းတတ်သူအားသာ ပေးကမ်းရ၏----ဟူသည်မှာ မိမိတို့၏ ပစ္စည်း ဥစ္စာများကို ငှားရမ်းပြီး အမေ့မခံဘဲ ပြန် လည် ပေးတတ်သူအားသာ ပစ္စည်းများကို ငှားရမ်းရမည် ဟူ၍ ဖြစ်၏။
၎။မပေးကမ်းသူအား မပေးကမ်းရ-----ဟူသည်မှာ မိမိတို့၏ ပစ္စည်းများကို ငှားရမ်းပြီး ပြန်မပေးတတ်သူအား ပစ္စည်း များကို မငှားရမ်းရ ဟူ၍ ဖြစ်၏။
၅။ပေးကမ်းသည် ဖြစ်စေ မပေးကမ်းသည်ဖြစ်စေ ပေးကမ်းရ၏---ဟူသည်မှာ ဆင်းရဲသော ဆွေမျိုးများနှင့် မိတ်ဆွေ များအား ပြန်ရကောင်းစေ သဘောမထားဘဲ မိမိ၏ စွမ်းနိုင်သလောက် ထောက်ပန့်ရမည် ဟူ၍ ဖြစ်၏။
၆။ချမ်းသာစွာ နေထိုင်ရမည် --------ဟူသည်မှာ လူကြီးမိဘများနှင့် နေထိုင်ရာတွင် မနီးလွန်း မဝေးလွန်း လေတင် လေအောက်စသည်ဖြင့် အပြစ်ခြောက်ပါး ကင်းသည့် နေရာများ၌ နေထိုင်ရမည် ဟူ၍ ဖြစ်၏။

Type your summary here.Type the rest of your post here.

No comments: