အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, May 23, 2011

အင်ဒိုနီးရှားခရီးစဉ်(၆)


၃။ပြန်ပေးသူအားသာ ပေးရ၏။
၎။ပြန်မပေးသူအား မပေးရ။
၅။ပြန်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ပေးရ၏။
၆။ချမ်းသာစွာ ထိုင်ရ၏။
၇။ချမ်းသာစွာ စားရ၏။
၈။ချမ်းသာစွာ အိပ်ရ၏။
၉။မီးကို ရိုသေစွာ လုပ်ကျွေးရ၏။
၁၀။အိမ်ဦးနတ်တို့ကို ရှိခိုးရ၏။
ဤအချက် ၁၀-ချက်ကို ဖခင်ဖြစ်သူ ဓနဉ္စယ သူဌေးကြီးမှ သမီးဝိသာခါကိုဆုံးမ၏ ထိုအချက် ၁၀-ချက်ကို မသိမသာ နားထောင်နေသူ မိဂါရသူဌေးကြီးသည် နားမလည်မှု များစွားဖြင့် သံသယစိတ်တွေနဲ့ ဘ၀င်မကျ ဖြစ်မိ၏ တနေ့သော
အခါတွင် ဤ ၁၀-ချက်ကြောင့် ပြဿနာ အကြီးအကြယ်ဖြစ်ပြီး ဘ၀အမြင်မှန်တွေ ရရှိပါလိမ့်မည်။
ဓနဉ္စယ သူဌေးကြီးသည် သမီး ၀ိသာခါအား တနယ်တကျေး ယောက္ခမအိမ်သို့ ထည့်လိုက်ရမည်ဖြစ်ရာ စိတ်မချ နိုင်ဘဲရှိ၏ ထို့ကြောင့် ဓနဉ္စယသူဌေးကြီးသည် ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ ပညာရှိသူဌေးကြီး ရှစ်ဦးတို့ကို ပင့်၍ သမီး
ဝိသာခါအပေါ်၌ အပြစ်တစုံတရာ ဖြစ်ပေါ်ခဲ့ပါလျှင် သူဌေးကြီး ရှစ်ဦးတို့ စီစဉ်ဆုံးဖြတ်ကြပါလို့ အပ်နှံလိုက်လေ၏။
ဓနဉ္စယ သူဌေးကြီးသည် မိဘတာဝန်ကျေပွန်လှပါ၏ သမီး ၀ိသာခါအတွက် ဥစ္စာဓန မျိုးစုံနှင့် ချွေရန် ပရိတ်သတ် များစွာပါ ထည့်ပေးလိုက်၏ ၀ိသာခါ သာဝတ္ထိမြို့ရောက်တော့ လက်ဆောင်ဘဏ္ဍာ ပေးလာသော မိတ်ဆွေများအား တဖန်တုံ့ပြန်၍ လက်ဆောင်ပစ္စည်းဖြင့် ပေးအပ်လေ၏ တဦးနှင့်တဦး အပြန်အလှန်လက်ဆောင်ပစ္စည်းဖြင့် ရင်နှီးကျွမ်း
ဝင်သော မိတ်ဆွေများ ဖြစ်ကြလေ၏။
ဝိသာခါ ယောက္ခမအိမ် ရောက်သောနေ့မှာပင် ညဉ့်နက်ချိန်၌ အာဇာနီမြင်းမသည် သားဖွား၏ အာဇာနီမြင်းမ သား
ဖွားခြင်းသည် ၀ိသာခါအလုပ် မဟုတ်ဆိုတာကို ၀ိသာခါ ယောက္ခမ သူဌေးကြီးက မြင်၏ အများသူငါ ဒီလိုပင် မြင်မည် ဖြစ်၏ သို့သော် ၀ိသာခါသည် ရ-နှစ်သမီးကပင် သောတာပန် ရရှိခဲ့သူဖြစ်၏ သာမန် ပုထုဇဉ် အမြင်နှင့် သောတာပန် အမြင်သည် ဘယ်နည်းနှင့်မှ တူနိုင်မည်မဟုတ်ပေ။
ဝိသာခါ၌ ကြင်နာတတ်သော နှစ်လုံးသားရှိ၏ ကြင်နာတတ်သော နှစ်လုံးသား၏ စေ့ဆော်ချက်အရ နာကျင်မှု ဝေဒ နာခံစားနေရသော အာဇာနီမြင်းမထံ မီးရှုးမီးတိုင်များ ထွန်း၍ ကျွန်မတို့ကိုခေါ်ကာ အာဇာနီ မြင်းမရှိရာ မြင်းဇောင်းသို့ သွားခဲ့၏ အာဇာနီမြင်းမကို ရေနွေးတို့ဖြင့် ပွပ်သပ်ဆေးကြော သုပ်သင်ပြီးလျှင် ဆီတို့ဖြင့် လိမ်းကျံပေး၏ ပြုစုခြင်း ကိစ္စ ပြီးမှ ၀ိသာခါ အိပ်ခန်းသို့ ပြန်ခဲ့၏။
ဤကိစ္စကိုပင် ၀ိသာခါယောက္ခမ မိဂါရသူဌေးကြီးက သဘောမကျပါ မိဂါရသူဌေးသည် သာမန်ပုထုဇဉ်သာဖြစ်သော ကြောင့် ပုထုဇဉ် အမြင်နှင့်သာ မြင်၏ ဤကိစ္စသည် သာမန်အလုပ်သမားတွေ လုပ်ရမည့်အလုပ်ဟု ကရုဏာမပါသော အမြင်နှင့် မြင်၏ ၀ိသာခါသည် သောတာပန်ဖြစ်၏ သောတာပန်သည် သတ္တ၀ါတွေအပေါ် ဗြဟ္မစိုရ်ကရုဏာ အမြင်နှင့် မြင်တော့ ဒုက္ခရောက်နေသူ ဘယ်သတ္တ၀ါမဆို ကရုဏာ စိတ်ဖြစ်ကာ ကူညီချင်သည့် ဆန္ဒတွေ တဖွားဖွား ပေါ်ပေါက် လာခြင်းဖြစ်၏ သောတာပန်နှင့် ပုထုဇဉ် စိတ်ဓါတ်ရေးရာအရ ဤကဲ့သို့ကွာခြားပါ၏။
ယောက္ခမဖြစ်သူ မိဂါရသူဌေးနှင့် ချွေးမဖြစ်သူ ၀ိသာခါတို့သည် အမြင်ခြင်းမတူပါ လူမှုဆက်ဆံရေးနယ်ပယ်၌ တဦး နှင့်တဦး ပေါင်းသင်းဆက်ဆံရာတွင် အချင်းချင်း အမြင်တူဖို့လည်း အရေးကြီး၏ အမြင်ချင်း တူရုံနှင့်လည်း မပြီးသေး အကျင့်ချင်းတူဖို့လည်း လိုပါသေး၏ အမြင်နှင့်အကျင့် ညီတူညီမျှ တူမျှပါမှ စည်းလုံးညီညွတ်မည်ဖြစ်၏ ယ္ခုတော့ မိဂါရ သူဌေးနှင့် ၀ိသာခါတို့သည် အမြင်ချင်းလည်းမတူ အကျင့်ချင်းလည်း မတူသောကြောင့် တနေ့နေ့ တချိန်ချိန်တွင် ဤ ပြဿနာသည် အထွတ်အထိပ်ရောက်လာကာ မညီမျှမှုကို ညီမျှအောင် ဖြေရှင်းပေးမည့်သူ ပေါ်ပေါက်လာပြီးအမြင်နှင့်

Type your summary here.Type the rest of your post here.

No comments: