အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Saturday, May 28, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၀)


ဘုရားနှင့် မတွေ့ဆုံရန် သူဌေးကြီးအား မှာကြားလိုက်၏ သူဌေးကြီးသည် သူ့ဆရာ တိတ္တိတို့ မှာကြားသည့် အတိုင်း
လိုက်ကာ အတွင်းကနေ၍ တရားတော်ကိုနာယူ၏ မြတ်စွာဘုရားသည် သူဌေးကြီး၏ ပါရမီအလျှောက် တရားဒေသနာ
ကို ဟောကြားတော်မူရာ သူဌေးကြီးသည် သစ္စာလေးပါးကို ထိုးထွင်း၍သိပြီး သောတာပန်ဖြစ်သွားလေ၏။
ထို့နောက် သူဌေးကြီးသည် လိုက်ကာကိုမ၍ ချွေးမဖြစ်သူ ၀ိသာခါထံသို့ သွားကာ ၀ိသာခါကို မိမိ၏ မိခင်အရာ၌ ထားပါကြောင်း ပြောကြားလေ၏ ထို့နောက် မြတ်စွာဘုရားကို ရှစ်ခိုးဦးချ၍ သူဌေးကြီးက မိမိ၏ချွေးမကြောင့် သူသည်
အပါယ်လေးပါးမှ လွတ်မြောက်သူ ဖြစ်ရပါပြီဟု လျှောက်ထားလေ၏။
နောက်တနေ့၌ ၀ိသာခါသည် ဘုရားအမှူးရှိသော သံဃာများကို ပင့်၍ ဆွမ်းကပ်ပြန်၏ ဒုတိယအကြိမ်၌ မြတ် ဘုရား တရားဒေသနာ ပြီးဆုံးချိန်ဝယ် သူဌေးကတော်ကြီး သောတာပန် ဖြစ်သွားလေ၏ ထိုအချိန်မှစ၍ မိဂါရသူဌေး ကြီးအိမ်သည် မြတ်စွာဘုရား သာသနာတော်အတွက် ဟင်းလင်းဖွင့်ထားသော တခါးသဖွယ် ဖြစ်လေတော့၏။
မိဂါရသူဌေးကြီးသည် ချွေးမဖြစ်သူ ၀ိသာခါအား များစွာကျေးဇူးတင်၏ မိဂါရသူဌေးကြီးတို့မိသားစုအားလုံး ဗုဒ္ဓဘာ
သာဝင်ဖြစ်ခြင်းသည် ၀ိသာခါဆိုသော ချွေးမ၏ ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းနှင့် တွေ့ဆုံရခြင်းကြောင့်သာ ဖြစ်၏ မိဂါရသူဌေးကြီးတို့ ဇနီးမောင်နှံသည် သောတာပန်များ ဖြစ်သဖြင့် ၇-နှစ်ဘ၀သာ သံသရာ၌ ကျင်လည်ရမည် ဖြစ်၏ ခုနှစ်ဘ၀၏ ထိုမှာဘက်၌ ဒုက္ခအားလုံးတို့၏ ချုပ်ငြမ်းရာ နိဗ္ဗာန်ချမ်းသာသည်ရှိ၏ သောတာပန်ဘ၀နှင့် ယ္ခုပင် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနေပြီဖြစ်၏။
ဤချမ်းသာကား ချွေးမဖြစ်သူ ၀ိသာခါကို အကြောင်းပြု၍ ရအပ်သောချမ်းသာဖြစ်၏ ထို့ကြောင့် သူဌေးကြီးသည် မိမိ၏ ချွေးမ ၀ိသာခါကို မိခင်အရာ၌ထားပြီး မိမိ၏ မိခင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်၏ အမှန်အားဖြင့်လည်း ချွေးမ၏ ကျေးဇူးသည် အနန္တဖြစ်လေသောအခါ ကျေးဇူးရှုထောင့်မှကြည့်လျှင် မိခင်၏ အမည်ကိုရထိုက်ပါ၏။
ယ္ခုခေတ် ဘာသားခြားနှင့် အိမ်ထောင်ပြုကြသော အမျိုးသမီးများသည် ၀ိသာခါကိုအားကျသင့်၏ ၀ိသာခါ၏ စွမ်း ရည်မျိုး ၀ိသာခါ၏ အရည်အချင်းမျိုး ၀ိသာခါ၏ လိမ္မာပါးနပ်မှုမျိုးတွေ ပိုင်ဆိုင်နိုင်အောင် ကျိုးစားပြီး မိမိ မိသားစုကိုမှန် ကန်သော ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် စွမ်းဆောင်နိုင်သင့်၏ ဤ၀ိသာခါ ဇာတ်လမ်းကို အားမင်(ခေါ်)ခေတ်သစ် ၀ိသာခါကို အကြောင်းပြုပြီး ရေးသားလိုက်ခြင်းဖြစ်၏ ဇင်မာဝင်း တယောက် ၀ိသာခါကို ရှင်းပြနိုင်ပါစေ။
ဘုန်းကြီးတို့စီးလာသောကားသည် ၁၁-နာရီဝန်းကျင်တွင် ဂျကာတာမြို့ အဆင့်မြင့်မြင့် စားသောက်ဆိုင် တခုသို့ ရောက်ရှိလာ၏ ဂျကာတာသည် ငွေလမ်းခင်းပြီး လှည့်လည်ရသောမြို့ဖြစ်၏ ကားကွေ့ဖို့ လာသောကားကို လက်တား ပေးလျှင်လဲ ပိုက်ဆံပေးတာတွေ့ရ၏ ကားပါးကင်ရှာပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ကားမှအဆင်း ထီးလာမိုး ပေးသူကိုလည်း ပိုက်ဆံပေးတာတွေ့ရ၏ ပေးသူနှင့် ယူသူ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ပေးယူနေတာကိုတွေ့မြင်ရ၏
အင်ဒိုနီးရှားတွေ လုပ်စားတာ မြန်မာတွေထက် သာနေတာတွေ့ရ၏။
ဆွမ်းဦးလှူတာ - ၀ိသာခါ။
အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ဆွမ်းဦးကို အားမင်ခေါ် ၀ိသာခါမှ ကပ်လှူခြင်းဖြစ်၏ စားသောက်ဆိုင်က အဆင့်မြင့်
မြင့်ဆိုတော့ ချက်ပြုတ်ထားတာတွေလဲ ကောင်းမွန်ပါ၏ တရုပ်စာ ကြိုက်သလားလို့ ကားပေါ်တွင် အားမင်ကမေး၏ နှစ်
သက်ကြောင်းပြောလိုက်လို့ ယ္ခု တရုပ်စားသောက်ဆိုင်ကို ပင့်လာခြင်းဖြစ်၏ အားမင်သည် ဘုန်းကြီးတို့နှစ်ပါးကို ကိုယ် တိုင်ကပ်လှူ၏ ဆွမ်းအမ ၀ိသာခါ ခေါ် အားမင်သည် ပထမဆုံး ဆွမ်းကပ်ရလို့ အတော်ပျှော်ရွှင်နေပုံရ၏။
ဆွမ်းတန်ဖိုး ဘယ်လောက်ကြသလဲလို့ မေးကြည့်တော့ ဇင်မာဝင်းမှ ဘုန်းဘုန်းတို့ မသိချင်ပါနဲ့ဘုရားဟု လျှောက်
ထား၏ တော်တော်ကြာ ဘုန်းကြီးတို့ရေးတဲ့ စာအုပ်ထဲ ပါလာမှာစိုးလို့ဟု ပြန်ပြော၏ ဘုန်းကြီးအထင်တော့ ဤလို ဆွမ်း တ၀ိုင်းဆိုလျှင် နှစ်သိန်းခွဲ သုံးသိန်းလောက်ကြမည်ထင်၏ စားသောက်ဆိုင်ရောက်ပြီးဆွမ်းစားကာမှ ကိုရွှေမိုးက ဘယ် အငြိုးနဲ့မသိ အကြီးအကြယ်ရွာပါတော့၏ ဇင်မာဝင်းက ဘုန်းဘုန်းတို့ မလေးရှားကနေ မိုးပါခေါ်လာတာကိုးဟု ရီစရာ ပြော၏။

Type your summary here.Type the rest of your post here.

No comments: