အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, June 8, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၀)


ဗုဒ္ဓဘာသာဆိုသည်မှာလည်း ထေရ၀ါဒ မဟာယာနနှင့် ၀ဇိရာယနစသော ဂိုဏ်းများစွာ၏ ကျောက်ထွင်း ပန်းချီကားများ ကို တနေရာတည်းမှာ စုပေါင်းထားတာကို တွေ့မြင်ရမှာဖြစ်၏ ထေရ၀ါဒ ကျောက်ထွင်း ပန်းချီကားများကို တွေ့နိုင်သလို
မဟာယာန ၀ဇီရာယာန ကျောက်ထွင်းပန်းချီကားတွေကိုလည်းတွေ့မြင်ရမှာဖြစ်၏။
ထေရ၀ါဒ ကိုယ်းကွယ်သူတွေက မဟာယာန အကြောင်းတွေပါလာလျှင် ဒို့ဘာသာနှင့် မတူဘူးဟု မထင်မိစေဖို့နဲ့ မဟာယာန ၀ဇိရာယာန ကိုယ်းကွယ်သူတွေကလည်း ထေရ၀ါဒအကြောင်းတွေပါလာလျှင် ဒို့ဘာသာနှင့် မတူပါလားဟု ယုံမှားသံသယ မဖြစ်စေဖို့ ကြိုတင်တင်ပြခြင်းဖြစ်၏ ထေရ၀ါဒလည်း ဗုဒ္ဓဘာသာ မဟာယာနနှင့် ၀ဇိရာယာနလည်း ဗုဒ္ဓ ဘာသာဘဲဟု ငါတို့ညီနောင်ဆွေမျိုးရင်းချာ ဗုဒ္ဓဘာသာဝင်တွေဘဲဟု အမြင်မြင်ကြယ်ကြယ်နှင့် ခံယူတတ်ဖို့ အရေးကြီး ပါ၏ သို့မဟုတ် ငါမှန် သူမှန်ဟု ကွဲပြားပြီး အခြင်းများနေမယ်ဆိုလျှင် ကမ္ဘာမှာ ဗုဒ္ဓဘာသာအင်အားသည် တဖြေးဖြေး ပို
သေးလာဖို့သာရှိပါ၏။
ယ္ခုလက်ရှိ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေသည် တခြားဘာသာတွေထက် အရေအတွက်နဲကာ စတုတ္ထအဆင့်နေရာသို့ ရောက်နေပါ၏ ဗုဒ္ဓဘာသာအခြင်းခြင်း ညီညွတ်မှုမရှိဘဲ ကွဲပြားနေမယ်ဆိုလျှင် ဒါထက်ပိုနဲလာဖို့သာရှိ၏ ဗောရောဗုဓော စေတီတော်ကြီးက ဗုဒ္ဓဘာသာဝင် အခြင်းခြင်းညီညွတ်ဖို့အတွက် ရှေးသူတော်ကောင်းကြီးတွေ စီစဉ်ထားခဲ့ပုံရ၏ ဗုဒ္ဓဘာ သာဝင်တွေ ဂိုဏ်းအသီးသီး ၀ါဒအသီးသီး အကျင့်ပိုင်းဆိုင်ရာတွေ အသီးသီး ကွဲပြားသော်လည်း ဗုဒ္ဓဘာသာဆိုသည့် ခေါင်းစီးတခုထည်းအောက်မှာ ညီညွတ်စွာရပ်တည်ဖို့ ဗောရောဗုဓော စေတီတော်ကြီးက မပြောသော်လည်း ပြောသကဲ့ သို့ ကျောက်ထွင်းပန်းချီကားတွေက သက်သေခံလျှက်ရှိပါ၏။
ထေရ၀ါဒအမြင်-ဗောရောဗုဓောစေတီတော်။
စေတီတော်ကြီး၏ ပလ္လင်တော် (သို့) ဖနပ်တော်မှ ရေတွက်လျှင် ပတ်ပတ်လည်သွားနိုင်သော အဆင့် ၉-ဆင့်ရှိ၏ အဆင့်တိုင်းတွင် ပတ်၍လှည့်လည် ကြည့်ရှုနိုင်သော လမ်းရှိ၏၊ ဖိနပ်တော်(သို့) ပလ္လင်တော် ပထမဆင့်နှင့် ဒုတိယဆင့် တွင် အတားအဆီး ၀ရံတာမရှိပါ တတိယဆင့် စတုတ္ထဆင့် ပဉ္စမဆင့် ဆဋ္ဌမဆင့် သတ္တမဆင့် ပေါင်းငါးဆင့်တွင် အတား အဆီး ၀ရံတာရှိ၏ ၀ရံတာ၏ အထက်တွင် ဘုရားကျောင်းဆောင်လေးများရှိပြီး၊ အဆောင်တိုင်းတွင် လူတကိုယ်စာမျှ ကြီးသော တင်ပလ္လင်ခွေပုံ ကျောက်ဆင်းတု ရုပ်ပွားတော် တစ်ဆူစီရှိ၏၊၊
ထိုဆင်းတုတော်များမှာ တမျက်နှာတွင် (၁၀၈) ဆူရှိ၏ လေးမျက်နှာပေါင်းလျင် (၄၃၂) ဆူဖြစ်၏ ရာသီဥတု ဒါဏ် ရာဒဏ်ချက် ဘာသာရေး ဒဏ်ရာဒဏ်ချက်တွေကြောင့် ဦးခေါင်းမရှိသော ဆင်းတုတော်တွေ လက်တော်တွေ မရှိသော ဆင်းတုတော်တွေကို ၀မ်းနည်းဖွယ် တွေ့မြင်ရမည်ဖြစ်၏ သမိုင်းယဉ်ကျေးမှုကို တန်ဘိုးထားရမှန်း မသိသော အစွန်း ရောက်ပုဂ္ဂိုလ်တွေ၏ လက်ချက်ဖြစ်နိုင်သလို သဘာဝရာသီဥတု၏ ဘေးဒဏ်လည်းဖြစ်နိုင်ပါ၏။
အရှေ့မျက်နှာမှဖူးမျှော်ရပုံ
အရှေ့ဘက်မျက်နှာမှ စေတီတော်ကြီးကို သေသေချာချာ သတိထားကြည့်ရှု ဖူးမယ်ဆိုလျှင် အဆင့်ငါးဆင့်ရှိ ၀ရံတာ အထက်တွင် တင်ပြင်ခွေ ဆင်းတုတော်များကို ကျောင်းဆောင်တွေထဲတွင် ကြည်ညိုဖွယ် တွေ့မြင်ရမည်ဖြစ်၏ သေသေ ချာချာ ဂရုစိုက်သတိထားပြီး ကြည့်ရှုမှသာလျှင် ဆင်းတုတော်အားလုံးသည် တင်ပလ္လင်ခွေ ထိုင်နေသည့် ပုံတော်ဖြစ်၏ ဘယ်ဘက် လက်ဖ၀ါးကို လှန်ပြီး တင်ပလ္လင်ခွေပေါ် တင်ထားတော်မူ၏ ညာဘက်လက်ဝါးကို ညာဘက်ဒူးတော်ပေါ်၌ မှောက်လျက် တင်ထားသည့်ပုံများ ဖြစ်၏၊ လက်ချောင်းတော်အနေအထားမှာ အောက်သို့စိုက်နေပါ၏ ဗုဒ္ဓရုပ်ပွားတော် မုဒြာ ထဲတွင် ‘ဘူမိဖဿ မုဒြာ’ဟု ခေါ်ဆိုပါ၏၊ မဟာပထ၀ီ မြေကြီးကိုသက်သေတည်၍ မာနတ်သားတည်းဟူသော ရန် သူကြီးကိုအောင်သည့် အဓိဋ္ဌာန်ဖြင့် ထုဆစ်ကိုးကွယ်ထားသောပုံတော်ဖြစ်၏။
မုဒြ ဆိုတာ ပါဠိစကားဖြစ်၏ မုဒြ ရဲ့ အဓိပ္ပါယ်ကတော့ လက်ချောင်းများဟုဆို၏ ရှင်တော်မြတ်ဘုရား၏ လက်တော် အနေအတား လက်ဟန်ပန်ပုံစံ ခြေတော်အနေအထား ခြေဟန်ပန်ပုံစံတို့ကို မုဒြ လို့ခေါ်ပါတယ် ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီ လေးမျိုးတွင် ဥဒ္ဒိဿစေတီခေါ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၏ လက်တော်အနေ အ

Type your summary here.Type the rest of your post here.

No comments: