အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, May 22, 2011

အင်ဒိုနီးရှားခရီးစဉ်(၅)


ဘုန်းကြီးဆိုတော့လဲ အမှန်အတိုင်းသာဖြေရတော့၏ ရှေးဆက်ပြီးမေးခွန်းတွေမေးလာရင် ဒီထက်သိက္ခာတွေ ပိုကြ
မှာစိုးလို့ အားမင်ကို ဘုန်းကြီးကမေးခွန်းတခုထုတ်လိုက်၏။
အားမင် မင်းမှာ သားသမီးဘယ်နှစ်ယောက်ရှိသလဲ----------?
သားတယောက် သမီးတယောက်ရှိပါတယ်။
တကယ်လို့များမင်းသားက ငါ့လိုဘုန်းကြီးဝတ်သွားမယ်ဆိုလျှင် မိခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ---?
အားမင် ရီပါတော့၏ မိခင်တယောက်အနေနဲ့ အရမ်းဝမ်းသာမှာပေါ့ ဒါပေမဲ့သူ့ဘ၀မှာ ဒီလိုအခွင့်အရေးမျိုး ရနိုင်ဖို့ မလွယ်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့ခင်ပွန်းက ခရစ်ယန်ဖြစ်တယ် သားကောသမီးကော ခရစ်ယန်ဘာသာထဲကို သူ့ခင်ပွန်းက ထည့်ထားတယ် အိမ်မှာ သူတယောက်ထဲ ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်သုံးယောက်က ခရစ်ယန်ဖြစ်တယ် သူ့ခင်ပွန်းက ဘာသာရေးမှာ လွတ်လတ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်ဟု ဇင်မာဝင်းရှင်းပြမှ အားမင်ဘ၀အကြောင်း တစေ့တစောင်းသိရ၏။
မိသားစု ဘာသာရေးတွင် ရှုံးနိမ့်နေသူဖြစ်ကြောင်းသိရတော့ သူ့ဘ၀အတွက်စိတ်မကောင်းပါ အားပေးစကားပြောရန် စဉ်းစားလိုက်တော့ ၀ိသာခါအကြောင်းသတိရလာ၏ အားမင်ကို ၀ိသာခါအကြောင်း ကြားဘူးလားမေးတော့ ကြားတော့ ကြားဘူးတယ် သေသေချာချာ မသိပါဟုဆိုလာ၏ ၀ိသာခါက ဘာသာခြားနဲ့ အိမ်ထောင်ကြသော်လည်း ဘာသာရေး အရည်အခြင်း ပြည့်ဝသော ၀ိသာခါကြောင့် သူ၏ခင်ပွန်း တမိသားစုလုံး မိမိဘာသာဘက်ပါအောင် စည်းရုံးနိုင်ခဲ့တယ် အားမင်ကိုလည်း ဒီနေ့ကစပြီး ၀ိသာခါလို့ခေါ်မယ် ၀ိသာခါလို စွမ်းရည်ပြည့်အောင် ကြိုးစားပါလို့ တိုက်တွန်းစကား ပြော
ကြားလိုက်ရ၏။
ဘာသာခြားနဲ့ အိမ်ထောင်ပြုသော အမျိုးသမီးတွေ ၀ိသာခါအကြောင်း သိထားသင့်၏ ၀ိသာခါသည် ဓနဉ္စယသူဌေး နှင့်သူဌေးကတော် သုမနဒေ၀ီတို့၏ သမီးဖြစ်၏ အင်္ဂတိုင်း ဘဒ္ဒိယမြို့သူဖြစ်၏ ဘုရင်ဗိဗ္ဗိသာရမင်းကြီး၏ အုပ်ချုပ်ခံတိုင်း ဖြစ်၏ ဗိဗ္ဗိသာရမင်းကြီး၏ သူဌေးကြီးငါးဦးတွင် တယောက်အပါအ၀င်ဖြစ်သော မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်၏ မျိုးရိုး မြင့်မြင့်မှ မွေးဖွားလာသည့်ဝိသာခါဖြစ်၏။
ဝိသာခါ အရွယ်ရောက်လို့ ထိမ်းမြှားလက်ထပ်ရန် လာရောက်တောင်းရန်းသူသည် သာဝတ္ထိ မိဂါရသူဌေး၏သား ပုဏ္ဏ၀ုဎုနဖြစ်၏ မိဂါရသူဌေးမိသားစုသည် တိတ္တိကိုးကွယ်သူ ဘာသာခြားဖြစ်၏ ၀ိသာခါကို လာရောက်တောင်းရမ်း သောပွဲသည် အလွန်ခန်းနားထယ်ဝါလှ၏ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလ ဦးဆောင်ကာ သာဝတ္ထိမှသူဌေးကြီးများ လည်း လိုက်ပါလာ၏ ၀ိသာခါတို့နေသည့် သာကေတမြို့ကို ရောက်သောအခါ ၀ိသာခါဖခင် သမီး ၀ိသာခါအတွက် မဟာလတာတန်ဆာ ပြုလုပ်လုပ်ပေးလိုသည့်အတွက် လေးလနေခဲ့ရ၏ ၀ိသာခါဦးဆောင်သော သာကေတ ပြည်သူများ သည် ဧည့်ဝတ်ကျေပွန်အောင်ဧည့်ခံခဲ့ကြ၏။
မဟာလတာတန်ဆာ ပြီးဆုံးချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်၏ နောက်တနေ့တွင် ဓနဉ္စယသူဌေးကြီးသည်
မိမိ၏သမီး ၀ိသာခါကို ယောက္ခမအိမ်သို့ ထည့်လိုက်ရပေတော့မည် မိမိ၏သမီး လိမ္မာရေးခြားရှိသည်ကို ဖခင်ဖြစ်သူ ဓနဉ္စသူဌေးကြီးသိပါ၏ သို့သော် မိဘတို့ဝတ္တရားအတိုင်း သမီးဝိသာခါကို မိမိအနီးသို့ခေါ်ပြီး ဆုံးမသြ၀ါဒပေးလေ၏
ဓနဉ္စယသူဌေးကြီး သမီးဝိသာခါကို ဆုံးမစကားပြောနေသည်ကို တဖက်ခန်းမှ ယောက္ခမမိဂါရသူဌေးကြီး နားစွင့်ကာ နားထောင်နေ၏။
ဓနဉ္စယ သူဌေးကြီးက သမီး ၀ိသာခါအား အချက် ၁၀-ချက်ဖြင့် ဆုံးမ၏ သူဌေးကြီး၏ ဆုံးမချက်များမှာ ပညာသား ပါလှ၏ စကားဝှက်ပုံစံမျိုးလည်းဖြစ်၏၊ ၀ိသာခါသည် ဖခင်ဆုံးမချက်ကို အပြည့်အ၀နားလည်၏ နာမလည်သူကတော့ မသိမသာ ခိုးနားထောင်နေသူ မိဂါရသူဌေးကြီးဖြစ်၏ ဓနဉ္စယသူဌေးကြီးဆုံးမချက်မှာ အောက်ပါအတိုင်းဖြစ်၏။
၁။အိမ်တွင်းက မီးကို အိမ်ပြင်သို့ မထုတ်ရ။
၂။အိမ်ပြင်က မီးကို အိမ်တွင်းသို့ မသွင်းရ။

Type your summary here.Type the rest of your post here.

No comments: