အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, May 29, 2011

အင်ဒိုနီးရှားခရီးစဉ်(၁၁)


ပြောစရာဖြစ်လောက်အောင်လဲဖြစ်နေ၏ မိုးကောင်းကင် ကြည့်ပြန်တော့လဲ တမိုးလုံး အုံ့မှိုင်းနေ၏ ဂျကာတာမြို့
ကို လှည့်လည်ကြည့်ရှုသောနေ့သည် ကိုရွှေမိုးက အဖေါ်အဖြစ်လိုက်ပါလာမှာသေချာနေ၏ ဆွမ်းစားပြီးသောအခါ မိုးရွာ ထဲမှာဘဲ ဂျကာတာမြို့လယ်ကောင် မိုးနတ်မျှော်စင်ရှိရာသို့ ထွက်ခွါလာခဲ့၏ မိုးသိပ်ရွာနေတော့ မြို့ရှုခင်းကိုတော့ မပီဝိုးတ ၀ါးနဲ့ဘဲ ကြည့်ရှုရပါ၏ ထင်ထင်ရှားရှားတော့ မမြင်တွေ့ရပါ မိုးနတ်မျှော်စင်ရှိရာ မြို့လယ်ကောင် ရောက်လာတော့ ကား
ထားရာပါကင်၌ ကားရပ်ချိန်တွင် ထီးကလေးတွေကိုစီဖြင့် ကြိုဆိုနေတာတွေ့ရ၏။
ဘုန်းကြီးအမြင်တော့ အတော်ဧည့်ဝတ်ကျေပြီး ၀န်ဆောင်မှုကောင်းတဲ့ အင်ဒိုနီးရှားနိုင်ငံဘဲဟု ထင်မြင်မိလိုက်၏ သို့သော် ဘုန်းကြီးအထင်သည် တက်တက်စဉ်အောင်လွဲနေ၏ ၀န်ဆောင်မှုကောင်းခြင်းမဟုတ် ထီးဆောင်းပေးပြီး ပိုက် ဆံတောင်းခြင်းဖြစ်၏ အင်ဒိုနီးရှားတွေ ပိုက်ဆံရှာတာ မြန်မာပြည်သားတွေနဲ့ သာတယ်ဟ ဟု စိတ်ထဲမှာ ပြုံးမိ၏ ထီးတ လက်ရှိလျှင် လုပ်စားလို့ရသော အင်ဒိုနီးရှားပါပေ။
ဂျကာတာမှ-မိုးနတ်မျော်စဉ်။
ထီးဆောင်းပေးပြီး မိုးနတ်မျှော်စင်ရှိသည့်နေရာကို ထွက်ခွါမည့်ရထားထံ လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်၏ ထီးတော် မိုးပေးတာကို ဘ၀င်မြင့်နေတဲ့လူစားတွေ အင်ဒိုနီးရှားရောက်ရင်တော့ သင်္ခန်းစာလှလှ ရမည်မှတ် ရထားနဲ့တဆင့် မိုးနတ်
မျှော်စင်ရှိရာကို သွားရခြင်းဖြစ်၏ နီးနီးလေးကို ရထားနဲ့ပတ်ပြီး ကြည့်ရှုရန် စီစဉ်ထားခြင်းဖြစ်၏ အင်ဒိုနီးရှားတွေ သူတို့
မျှော်စင်ကို တန်ဘိုးရှိအောင်လုပ်ထားခြင်းဖြစ်၏။
ရထားမှဆင်းပြီး မျှော်စင်ကုန်းပေါ်ကို တိုက်ရိုက်သွားလို့မရပါ လမ်းတဖက်ကမ်း မြေအောက် လှိုင်လမ်းမှ တဆင့်သွား
ရ၏ အလကားတော့မရပါ မြေအောက်လှိုင်ဖြတ်ခ လက်မှတ်ဝယ်ရပြန်၏ အဆင့်ဆင့် ပိုက်ဆံတောင်းတတ်သော အင်ဒို နီးရှားတွေ ချီးမွမ်းစရာပါ မိုးနတ်မျှော်စင်ပေါ်တက်ရန် လက်မှတ်တခါဖြတ်ရပြန်၏ ငွေလမ်းခင်းပြီးသွားရသော အင်ဒိုနီး ရှားဖြစ်၏ မိုးနတ်မျှော်စင်တာဝါသည် မလေးရှားတာဝါတွေလောက် အဆင့်မြင့်တာမတွေ့ရပါ သန့်ရှင်းမှုလဲ မလေးရှားကို အင်ဒိုနီးရှားလိုက်မမှီပါ လူဦးရေများတော့လဲ ကွာဟချက်ရှိတာပေါ့လေ။
မိုးနတ်မျှော်စဉ်သည် ဂျကာတာမြို့ အလည်ကောင်တည့်တည့်တွင် တည်ထားခြင်းဖြစ်၏ မိုးနတ်မျှော်စင်မှတဆင့် ဂျကာတာမြို့၏ အရှေ့ အနောက် တောင် မြောက်ကိုခွဲထားသည်ဟုဆို၏ မျှော်စင်ပေါ်မှ ဂျာကာတာမြို့တော်၏ တိုက်တာ
အဆောက်အဦးတွေကို လှလှပပ တွေ့မြင်ရ၏ သမ္မတအိမ်တော်လဲ မျှော်စင်နားတွင်တွေ့မြင်ရ၏ ရှုခင်းတွေကို အမှတ်တ ရ ဓါတ်ပုံရိုက်ယူ၏ မိုးအုံ့နေတာနဲ့ ဓါတ်ပုံရိုက်ရတာအစဉ်မပြေပါ အင်ဒိုနီးရှားသူလေးတွေလဲ ဘုန်းကြီးတို့နှင့် ဓါတ်ပုံတွဲ ရိုက်ရန် ခွင့်တောင်းလာတာနှင့် ရိုက်ခွင့်ပေးလိုက်၏။
အင်ဒိုနီးရှားတွေ ဘုန်းကြီးတို့ သင်္ကန်းရုံထားပုံကို စိတ်ဝင်တစား ကြည့်ရှုတာတွေ့ရ၏ ဘုန်းကြီးတွေကို တခါမှ မတွေ့ ဘူးသော အင်ဒိုနီးရှားတယောက်က ဘုန်းကြီးတွေ သင်္ကန်းရုံထားတာကိုကြည့်ပြီး နားလည်သူ စကားပြန်ကို တိုးတိုး တိတ်မေးတဲ့ စကားကတော့ အတော်ရီစရာကောင်းလှ၏ သူဘယ်လိုမေးသလဲဆိုတော့ ဒီလောက်တောင် အ၀တ်တွေ ပတ်ထားတာ သူအတော်ဖျားနေလို့လားတဲ့ ကဲပရိတ်သတ်ရေ ခံစားချင်သလိုသာ ခံစားလိုက်ပါတော့ ဘုန်းကြီးတို့လည်း အင်ဒိုနီးရှားတွေ ဘုန်းကြီးတို့ကို ကြည့်ပြီး ပြုံးစိစိလုပ်သွားရင် ခုန မေးခွန်းသတိရပြီး ကိုယ်လဲ ပြုံးစိစိ ပြန်ဖြစ်သွားတယ်
ဒါပေမဲ့ အပြုံး အပြုံးချင်းတုံ့ပြန်လိုက်လို့ သိပ်မဆိုးပေမဲ့ ပြုံးပုံ အဓိပ္ပါယ်ခြင်းကတော့ တူခြင်မှ တူမှာပေါ့လေ။
ဝန်ထမ်းတဦးမှ ဘုန်းကြီးတို့အုပ်စုအား မိုးနတ်မျှော်စင်အကြောင်း လိုက်လံရှင်းပြ၏ ပထမတော့ နိုင်ငံခြားသားတွေ ကို လိုက်လံရှင်းပြသည်ဟု ထင်မိခဲ့၏ သို့သော် သူကိုလည်း လိုက်လံရှင်းပြခ ပိုက်ဆံပေးလိုက်တာ တွေ့ရမှ အင်ဒိုနီးရှား တွင် အလကား ဘာမှမရဘူးဆိုတာ သဘောပေါက်သွား၏။
မျှော်စဉ်မှအပြန် ဂျကာတာမြို့ကို ကားဖြင့်လိုက်လံပြသ၏ မိုးတွေရွာနေတော့ မပီမပြင် ၀ိုးတ၀ါးသာ ကြည့်ရှုခဲ့ရပါ၏
ဂျကာတာမြို့သည် မြို့လမ်းအလယ်ကောင်တွင် ရေမြောင်းရှိပြီး ရေမြောင်းတဖက်စီမှ ကားလမ်းထားခြင်းဖြစ်၏ ဒတ်(ခ်ျ) ကိုလိုနီတွေ အုပ်ချုပ်ခဲ့ပြီး သူတို့တည်ဆောက်ခဲ့သော မြို့တော်အစိတ်အပိုင်းများ၏ လမ်းအလယ်ကောင်တွင် ရေမြောင်း

Type your summary here.Type the rest of your post here.

No comments: