ပုံသဏ္ဍာန်မှာ အလယ်ဗဟိုရှိ ခေါင်းလောင်းပုံ စေတီတော်ကြီးကို ၀ိုင်းရံကာ တည်ထားခြင်းဖြစ်၏။
ဗောရောဗုဓောစေတီတော်ကြီး၏ မူလအမြင့်မှာ ၄၂-မီတာရှိ၏ သို့သော် သဘာဝဘေးဒဏ်များဖြစ်သော မိုကြိုးပစ်
ခြင်း ငလျှင်ဒဏ်များ အကြိမ်ကြိမ်ခံရပြီးနောက် ယ္ခုအခါ ၃၅.၂၉-မီတာသို့ လျှောကြသွား၏ ဧရိယာ အကျယ်အ၀န်းမှာ ၁၄,၁၆၅ -စတုရန်းမီတာရှိ၍ အနံမှာ ၁၂၀-မီတာရှိ၏ မီးတောင်ကျောက်တုံး ၂,၀၀၀,၀၀၀(သိန်း-၂၀)ထက်မနည်း အသုံး ပြုထားပြီး စုစုပေါင်း အဆောက်အဦးထုထယ် ၅၅,၀၀၀ (၅-သောင်း ၅-ထောင်) ကုဗစင်တီမီတာရှိ၏။ ဗောရောဗုဓော သည် ၃,၅၀၀,၀၀၀ (၃-သန်း- ၅-သိန်း) တန် အလေးချိန်ရှိပြီး ဘုရားပေါ်တွင် လေ့လာလယ်ပတ်သူ ၅,၀၀၀ အထက်၏
အလေးချိန်ကို ခံနိုင်ရည်ရှိသညိဟု ခန့်မှန်းရ၏။
Borobudur, ဗောရောဗုဓော စကားလုံးသည် Vihara, ၀ိဟာရ နှင့် Beduhur, ဗဒုဟာ ဟုဆိုသည့် သီးခြားစကားလုံး
နှစ်ခုမှဆင်းသက်လာနိုင်ဖွယ်ရှိသည် Vihara, ၀ိဟာရ သည် bihara, ဗီဟာရ ဖြစ်လာပြီး ရှုပ်ထွေးသော အဆောက်အဦး
များ (သို့) များပြားသော လူများအတွက် ကြီးမားသော အိပ်ခန်းဟု အဓိပ္ပါယ်ရှိ၏ beduhur, ဗဒုဟာ သည် budur, ဗုဒါ ဟု နောက်ဆုံးဖြစ်လာခဲ့ပြီး မြင့်တက်နေသောလွင်ပြင် (သို့) တောင်ကုန်းပေါ်မှ နေရာတခုဟု အဓိပ္ပါယ်ရ၏ ထိုစကားနှစ် လုံးကို ပေါင်းလိုက်သောအခါ Borobudur တောင်ပေါ်က ဘုရားကျောင်းတော်ကြီး (သို့) တောင်ပေါ်ကစေတီတော်ကြီး ဟု အဓိပ္ပါယ်ရ၏။
သို့သော်ငြားလည်း ဗောရောဗုဓော စကားလုံး၏ တိကျသော မူလဇစ်မြစ်သည် ကျွမ်းကျင်သော ပညာရှင်များအကြား အငြင်းပွားမှုတခုအဖြစ် ရှိနေဆဲဖြစ်၏ တချို့ပညာရှင်တွေသည် ဗောရောဗုဓော ဟူသောအမည်မှာ ၀ိဟာရ ဗုဒ္ဓေါ မှ ဆင်းသက်လာသည်ဟု ဘာသာဗေဒပညာရှင်တို့က ဆိုကြ၏၊ ‘မြတ်စွာဘုရား ကျောင်းတော်’ဟု ဆိုလိုဟန်ရှိသည် ဗုဒူးရွာတွင် တည်ရှိသောကြောင့် ဗောရောဗုဓော ဟုခေါ်သည် ဟုလည်းဆိုကြ၏၊
စေတီတော်ကြီး၏ အောက်ခြေမှ ဖိနပ်တော်သည် (၃၉၄)ပေ၊ အလျား အနံစီရှိသည်၊ အမြင့်ပေ (၁၃၈) ပေ မြင့်သည် ဟု ဆိုထားကြ၏ ၊ ဖိနပ်တော်အထက်တွင် အဆင့်လေးဆင့်ရှိ၍၊ ၀ရံတာ အကာအရံရှိပါသည် စေတီတော်ကြီးကို cubic meter 55000 volcanic stones များဖြင့် တည်ဆောက်ထားသည်ဟု သိရပါသည် နှစ်ပေါင်း(၇၀)ကျော်ကြာ တည်ဆောက်ရ သည်ဟုလည်း စေတီတော် အတ္ထုပ္ပတ္တိစာတမ်းများက ဆိုပါ၏၊၊
ယ္ခု ခေတ် ပညာရှင်တို့၏ အမြင်ကတော့ တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်လုံးသို့ အာဏာစက်ဖြန့် ကြက်ခဲ့သော အသောကခေတ်တွင် အရှေ့ တောင်အာရှနယ်မြေ (မြန်မာအရှေ့တောင်ပိုင်း၊ ထိုင်းအနောက်တောင်ပိုင်း၊ မလေးကျွန်းစု၊ ဆုမတြာကျွန်းစု) တစ်ခုလုံး ကို သုဝဏ္ဏဘူမိ-ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ဤရွှေမြေ၌ အသောက၏ ဓမ္မဒူတ အဖွဲ့များ ရောက်ခဲ့ဖူးသည်။ A.D. 8 ရာစု ခန့်တွင် သေလိန္ဒရမင်းတို့တည်ဆောက်ခဲ့သော ၀ရဗုဒ္ဓစေတီတော်ကြီး(သို့) ၀ိဟာရဗုဒ္ဓစေတီတော်ကြီး ဗောရောဗုဓော (Borobudur) ဟု ပညာရှင်တချို့က ဆိုကြပြန်၏။
အင်ဒိုနီးရှားဗောရောဗုဓောစာအုပ်တွင် ဗောရောဗုဓော စသည့်အချိန် ကြာသည့်အချိန်နှင့် တည်ထားသူကို မှတ်တမ်း
တင်ထားခြင်းမရှိပါ ဗောရောဗုဓောကဲ့သို့ အလားတူ(ပုံစံတူ) အခြားဘုရားကျောင်များ ဥပမာ Sari (ဆရီ) Kalasan (ကလဆန်) Sewu (စီဝု) နှင့် Plaosan (ပလေအိုဆန်) ဘုရားကျောင်းများကို အေဒီ ၇၇၈-မှ-အေဒီ ၇၈၂-နှစ်များတွင် တည်ဆောက်ခဲ့သည်ဟု ကျောက်တိုင်များတွင် ရေးသားဖေါ်ပြခဲ့၏။
အမှန်တော့ ဗောရောဗုဓော-၏ ခြေတော်ရင်း၌ ပြည့်နှက်စွာ ထွင်းထားသော ဒီဇိုင်းများပေါ်တွင် ရှေးကျသော ဂျာဗား အရေးအသားရှိ၏ သို့သော်လည်း ထိုအရေးအသားသည် Pallawa (ပါလာဝ) မှ (၇-ရာစုနှင့် ၁၀-ရာစု အစော ပိုင်းမှ စတင် ဖွံ့ဖြိုးလာသော) ဂျာဗားစာသို့ ဆင်းသက်ကူးပြောင်းလာခြင်းဖြစ်၏။
အေဒီ-၇၃၂-တွင် Cailendra (သေလိန္ဒရ) မင်းဆက် ဗုဒ္ဓဘာသာဝင်ဘုရင်များ၏ အမည်နာမကို စားရင်းသွင်း မှတ် တမ်းတင်ထား၏ ထိုအချိန်ကာလတွင်လည်း Sanjaya (ဆန်ဂျာရာ) မင်းဆက် ဟင်ဒူ (Hindu) ဘုရင်အုပ်ချုပ်မှုသည် လည်း အောင်မြင်သောအချိန်ဖြစ်၏ ထူးခြားသောအချက်သည် Borobudur (ဗောရောဗုဓော) Mendu (မန်ဒု) နှင့်
Type your summary here.Type the rest of your post here.
No comments:
Post a Comment