အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, June 16, 2011

အင်ဒိုနီးရှားခရီးစဉ်(၂၇)


ကျောက်ထီးတော်ကြီးဖြင့် ကြည်ညိုဖွယ်ဖြစ်၏ ကြယ်အပေါင်းခြံရံလျှက် ထိန်ထိန်လင်းနေသည် လမင်းကြီးလို စေတီငယ် တွေခြံရံလျှက် အလယ်ဗဟိုဠ်စေတီကြီးကို အံ့ချီးဖွယ် ဖူးမြင်ရမည်ဖြစ်ပါ၏။
ဗောရောဗုဓော၏ ပစ္စယံအာလုံးတွင် ဘုရားဖူးဧည့်သည်များ ဘုရားဝတ်ပြုရန်အတွက် နေရာသီးသန့်မရှိပါ ထိုအချက်
သည် အခြားစေတီဘုရားများနှင့် မတူသောအချက်ဖြစ်၏ စေတီတော်ကြီး၏ ပစ္စယံ ပတ်လမ်းအားလုံးသည် စေတီပေါ် သို့တက်ရောက်ရန် အရှေ့ဘက်တက်လမ်း တောင်ဘက်တက်လမ်း အနောက်ဘက်တက်လမ်း မြောက်ဘက်တက်လမ်း လမ်း ၄-သွယ်နှင့် ဆက်သွယ်ထား၏ ကြိုက်ရာလမ်းမှ တက်ပြီး စေတီပေါ်သို့ တက်ရောက် ဖူးမြင်နိုင်၏ စေတီတော်နံရံ များပေါ်ရှိ ဗုဒ္ဓ၀င် ပန်ချီသရုပ်ဖေါ် ကျောက်ထွင်း ရုပ်လုံးရုပ်ကြွများကိုလည်း အံ့သြဖွယ် ဖူးမြင်ရမည်ဖြစ်၏။
နှစ်ပေါင်း(၁၀၀၀)ကျော်က ကျောက်ထွင်း ပန်းချီကားချက်များမှာ ယနေ့တိုင် ပီပီသသရှိနေဆဲ ဖြစ်၏ ဘုရားအလောင်း တော် နိမိတ်ကြီးလေးပါးမြင်ပုံ၊ တောထွက်ပုံ၊ ဆန္ဒအမတ်ကို မြင်းနှင့်အတူ နေပြည်တော်သို့ပြန်လွှတ်ပုံ၊ ဘုရားအလောင်း တော်အား ဗြဟ္မာမင်းက သင်္ကန်းဆက်ကပ်နေပုံများကို နောက်ဘက်မျက်နှာတွင် တွေ့ရ၏၊၊ ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရား ဟောနေပုံကို အရှေ့ဘက်မျက်နှာတွင်တွေ့နိုင်၏၊ ဇာတ်ကားပန်းချီကားချပ်ပေါင်း(၂၁၄၁) ရှိသည်ဟုဆိုပါ၏ ထိုကျောက် ထွင်း ပန်းချီကားချပ်များကို တချပ်ခြင်းဆက်လျက် စီတန်းထားမည်ဆိုလျင် (၃)မိုင်ခန့်မျှရှိမည်ဟု ဆိုပါ၏၊၊
ဗောရောဗုဓော စေတီတော်ကြီးကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ၏ ယူဆ တွေးခေါ် မျှော်မြင် ကြည်ညိုမိခြင်း ဖြစ်၏ တကယ်တော့ ဗောရောဗုဓောသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ပိုပြီးနီးစပ်၏ မဟာယာန ဗုဒ္ဓဘာသာ၏ တင်ပြချက်တွေ က ပိုပြီး ခိုင်လုံ တိကျတာ တွေ့ရ၏ ဗောရောဗုဓောသည် မဟာယာနနှင့် ပိုပတ်သက်၏ ဘာဘဲဖြစ်ပါစေ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော စေတီတဆူဆိုတာတော့ ထေရ၀ါဒကော မဟာယာနရော ကြည်ညိုကိုယ်းကွယ် လက္ခံရမှာဖြစ်၏။
မဟာယာန ဗုဒ္ဓဘာသာ၏ ဗောရောဗုဓော စေတီတော်ကြီးအပေါ် တင်ပြချက်တွေကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ အမြင်ကြယ်ကြယ်နှင့် လေ့လာမှတ်သားရမည်ဖြစ်၏ ငါတို့နှင့်မဆိုင်ဘူးဟု အမြင်ကျဉ်းသည့်အစွဲဖြင့် မလေ့လာ မဖတ်ရှု ဘူးဆိုလျှင် တခေတ်နောက်ကြသွားနိုင်၏ ထေရ၀ါဒနှင့် မဟာယာန စတင်ကွဲပြားလာပုံကို စာရှုသူတို့ လေ့လာကြည့်ကြ ပါစို့။
ပထမသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး သုဘဒ္ဒမည်သော ရဟန်းကြီးမှ ငါ့ရှင်တို့ ငါတို့ကို သိက္ခာပုဒ်တွေဖြင့် ချုပ်ချယ် ထားသော ရဟန်းဂေါတမ မရှိပြီ ယ္ခုငါတို့ ရဟန်းဂေါတမ၏ ချုပ်ချယ်မှုမှ လွတ်ကြပြီဟု ပြောစကားကို ထောက်၍ အရှင် မဟာကဿပ ဦးဆောင်၍ အဇာတသတ်မင်း ဒကာပြုလုပ်ကာ ဘုရားဒေသနာတော်ကို နှုတ်ပယ်ဖြည့်စွက် ပြင်ဆင်ခြင်း မပြုရန် မူသတ်မှတ်လျှက် ရာဇဂြိုလ်ပြည် ဝေဘာရတောင်ယံ သတ္တပါဏိ လှိုဏ်ဂူတွင် ပထမသင်္ဂါယနာ တင်ခဲ့၏
မဟာယာန စာပေမှာလည်း ပထမသင်္ဂါယနာကို ရာဇဂြိုလ်မှာဘဲ သင်္ဂါယနာတင်ခဲ့သည် ဆိုသောကြောင့် ပထမ သင်္ဂါယနာ တင်ချိန်သည် ဂိုဏ်းတွေမကွဲသေးဘဲ ဗုဒ္ဓဘာသာဟူသော ခေါင်းစီးတခု အောက်မှာသာ တစုတစည်းတည်းရှိ သည်ဆိုတာ ထင်ရှား၏ သို့သော် ဒေ၀ဒတ်၏ဂိုဏ်းသားများသည် မထေရ်ကြီးတွေ အားကောင်းလွန်းတာနှင့် အားမတန် လို့ မာန်လျှော့ထားပုံရ၏ ဒုတိယသင်္ဂါယနာသည် ၀ဇ္ဇီတိုင်းသား ဒေ၀ဒတ်တပည့်တွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။
ဒုတိယသင်္ဂါယနာ
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်တရာလောက်ကြာချိန် သာသနာနှစ် တရာစုတွင် ၀ဇ္ဇီတိုင်းသား ရဟန်းတော် တွေ ၀ိနည်းတရားတော်တွေ ပြင်ဆင်ဖြည်စွက်လိုကြ၍ မဟာသံဃိကဂိုဏ်းအဖြစ်ခွဲထွက်ကြ၏ ထိုအခါ အရှင်မဟာ ယဿ ဦးဆောင်သော ရဟန္တာမထေရ်ကြီး ဦးဆောင်၍ ဘုရင်ကာလာသောကမင်း ဒကာပြုလုပ်ကာ ဝေသာလီပြည် ၀ါလုကာရုံ ကျောင်းတော်ကြီး၌ ဒုတိယသင်္ဂါယနာတင်ခဲ့၏။
ပထမသင်္ဂါယနာတင်ခဲ့သော မထေရ်ကြီးတွေ၏ အစဉ်အလာတိုင်း ဘုရားဒေသနာတော်ကို နှုတ်ပယ်ဖြည့်စွက် ပြင် ဆင်ခြင်း မပြုရန် ဒုတိယသင်္ဂါယနာတင်ခဲ့၏ ဤ၀ါဒကို မကြိုက်နှစ်သက်၍ ၀ိနည်းသိက္ခာပုဒ်ကို ပြင်ဆင်လိုသော ၀ဇ္ဇီ
Type your summary here.Type the rest of your post here.

No comments: