အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, June 24, 2011

အင်ဒိုနီးရှားခရီးစဉ်(၃၄)


မအောင်မြင်ခဲ့ချေ ကုဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တဦးတည်းပိုင် နိုင်ငံများအနက် အကျယ်ဝန်းဆုံး နိုင်ငံဖြစ်ခဲ့၏ အ ရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်တွင် ပင်လယ်နက်ထိ ကျယ်ဝန်းခဲ့၏။
မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့
ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ၏ နရသီဟပတေ့မင်းသည်
ရှင်ဒီသာပါမေက္ခ ရဟန်းတော်အား သ၀ဏ်လွှာနှင့် ပီကင်းမြို့ကုဗလိုင်ခန်ဘုရင်ထံသို့ စေလွှတ်စေ့စပ်ခဲ့ရကြောင်း မင်္ဂလာ
စေတီ ကျောက်စာတွင် ထင်ရှားရှိခဲ့၏ ကူဗလိုင်ခန်နေပြည်တော်ကို တယ်ဟူ (တိုင်ဟူ)ဟုခေါ်၏။
သာသနာသက္ကရာဇ် ၂၀၀၀-ခန့် ရာစုအားဖြင့် ၂၀-ရာစုတွင် ထိုင်းနိုင်ငံတွင် သီရိဓမ္မစက္က၀တ္တိတိလက ရာဇာဓိရာဇာ ဘုရင်ကြီးသည် ဇင်းမယ်မြို့တွင် သင်္ဂါယနာတင်ပွဲပြုလုပ်ခဲ့၏ ပဲခူး ဟံသာဝတီနေပြည်တော်တွင် ဓမ္မစေတီမင်းကြီးသည် ရဟန်းတော်လေးဆယ် ကို လင်္ကာဒီပ(သီဟိုဠ်)သို့လွှတ်၍ သိက္ခာအသစ်ယူ ရဟန်းခံစေ၏ လင်္ကာဒီပမှ ပြန်ကြွလာသော ရဟန်းသစ်များဖြင့် ပဲခူး ကလျှာဏီသိမ်ကြီးကို သမုတ်ကြ၏။
အောက်မြန်မာနိုင်ငံရှိ ရဟန်းတော်အားလုံးကို သိက္ခာချစေ၍ ထိုသိမ်၌ သိက္ခာအသစ်ယူ ရဟန်းခံစေ၏ သံဃာတော် များကို ပရိယတ္တိ ပဋိပတ္တိ လုပ်ငန်းနှစ်မျိုး၌သာ အားထုတ်စေ၍ ဗေဒင်ဟော ဆေးကု စိုက်ပျိုးရေး မွေးမြူရေး လုပ်သော ရဟန်းအားလုံးကို လူဝတ်လဲစေခြင်းဖြင့် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို ဆောင်ရွက်ခဲ့၏
မလ္လာယုကျွန်းဆွယ်နှင့် သုဝဏ္ဏဒီပခေါ် အင်ဒိုနီးရှားနိုင်ငံ၌ အာရပ်သင်္ဘောသား ကုန်သည်များရောက်လာ၍ အစ္စလမ်
သာသနာပြုကြ၏ ဆူမတြာကျွန်း ဂျားဗား စသောကျွန်းတို့တွင် မဟာယာနဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့သည် တဖြေး ဖြေးကွယ်ပြောက်လာကာ အစ္စလမ်ဘာသာဝင်တွေသာ ကြီးစိုးလာတော့၏။
သာသနာသက္ကရာဇ် ၂၁၀၀-ခန့် ရာစုအားဖြင့် ၂၁-ရာစုတွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလ္လာယုကျွန်းဆွယ်တို့တွင် ဗုဒ္ဓသာ သနာ ကွယ်ပြောက်ခဲ့၍ အစ္စလမ်သာသနာထွန်းကားလာ၏ အင်းဝနေပြည်တော်တွင် သိုဟံဘွားနန်းတက်၍ ဗုဒ္ဓဘာ သာ ရဟန်းတော် ၃၀၀၀-ခန့် သတ်ဖြတ်ခံရ၏ ဘုန်းကြီးကျောင်းတိုက်များ ပိဋကတော် ကျမ်းစာများကို မီးရှို့ဖျက်စီးခံရ၏။
သာသနာသက္ကရာဇ် ၂၂၀၀-ခန့် ရာစုအားဖြင့် ၂၂-ရာစုတွင် လင်္ကာဒီပခေါ် (သီဟိုဠ်)ကျွန်းတွင် ပထမရာဇသီဟ ဘုရင် သည် ဖခင်ကိုသတ်၍ နန်းတက်၏ ဟိန္ဒူအယူသို့ကူးပြောင်းပြီး ရဟန်းများကိုသတ်၍ ပိဋကကျမ်းဂန်တို့ကို မီးရှို့ဖျက်စီး၏ ထိုမင်းလက်ထက် လင်္ကာဒီပ ဗုဒ္ဓသာသနာ ငြိုးငယ်ခဲ့ရ၏ ထိုမင်းနန်းကျ၍ ၀ိမလဓမ္မသူရိယ မင်းလက်ထက်၌ ထိုင်းနှင့် ရခိုင်တို့မှ သံဃာတော်များကိုပင့်၍ ထေရ၀ါဒ ဗုဒ္ဓသာသနာကို ပြန်ဆက်ခဲ့ရ၏ မြန်မာနိုင်ငံ၌ ငဇင်ကာသည် သံလျှင်ကို အခြေပြု၍ ဘုရားစေတီ များဖျက်စီး၏ ဗုဒ္ဓဘာသာဝင်များကို ဗရင်ဂျီဘာသာသို့ သွတ်သွင်းခဲ့၏။
သာသနာသက္ကရာဇ် ၂၃၀၀-ခန့် ရာစုအားဖြင့် ၂၃-ရာစုတွင် တရုတ်ပြည် မန်ချုးမင်းဆက် ကန်ဆီဘုရင်သည် ရဟန်း တော်တပါးလျှင် တပည့်သာမဏေတပါးသာ ထားခွင့်ပြု၏ ဗုဒ္ဓသာသနာကို ချုပ်ချယ်လာသည့် သဘောဖြစ်၏ ကျောင်း တိုက်ကြီးတွေမှာသာရဟန်းခံခွင့်ပေးထား၏ တရုတ်ပြည်သာသနာငြိုးငယ်နေရချိန်ဖြစ်၏ မြန်မာပြည်တွင်လည်း တုံဂိုဏ်း
ရုံဂိုဏ်းများ ကွဲပြားနေချိန်ဖြစ်၏။
သာသနာသက္ကရာဇ် ၂၄၀၀-ခန့် ရာစုအားဖြင့် ၂၄-ရာစုတွင် လင်္ကာဒီပ (သီဟိုဠ်)ကျွန်းသည် အင်္ဂလိပ်လက်အောက် သို့ ကျရောက်ခဲ့၏ ဘိုးတော်မင်းတရားကြီးလက်ထက်တွင် လင်္ကာဒီပ (သီဟိုဠ်)ကျွန်းမှ ရဟန်းတော်များသည် အမရပူရ နေပြည်တော်သို့ ကြွရောက်လာ၍ သိက္ခာတင် ရဟန်းခံကြကုန်၏ လင်္ကာဒီပ (သီဟိုဠ်) သို့ပြန်ကြွ၍ အမရပူရဂိုဏ်းဟု သီးခြားထောင်ကာ ယ္ခုထက်တိုင်ရှိနေတာတွေ့မြင်ရ၏ ထိုင်းနိုင်ငံတွင် အယုဒ္ဓယမြို့ ပျက်စီးပြီးနောက် သင်္ဂါယနာတင်ပွဲကို တနှစ်ကြာ ပြုလုပ်ကျင်းပခဲ့၏။
ပဉ္စမသင်္ဂါယနာ
ကောဇာသက္ကရာဇ် ၁၂၃၃-ခု သာသနာသက္ကရာဇ် ၂၄၁၅-ခုနှစ်တွင် မြန်မာပြည် ရတနာပုံနေပြည်တော်ကို တည် ထောင်တော်မူခဲ့သော မင်းတုန်းမင်း ဘုရင်ကြီးသည် ဘုရားရှင် ဓမ္မစက်ကို ပေရွက်နှင့်မလျှော်ဟု ဆင်ခြင်ပြီး ထေရ၀ါဒ
Type your summary here.Type the rest of your post here.

No comments: